Breaking News

ဆိုင်းဗျူ - အစိမ်းရောင်ကမ္ဘာ



အစိမ်းရောင်ကမ္ဘာ
ဆိုင်းဗျူ 
(မိုးမခ) မေ ၂၂၊ ၂၀၂၄

ကြာလာရင် သဘာဝတရားဟာ 
ကျနော်တို့လူသားတွေကို အကြီးကြီးစိတ်ဆိုးတော့မယ်လို့ယုံကြည်နေတယ်။ 

သဘာဝတရားကြီးဆီက
ကျနော်တို့ထုတ်ယူသုံးစွာလိုက်တဲ့ 
မြေရှားဒြပ်စင်၊ သယံဇာတ ၊ သစ်၊ 
စတဲ့အရာတွဟာ 
လူသားတွေရှင်သန်နေထိုင် ဖို့အတွက်အရေးကြီးတယ်။ 

ထိုအရာတွေမရှိရင် သဘာဝတရားကြီးက 
စနစ်တစ်ခုလုံးပျက်စီးသွားမှာကို
အနာဂတ်မှာကြုံရလိမ့်မယ်။ 

ကချင်ဒဏ္ဍာရီပုံပြင်တွေ ရှိခဲ့တဲ့နေရာတွင်
 ပျောက်ကွယ်သွားရင် လွမ်းစရာကောင်းလှပါတယ်။ 

ကချင်တွေရဲ့သမိုင်းအမွေအနှစ်တည်ရှိတဲ့ 
နေရာတွေဟာလဲ သဘာဝနဲ့အတူ 
ပျောက်ကွယ်သွားရင်စိုးရိမ်စရာကောင်းလှပါတယ်။
 
အစိမ်းရောင် သစ်ပင်တွေ မျိုးတုန်းပြီးနောက်
ကမ္ဘာကြီးကအပူတွေ နိုးထလာခဲ့တယ်။ 

ကျနော်တို့လူသားတွေဟာ ဒါတွေကို 
ဂရုမစိုက်ခဲ့ပါဘူး မေ့ထားခဲ့ကြတယ်။ 

နောက်ဆုံးတော့လဲ လူသားတွေဟာ 
အပူဒဏ်ရာတွေနဲ့ အပူခရီးသည် ဖြစ်လာခဲ့တယ်။ 

သဘာဝကြီးက ပေးတဲ့လက်ဆောင်က 
လူသားတွေနဲ့ ဝေးရာဆီကို ထွက်သွားတော့မယ်တဲ့။ 

ရေနေ ငါးသတ္တဝါတွေလဲ 
ဝိုင်တွေသောက်တက်နေပြီတဲ့အရင်လိုအဟာရမရှိတဲ့ 
အစိမ်းရောင်အရွက်တွေမစားတော့ဘူးတဲ့။ 

ဖောက်ပြန်ပြောင်းလဲသွားတဲ့ ရာသီဥတု 
ဂေဟစနစ်တွေဟာ အနာဂတ်မှာ 
ကျနော်တို့ သားသမီးမြေးမြစ်တွေဆီ တိုက်ခိုက်ကြလိမ့်မယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက 
ကိုယ့်ဒေသကို ဖျက်စီးခဲ့ကြတာ နှစ်များကြာ။ 

ထိုရင်းနှီးမြုပ်နှံမှုတွေကို စောင့်ကြည့် 
ထိန်းကျောင်းဖို့ ပြည်သူတွေ မတက်နိုင်။

သဘာဝလောင်စာတွေကုန်ခမ်းသွားတဲ့တနေ့ 
ကျနော်တို့လူသားတွေအသက်ရှူဖို့ခက် ကုန်လိ့မ်မယ်။

သဘာဝကို ပျက်စီးစေမဲ့ အရာရာကို
လျှော့ချကြမယ်၊ ဂရုစိုက်ကြမယ်။ 

သဘာဝကို ချစ်မြတ်နိုးတက်ဖို့ 
သားသမီးတွေကို မျိုးစေ့ချခဲ့မယ်။ 

သဘာဝအတွက် 
ကျနော်တို့မှာအာဏာလဲမရှိ အစိုးရလဲမဲ့ဆိုတော့ 
ကျနော်တို့ လုပ်နိုင်တာ သစ်ပင်တွေစိုက်ဖို့နဲ့ အသိပညာပေးတာတွေပဲတက်နိုင်တော့တယ်။ 

နေက်နေ့ကစပြီး အစိမ်းရောင်ကမ္ဘာမြေဖြစ်ဖို့ 
ကျနော်တို့ ဖန်တီးကြမယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar