Breaking News

မိုးသက်ငြိမ်ဦး - ခေတ်ကြီးထဲက ခင်လေး

Art by Aung Htet

ခေတ်ကြီးထဲက ခင်လေး
မိုးသက်ငြိမ်ဦး
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၄

စစ်ကြီးပြီးသွားရင် ဘယ်လိုမျက်နှာပြမလဲဆိုတော့
စစ်ကြီပြီးသွားရင် အပျက်အစီးတွေပဲကျန်ခဲ့မှာ
စစ်ကြီးပြီးသွားရင် အချစ်ကြီးသူတွေကကုန်ပြီ တဲ့။

တစ်နာရီသုံးထောင်(အသံပါ)
တစ်နာရီခြောက်ထောင် တစ်ကိုယ်လုံးချွတ်ပြ
တစ်နာရီရှစ်ထောင်(အရည်ထွက်တဲ့အထိ)
 ပြီးသည်အထိ sex chat ပေးနေတယ်..ဆိုတဲ့
ခေတ်ကြီးထဲက ခင်လေး ။

ပြန်စရာအိမ်မှမရှိတာ
အကုန်လောင်ကျွမ်းပြာကျသွားပြီ
ကြိုမယ့်မိသားစုမှမရှိတာ
အကုန်အသတ်ခံလိုက်ရပြီ
တွယ်စရာကြိုးမှမရှိတာ
အကုန်ပြတ်တောက်ကျိုးပဲ့သွားပြီ ။

ဘဝဆိုတာ
ငါ့အတွက်တော့ စပ ပဲ
စပ ဆိုတာ စောက်ပေါကိုပြောတာလို့သိထားရင်
အဲ့ဒီ အသိအတိုင်းပဲထားလိုက် ...တဲ့ ။

နိုင်ငံရေးလဲနားမလည်ဘူး
စစ်ရေးလဲမသိချင်ဘူး
ဘဝအရေးဖြေရှင်းနေရတာနဲ့
သရောကြီးခိုင်းတဲ့ ခေတ်ကြီးထဲမှာ
ရည်ရွယ်မထားဘဲ
ပျော်ပျော်ကြီ ဖာဖြစ်ခဲ့ ။

ဖာဖြစ်နေတဲ့ခင်လေးဟာ
ဘယ်သူ့စည်းစိမ်ကိုမှ
ရာထူးနေရာအတွက်မခြိမ်းခြောက်ခဲ့ ။

ဖာဖြစ်နေတဲ့ခင်လေးဟာ
ဘယ်သူ့အသက်ကိုမှ
လက်နက်အားကိုးပြီးအနိုင်မကျင့်ခဲ့ ။

ဖာဖြစ်နေတဲ့ခင်လေးဟာ
ဘယ်သူ့အိုးအိမ်ကိုမှ
အင်အားသုံးပြီးမဖျက်ဆီးခဲ့ ။

ဖာဖြစ်နေတဲ့ခင်ခလးဟာ
ဘယ်သူ့အနာဂတ်ကိုမှ
အာဏာရူးပြီးမယုတ်မာခဲ့ ။

ခေတ်ကြီးထဲမှာ ခင်လေးရှိတယ်
ခင်လေးလောက်မှ 
အဆင့်မရှိသူယောကျ်ားရင့်မာကြီးတွေဟာလဲ
ဟော့ဒီခေတ်ကြီးထဲမှာ 
အမှန်တကယ်ကိုရှိနေကြပါတယ် ။ ။

11.6.2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar