Breaking News

မင်းငြိမ်းအေး - ပျော်စရာ အနည်းငယ်

Art by Than Htay Maung

ပျော်စရာ အနည်းငယ်
မင်းငြိမ်းအေး
(မိုးမခ) ဇွန် ၄၊ ၂၀၂၄

ဘုရားကျောင်းထဲက
ထွက်ပြေးလာတဲ့၊လူနှစ်ယောက်
ခြေထောက်တွေမှာ
အမြစ်တဖွားဖွား
မယုံကြည်ပဲကုတ်တွယ်ထားတဲ့
ပြင်ဆင်လို့မရတဲ့အလိုတော်
သီချင်းတွေမှာအသံမရှိ
သူ့လက်ကလေးမှာတားမြစ်ပင်ကအရွက်လေး၊ထွက်လာကာစ
လေဖြူဖြူလေးလျောတိုက်ဝင်လာတော့
သူ့ပါးတစ်ဖက်အငွေ့အသက်ရဲ့
သွေးဆောင်ရာဆီ
နဖူးလေးကိုပုတ်ပြီး
စိတ်၏ဆင်းရဲခြင်းမှန်သမျှ
အသက်တာထဲထိကူးယူခဲ့ပြီးနောက်
တစ်ယောက်တစ်နေရာဆီ
အမြစ်စွဲကျန်ခဲ့ကြ
လေထဲမှာ
သူ့ရနံ့လေးရတိုင်း
ပျော်စရာအချိန်အနည်းငယ်လေးကို
မမေ့နိုင်အောင်၊မေ့ပါရစေ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar