Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သူငယ်မရပြိတ္တာ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သူငယ်မရပြိတ္တာ

(မိုးမခ) ဇွန် ၁၆ ၊ ၂၀၂၄

ဘုန်းကြီးနဲ့ ဘီး ဆိုသလို အိမ်သာ တက်ဖြတ်ထားတဲ့ ကောင်က ဝမ်းနုတ်ဆေးစားသတဲ့၊ အဲ ဒစ်ဂျစ်တယ်ငွေကြေး သုံးခိုင်းသတဲ့။

ငပုဆိုတဲ့အတိုင်း လူစဉ်မမီတဲ့အရာမှာတော့ ဘယ်သူ့မှ အထာမထားဘူး။ 

ပုဂ္ဂလိကအလုပ်ရှင်တွေက ကိုယ့်ဝန်ထမ်းကို လစာတိုးပေးပါတယ်ဆို နိုင်ငံတော်အကြည်ညိုပျက်စေမှုရယ်လို့ဖြစ်ရသေး။ ဒါကြည့်ရင် ငပုက သူ့မိသားစုအတွက် အသက် အလကားပေးနေတဲ့ကောင်တွေကို ဒါ ထင်တယ် လုပ်တာပါဘဲ။ မင်းတို့ လစာတိုးရဘို့များ မမျှော်မှန်းနဲ့။ မင်းတို့မိန်းမတွေ မုဆိုးမ မဖြစ်အောင်သာ ရော်ရမ်းကြိုးစား။ မင်းတို့သားသမီးတွေ ဖတဆိုး မဖြစ်အောင်သာမ‌ထော်မနန်းတွေလုပ်လို့ လှမ်းပြောထာ။ အေးလေ လစာတိုးဖို့ထား၊ ရှိပြီးသား လစာတောင် ထုတ်မပေးဘဲ အပျောက်စာရင်းပြလိုက်၊ ထွက်ပြေးစာရင်း တင်လိုက်နဲ့ ကင်နေကြတာဘဲဟာ။ အောက်က တပ်မှူးတွေကလည်း တပ်ချုပ်‌ ဖနောင့်နင်းလိုက်ကြတာဘဲလေ။ ဖင်ရာရှိ အဆက်ဆက်ဆီက မှီဝဲဆည်းကပ်နည်းယူပုံတခု။ 

ဘာတဲ့ VPN ခံတာလဲ ပြစ်မှုပဲတဲ့။ VPN ပါရင် တသိန်း၊ နှစ်သိန်း၊ သုံး လေး ငါးသိန်းဒဏ် ခံနိုင်ရင်ခံ၊ ငွေမဆောင်ရင် ထောင်တနှစ်၊ ထောင်အကျမခံနိုင် စစ်မှုထမ်းဆိုပဲ။ ငပုတို့အကွက်က ပွေးကွက်ချည်းဆိုသလိုဘဲနော်။ ကိုယ့်ဖုန်းထဲ ကိုယ့်ဘာသာ ဘာထည့်ထည့်ပေါ့။ အဲဒါ စောက်ပု စောက်လုပ်မဟုတ်ဘူးလေ။ အမယ် မသိရင် နည်းပညာတွေက သူပဲ ထွင်ထားတာလိုလို။ ဆော့ဝဲလ်တွေက ဦးပိုင်ကပဲ ရေးထားသယောင်ယောင်။ အေးလေ သူ့တို့အကောင့်တွေ အငြောင့်ခံရတော့လဲ ဂျေဝင်ရှာမပေါ့။ အကောင့်တင်မက ပလေးစတိုး တင်ထားတဲ့ သူတို့အပလီကေးရှင်း "ငါ့ပတ်ကြား" တောင် ပလီခွင့်မပေး တရက်တည်း အပြီးပလေးမှတော့ ဂေးပြီပေါ့လေ။ ဥက္ကာမင်းလှိုင်ပဲ၊ ဂလောက်တော့ရှိမပေါ့။ 

အလှိုင်မက မျက်နှာလိုက်ချက်နော်၊ အမျိုးသမီးစစ်မှုထမ်း စခေါပြီတဲ့။ သူတို့ရဲ့ များတို့ကျ မခေါ်ပုရယ်။ များတို့ကို မနာလိုတာ မဟုတ်ပါပူး။ ဘက်လိုက်တာ ပြော့ချင်လို့ဘာ။ များတို့ကံနဲ့ များတို့စံ‌တာ အနေသာကြီးဘာ။ 

နောက်ထပ် အလှိုင်မရဲ့ မျက်နှာလိုက်ချက်တခုက တယ်လီဂရမ်။ သူ့အပုန်းတွေ သုံးခွင့်ရနေသေးတဲ့ တခုတည်းသော ချန်နယ်။ အဲသာကျ မထိပူး။ ဖဘတို့ အင်စတာဂရမ်တို့ ဝပ်ဇပ်တို့ကျ မရ။ ပိတ်ဟာဆိုတာချည်း။ အင်းလေ ပြိတ္တာမျိုးဆိုတော့လဲ ပိတ်ဟာဘဲပေါ့။ ပြိတ္တာတောင် နောက်ဆို သူငယ်မရပြိတ္တာဖြစ်မှာ။ အစာရေစာ ငတ်တဲ့အပြင် ဟိုဟာပါ ငတ်အုံးမှာ။ ငပု ဘယ့်ဂလောက်ခံရခက်မလဲဆိုတာ စဉ်းစားသာကြည့်။ နှစ်တသန်းလောက် ဖျင်ယားမပျောက်မယ့်အဖြစ်။ 

သူ ပုတာကလည်း စုံတယ်။ ဉာဏ်ပုတာရော ဟန်ပုတာရောအပြင် မာန်ကလည်း ပုသေး၊ တရုတ်ဒူးပြေးဘက်လိုက်၊ အိန္ဒိယပေါင် ပြေးနမ်းလိုက်၊ ရုရှားဖမိုး ပြေးလျက်လိုက်၊ အမယ် အရှေ့အလယ်ပိုင်းတောင် လျှာဆန့်ချင်သေးတာရယ်။ 

စစ်သားခိုးသွင်း ခဲယမ်းတိတ်တိတ်လေးစု နည်းနည်းလေး ဂိုင်တောင့်လာတော့ တအာင်းကို ဖျင်ယမ်း‌လမ်းလျှောက်ပြ အဲလေ သွားဗုံးကြဲ။ အခု TNLA က ပြန်ဖြဲမယ်လည်းလုပ် ၁၀၂၇ ကြွေး ကြော်သံပါ ပြန်ထုတ် အဟုတ်ကြိတ်မယ် ဖြစ်လာတော့ တရုတ်ကို သတင်းပြေးပို့ မြို့ဝင်လမ်းတွေ ဘူဒိုဇာနဲ့လှန် ကြံမိကြံရာပေါ့လေ။ ဟိုနေ့က ကားနှစ်စီး လှူထားတာဟာ ရှမ်းမြောက်မှာ နှစ်ခါကားမယ်ဆိုတဲ့ နိမိတ်ဖြစ်လာတော့ ပြာဘီပေါ့။ 

တနေ့က သူ့ကောင်တွေရှေ့ ဟိန်း အဲလေ ဟောင်ပြသတဲ့၊ "မင်းတို့ မှတ်ထား၊ ငကြင်ပုမှာ အိပ်မက်တခု ရှိတယ်။ အဲဒါကတော့ တနေ့မှာ ရှမ်းမြောက်က ဆုံးရှုံးနယ်မြေတွေ ပြန်ရရမယ်" လို့လည်း ပြောရော အောက်ကကောင်တွေကလဲ ခေါင်းကို ဘယ်မှ ညာသို့ ဝိုက်ယမ်းရင်း မော့ပြီး "မအလ" လို့ သံပြိုင်အူကြသတဲ့။ အူကြောလည်းရှည် အသံကလည်းဖြိုင် ဟောင်နံ့ကြီးပါ လှိုင်လာတော့ ငကြင်ပုခမျာ ဖျင်ကြောတောင် စိမ့်သွားဆိုကဘဲ။

အင်း စိမ့်မှာပလေ။ 

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar