Breaking News

စိုးလူမောင် - ခေတ်သစ်မုန်တိုင်း လှိုင်းတွေ ....

ခေတ်သစ်မုန်တိုင်း လှိုင်းတွေ .... 
စိုးလူမောင် 
(မိုးမခ) မေ ၈၊ ၂၀၂၄

အဲဒီ 
 ည 
ကောင်းကင်စစ်စစ် ဖြန့်ကြဲပစ်လိုက်ကြ 
 တထစ်းပြီးတထစ်၊ တရစ်ပြီးတရစ် 
 ရက်စက်ခြင်းသင်္ကေတ 
 လူ့အခွင့်ရေးမြင်းပြိုင်တဲ့လား 
 မြိုင်မြိုင်ဆိုင်ဆိုင် မျှဝေနေလိုက်ကြတာများ ။ 

ဂါဇာကမ်းမြောင်ဟာ 
 ဘဏ္ဍာအရင်းရှင်ကြီးများလက်ချာနဲ့ 
 ပါလစ်စတိုင်းမြို့ပြတို့ 
 အခါခါပြိုကျ 
 ပြန်လည်နိုးထမလာနိုင်တော့တဲ့ ရှင်သန်ခြင်းတွေ .......။ 

ဒီလိုပါပဲ မလုပ်ရဲတာဘာမှမရှိ 
 စစ်မိစ္ဆာ ခရိုနီသူခိုး 
 ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဒို့အရေး နဲ့ 
 ထန်တလန်၊ ပဇီကြီး အနန့်ပါ၊
စစ်ကိုင်းရွာမြေအနှံ့ မီးခိုးနှံ့လွမ်းခြုံ 
 ပြာပုံတို့တလူလူ ......။ 

ပဲခူးရိုးမ ဟိုဘက်ကျော ဒီဘက်ကျော 
 ရိုးပြတ်တောကတောက်ခေါက်သံများ 
 မြို့ပြကျေးလက်ဖြန့်ကြက်ခဲ့ 
 အဖိနိပ်ခံလက်တို့ ကျစ်ကျစ်ဆုပ် 
 မရှိရာမှ ရှိရာ၊ချီတက်ထိုးနှက် 
 ရန်သူ့လက်နက် ဒို့လက်နက်တွေ ...။ 

ခြောက်သွေ့မသွားသေးတဲ့ 
 သွေးအိမ်ထဲ 
 ခါးသီးဒဏ်ရများ၊
နင့်နင့်ပိုးပိုး ဆုပ်ကိုင် 
 ယိုင်နဲ့မသွားတဲ့ ဇွဲနဘဲ 
 ကိုကြည်ခိုင် ရေ 
 ခင်ဗျားရဲ့တချိန်ဆီက 
 " ပြည်သူ့မုန်တိုင်း " လှိုင်း တွေ ...........။ ။ 
      
                          
* ၁၉၇၆/၇၇ ကာလများဆီမှလူငယ်ကြည်ခိုင် (ပြည်သူ့မုန်တိုင်းအငြိမ့်)၏ "ရိုးပြတ်တောမှ တောက်ခေါက်သံ" ပြဇတ်ကိုအမှတ်မှတ်ရရဖြင့်  !!!
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar