ကျားဖြန့်ဆိုတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ အကွက်တချို့
ကျားဖြန့်ဆိုတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ အကွက်တချို့
နိုင်ငံတကာသာဂိ၊ မေ ၂၈၊ ၂၀၂၄မြန်မာတွေကိုယ်တိုင်လည်း တရုတ်ဘာသာအခေါ် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ လက်ချက်တွေ မိကုန်တယ် ပြောပါတယ်။ အဲသည်အတွက် စာလေး ဘာလေး ထပ်ရေးဖို့သင့်တယ်လို့ အကြံပေးတယ်။ မြန်မာထဲက အမေရိကန်ကော မြန်မာပြည်မှာပါ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြောင့် ဒေါ်လာ သိန်းချီ ဆုံးရှုံးကုန်ကြပါတယ်။ ပြီးတော့ မြန်မာလူငယ်တွေ အမျိုးသား အမျိုးသမီးတွေလည်း ကျားဖြန့်ဂိုဏ်းတွေဆီသွားပြီး ၆ လ ၁ နှစ် အထက် သွားပြီး အလုပ်လုပ်ခဲ့ကြဖူးတယ်လို့ ပြောကြပါတယ်။ တချို့ကတော့ ကိုယ်ရောစိတ်ပါ ထိခိုက်ကြပြီး တချို့ကတေ့ာ အလိမ္မာသုံးပြီး ရုန်းထွက်နိုင်ကြတယ် ပြောပါတယ်။
အခု ရေးမှာကတော့ အမေရိကန်သတင်းဌာနတွေထဲက အဖြစ်အပျက်တွေကို ကိုးကားပြီး ရေးပါမယ်။ ပြည်တွင်း ပြည်ပမှာ အလိမ်ခံရတဲ့ မြန်မာအချို့တွေလည်း သည်လိုမျိုး ကြုံကြတာမျိုး ဆင်တူလို့ပါ။ ကိုလိုရာဒိုက မြို့ငယ်လေးမှာ နေတဲ့ တကိုယ်ရေ အသက် ၄၀ ကျော် အမျိုးသမီးတဦး အတွေ့အကြုံ ဆိုကြပါစို့။ တယ်လီဖုံး၊ ဆိုရှယ်မီဒီယာ၊ Dating website သို့မဟုတ် မတော်တဆဟန်ဆောင်ပြီး လူမှားဆက်သွယ်မှုတွေနဲ့ အွန်လိုင်း မိတ်ဆွေတဦးနဲ့ ဆုံကြတယ်။ အလွန်ရင်းနှီးသွားကြတယ်။ အွန်လိုင်းမိတ်ဆွေက ခရစိတိုငွေကြေးနဲ့ အွန်လိုင်းစတော့ ရှယ်ယာ ငွေကြေးရောင်းဝယ်တဲ့ မိုဘိုင်းအက်ပ်တွေနဲ့ မိတ်ဆက်ပေးပါတယ်။
![]() |
(မက်လုံးတွေ သည်လိုပေးတတ်တယ်) |
တရုတ်တွေ ရုရှားတွေ အာဖရိကားတွေ တောင်အမေရိကားနိုင်ငံတွေက လောင်းကစားရုံတွေ ဟိုတယ်တွေဆီ သွေးဆောင်ဖြားယောင်းခံရတဲ့ နိုင်ငံခြားသား အလုပ်သမားလူငယ် ကျားမတွေဟာ ကျားဖြန့်ဂိုဏ်းတွေ၏ နည်းပညာ၊ စိတ်ပညာပိုင်ဆိုင်ရာ၊ အွန်လိုင်းဆိုင်ရာ၊ လိမ်လည်လှည့်ဖြားခြင်း ဆိုင်ရာ သင်တန်းတွေ ပို့ချခံရပါတယ်။ တနေ့ကို ၁၂ နာရီအထက် အွန်လိုင်းကနေ သားကောင်ရှာပြီး အယုံသွင်းရပါတယ်။ ရလာတဲ့ကျားမတွေကို ချစ် ခင်ကြင်နာ အယုံသွင်းကြရပါတယ်။ လင်မယား သမီးရည်းစား ညီအကို မောင်နှမ ညီအမ လိင်တူလိင်ကွဲသံယောဇဉ်နည်းမျိူးစုံနဲ့ ချည်းကပ် ချည်နှောင်ကြတာ ဖြစ်ပါတယ်။ ပြီးရင်တော့ သူတို့ ဖန်တီးထားနဲ့ နည်းပညာကွန်ယက်ထဲကို ကျုံးသွင်းပြီး သူတို့ဘဏ်ထဲကို ငွေတွေ သွင်းခိုင်းပါတယ်။ ပြီးတော့ သူတို့ အက်ပ်တွေထဲမှာ ငွေကြေးအတုအယောင် စတော့ရှယ်ယာ အတုအယောင်တွေ လုပ်ကြံဖန်တီးပြီး ရောင်းဝယ် စျေးကစား အမြတ်တွေ ပေး မက်လုံးပေးပြီး အလိမ်အညာမှော်ရုံတောထဲ ဆွဲချလိုက်တော့တာပါပဲ။
အဲသည်လိုနဲ့ ကိုလိုရာဒိုပြည်နယ် မြို့ငယ်လေးက အမျိုးသမီးဟာ အွန်လိုင်းမိတ်ဆွေကို ယုံကြည်ပြီး သူတို့လုပ်ကြံပေးထားတဲ့ အွန်လိုင်းထရိတ်ဒင်းပလက်ဖောင်းကနေ ငွေကြေးတွေ မြုတ်နှံခဲ့တာ ဒေါ်လာ သိန်းချီလာခဲ့ပါတယ်။ သူမ၏ ဘဏ်ကနေ သူတို့ပြောတဲ့ ဘဏ်ထဲ ငွေထည့်၊ ထည့်ပြီးတာနဲ့ သူမ၏ အက်ပ် ထဲ ငွေဝင်လာ၊ သည်ငွေထဲ အွန်လိုင်း ရောင်းဝယ်လုပ်၊ အမြတ်တွေ ထွက်။ တနေ့မှာ သူမက အွန်လိုင်းကနေ ငွေပြန်ထုတ်ချင်တယ်လို့ ပြောတဲ့အချိန်ကစပြီး အလိမ်ဇာတ်ကြီး ဗူးပေါ်ရတော့တာပါပဲ။ အွန်လိုင်းငွေလိမ်ဂိုဏ်းက ငွေထုတ်မပေးဘဲ အပျောက်ရိုက်သွားပါတော့တယ်။ ခေါ်မကြား အော်မကြား ဖြစ်တော့မှပဲ သူမလည်း ငွေလိမ်ခံရမှန်းသိပါတယ်။
သည်လိုနည်းနဲ့ အလိမ်ခံရသူပေါင်းများစွာအကြောင်းကို သတင်းဌာနတွေက စုံစမ်း သတင်းပို့ပေးကြပါတယ်။ အခုချိန်ထိလည်း အမေရိကန်ပြည်ကနေ မြန်မာပြည်အထိ နည်းမျိုးစုံနဲ့ အွန်လိုင်း အလိမ်မိနေကြသူတွေ အများကြီးပါပဲ။ ဆက်ပြီး လိမ်ညာနေတုန်းပဲ။ အပေါ်က ဇာတ်လမ်းမျိုးမဟုတ်ဘဲ နည်းမျိုးစုံနဲ့ ဇာတ်လမ်းပေါင်းစုံနဲ့ ကျားဖြန့်တွေ သောင်းကျန်းနေတုန်းပါ။ ဒါကြောင့် တရုတ်ပြည်က သူတို့ဆီက ကျားဖြန့်တွေကို အစွမ်းကုန် လိုက်နှိမ်နင်းတာပါ။ အမေရိကန်မှာလည်း လိုက်လံ ချေမှုန်းနေကြတာ ဖြစ်ပါတယ်။

(အက်ပ်မျိုးစုံတွေ) |
ဒီဂျစ်တယ်ငွေကြေးကွန်ယက်မှာ ဘလောက်ချိန်းစနစ်ဆိုတာတွေကိုပါ လိုရာဆွဲ အသုံးချပြီး လုပ်ကြံစတော့မားကက်တွေ အတုအယောင် ခရစ်တိုတွေလုပ်ပြီး လူတွေကို လှည့်စားပါတယ်။ နည်းပညာနဲ့ အွန်လိုင်းစျေးကွက် ဗဟုသုတဆီုတာကလည်း ပင်လယ်လို အပြောကျယ်တော့ ဘယ်သူကမှ ထောက်စမ်း မမိကြတော့ ဟုတ်နိုးနိုးနဲ့ ဒုက္ခပင်လယ်ဝေကြရတယ်လို့သာ ဆိုလိုက်ချင်ပါတော့တယ်။
အခုနွေဦးတော်လှန်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံဘဏ္ဍာဝန်ကြီးဌာနကနေ NUG Pay တို့ နွေဦးဘဏ SDB App တို့တွေ မိတ်ဆက်ပြီး တော်လှန်တဲ့ ငွေကြေး လဲလှယ်ရောင်းဝယ်ရေးစနစ်ကြီးတခု ထူထောင်လိုက်ပါတယ်။ တော်လှန်ပြည်သူတွေကလည်း လိုက်ပါဆောင်ရွက် အားပေးဝန်းယံနေကြပါတယ်။ အဲသည်ကနေ ခရစ်တိုလို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ရောင်းဝယ်ဖောက်ကားခြင်းတွေ တဆင့်ပြီးတဆင့် ဖွံ့ဖြိုးတိုး တက်လာမယ် မျော်လင့်ပါတယ်။ အဲသည်မှာလည်း မိမိတို့တော်လှန်ပြည်သူတွေကြားမှာ ယုံကြည်စိတ်ချရတဲ့ ပွင့်လင်းမြင်သာတဲ့ငွေကြေးရောင်းဝယ်လဲလှယ် စုဆောင်း သိမ်းဆည်းဖောက်ကားတဲ့ ကျောရိုးစနစ်နဲ့ ဆက်ဆံရေးကို အာမခံချက်ရှိရှိ ဆက်လက်တည်ဆောက်ကြဖို့ အားလုံးမှာ အသိပညာ ဆင်ခြင်ဉာဏ် နဲ့ ဆက်သွားဖို့ လက်တို့လိုက်ပါတယ် ခင်ဗျား။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar