Breaking News

ခိုင်မျိုး -

Art by Than Htay Maung

ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) မေ ၁၂၊ ၂၀၂၄

ပူလောင်သောငရဲက
လူ့အရေပြားပေါ်တက်စွဲတဲ့
ရာသီပေါ့

ဥဩသံဟာသစ်ပင်ပေါ်က
ပျော်ကျလာတယ်
အဝေးမှာတောင်တန်း
မီးငွေ့လွင့်မီးခိုးသီထားပုံဟာအဆန်း
နာကျင်ဖွယ်အလွမ်းတွေဖြစ်ပေါ့

အနာဂတ်ရေ
အာဏာရှင်စနစ်ဆိုးကို
ရိုက်ချိုးမယ့်နေ့ယူဆောင်လာပါ
ထိုစနစ်ဆိုးဖျက်မယ့်
လူငယ်တို့ရဲ့အသက်
‌နွေဦးလေထက်
ဆန်တက်ပါ

မိန်ရာသီရဲ့သီချင်းအသစ်ဆိုတာ
လူ့အသက်တွေရင်းပြီး
မိစ္ဆာဝါဒကိုအမြစ်ဖြုတ်မယ့်
တေးတပုဒ်သာဖြစ်ရဲ့
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar