Breaking News

စောဝေ - တရားနဲ့ အမေ လူတိုင်း တ, ပြီလေ

စောဝေ - တရားနဲ့ အမေ လူတိုင်း တ, ပြီလေ

(မိုးမခ) ဇွန် ၁၄ ၊ ၂၀၂၄

ကမ္ဘာကြီးပေါ်

ရှင်သန်နေထိုင်တဲ့

သားတို့ သမီးတို့ခမျာ

ကိုယ့်တိုင်းပြည်ကို

ဘားမားလို့ ပြောလည်း မသိကြ

မြန်မာလို ပြောလို့လည်း မသိကြ

ဘာလူမျိုးလို့ပြောပြော မသိကြ

မသိကြ... မသိကြ... မသိကြ...

ဂူဂယ်အပ်က ကမ္ဘာ့မြေပုံပြပြီး

လက်ထောက်ပြလည်း မသိကြ

အမေ့နာမည် ပြောလိုက်တယ်

သိသွားကြတဲ့ သူ့နာမည်

အမေ ဒေါ်အောင်ဆန်းစုကြည်။


တရားကို ထောင်ချလို့

မတရားက အလံလွှင့်မယ် စိတ်ကူး။

မိစ္ဆာအရူးတွေက

သင်္ကန်းဝတ် အတ္တကြီးသူတွေနဲ့

ထင်တိုင်း - ခိုး - ဆိုး - သတ်

လူထုကို အညွန့်တုံးအောင် လုပ်နေ

စစ်မိစ္ဆာတွေသာ အမြစ်ပုပ်

ခိုးဇာတ်ထုပ်တွေပေါ်

အကျဉ်း အမှောင်ထဲက အလင်း

ကမ္ဘာမှာ ထိန်ညီးပေါ့

သူမနာမည်

အမေ ဒေါ်အောင်ဆန်းစုကြည်။


နိုင်ခဲ့တဲ့ နှစ်ကျပ်ကွက်နဲ့

စစ်အာဏာမက်သူတွေက

တထွာ တမိုက် အရူးစိတ်နဲ့

ရလေမလား နိုင်ငံအာဏာ

ဖက်ဒရယ် ဒီမိုကရေစီဝါဒနဲ့

ဇီတွေက

အသေခံတိုက်ပွဲဝင် ပုံဖော်

ဂန္ထဝင်တွင်မယ့် သားသမီးတို့ရဲ့ အမေ

သူမနာမည်

အမေ ဒေါ်အောင်ဆန်းစုကြည်


ကမ္ဘာကြီးဟာ

၂၃ ၁/၂ ဒီဂရီ လည်ပတ်ဖို့

ဓာတ်ကြီးလေးပါး လိုပါတယ်

စကြဝဠာကြီး အနာကင်းဖို့လည်း

လူတွေ လိုပါတယ်

လူသားတွေ ဖြစ်လာဖို့

အမေတွေ လိုပါတယ်

 ကမ္ဘာကြီးရဲ့အမေ

လှောင်အိမ်ထဲက အမေ

ကျန်းမာ လွတ်မြောက်ပါစေ

အမေနဲ့အတူ

ဝမ်းသာ လွတ်မြောက်ကြပါစေ

အားလုံးရဲ့ အမေ

သူမနာမည် သိကြစေ

ဒေါ်အောင်ဆန်းစုကြည် အမေ

ဒေါ်အောင်ဆန်းစုကြည် အမေ

ဒေါ်အောင်ဆန်းစုကြည် အမေ

ကျန်းမာ လွတ်မြောက်ပါစေ။

များစွာဖြင့်

စောဝေ

၇၉ နှစ်မြောက်

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar