ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝဒေသက ULA/AA နဲ့ ဒေသခံ အဖွဲ့အစည်းတွေရဲ့ ပဋိပက္ခ
မြန်မာ့နွေဦးခရိုနီကယ်- ဇွန် ၁၀ မြင်ကွင်း
(မိုးမခ) ဇွန် ၁၁၊ ၂၀၂၄
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝဒေသက ULA/AA နဲ့ ဒေသခံ အဖွဲ့အစည်းတွေရဲ့ ပဋိပက္ခ
ချင်းပြည်နယ်ရဲ့ အနောက်တောင်ဘက် အစွန်ဆုံးဖြစ်တဲ့ ပလက်ဝမြို့နယ် တည်ရှိတဲ့ ဒေသက ဒေသခံတွေရဲ့ စိုးရိမ်မှု၊ ချင်းလူမျိုး အဖွဲ့အစည်းတွေက စတင်ထုတ်ဖေါ်ပြောဆိုလာတာတွေ စတင်ကြားသိလာကြရပြီး၊ အဆို့ပါ ဒေသကို လက်ရှိ ထိန်းချုပ်ထားတဲ့ ULA/AA တပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တချို့နဲ့ အတူ ပလက်ဝဒေသမှာ နေထိုင်ကြတဲ့ ခူမီး ချင်းမျိုးနွယ်စုအဖွဲ့အစည်း တခုက မကြာသေးခင် ရက်ပိုင်းက ထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။
အတိုကောက်အားဖြင့် GKO လို့ အမည်ပေးထားတဲ့ Global Khume Organization ကမ္ဘာလုံးဆိုင်ရာ ခူမီးအစည်းအရုံးက ထုတ်ပြန်ချက်မှာ ULA/AA တပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ စစ်သားစုဆောင်းခံရမှု၊ မူးယစ်ဆေးဝါး ရောင်းချမှုနဲ့ အိမ်နီးချင်းနိုင်ငံဘက်မှာရှိတဲ့ ရခိုင်လူမျိုးများကို ရွှေ့ပြောင်းအခြေစိုက်စေတဲ့ ကိစ္စရပ်တွေကို ရပ်တန့်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်က ၂၀၁၅ ခုနှစ် နောက်ပိုင်း ပလက်ဝဒေသကို ULA/AA ဝင်လာချိန်ကစတင်ပြီး ဖြစ်ပွားခဲ့တာလို့ဆိုထားပြီး လတ်တလောစစ်ဆင်ရေးတွေ နောက် ပိုင်း ပိုမိုဆိုးရွားလာတယ်လို့လည်း ပြောဆိုထားတာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်ရဲ့ နောက်ပိုင်းမှာ AA အဖွဲ့သို့ ပန်ကြားချက်၊ ပြည်တွင်းရှိ ချင်းလူမျိုးများ အားလုံးသို့ပန်ကြားချက်နဲ့ ကုလသမဂ္ဂတို့လို နိုင်ငံတကာအဖွဲ့အစည်းတွေကို ရည်ညွှန်းတဲ့ပန်ကြားချက်တွေ ပါရှိတာ ဖြစ်ပါတယ်။
အခုလို ထုတ်ပြန်ချက်ထုတ်ပြန်တဲ့အဖွဲ့အစည်းက ပြည်တွင်းမှာအခြေစိုက်တဲ့ အဖွဲ့အစည်းတော့မဟုတ်ပဲ နော်ဝေနိုင်ငံမှာအခြေစိုက်တယ်လို့ယူဆရတဲ့ ပြည်ပရောက် ခူမီးလူမျိုးစုတွေ ဖွဲ့စည်းတဲ့ အဖွဲ့အစည်း ဖြစ်လိမ့်မယ်လို့ယူဆစရာရှိပါတယ်။ ဘယ်သူဘယ်ဝါ နာမည်နဲ့တကွထည့်သွင်းမထားခြင်းက နာမည်နဲ့တကွထုတ်ဖေါ်ပြော ဆိုခဲ့ရင် ပလက်ဝဒေသမှာ နေထိုင်နေကြတဲ့ ၄င်းတို့ရဲ့ ဆွေမျိုးသားချင်းတွေ အန္တရာယ်ကျရောက်နိုင်ခြေရှိတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီအဖွဲ့အစည်းကို လူသိမများသော်လည်း အခုလိုထုတ်ပြန်ရတဲ့အကြောင်းရင်းခံက ရှိနေနှင့်ပြီးဖြစ်တယ်လို့ ပလက်ဝဒေသခံ ခူမီးမျိုးနွယ်စုတွေက ဆိုကြတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကုန်ပိုင်းက ရခိုင်ပြည်နယ်မှာ လက် နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေစဥ် အန်အယ်လ်ဒီလွှတ်တော် ကိုယ်စားလှယ်တဦးကို ကုလားတန် မြစ်ကြောင်းစီမံကိန်းက အိန္ဒိယနိုင်ငံသားတချို့နဲ့ အတူဖမ်းဆီးခဲ့ပြီး ၂ လကျော်ကြာ AA က ထိန်းသိမ်းခဲ့တဲ့အဖြစ်အပျက် ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ အဖြစ်အပျက်ဖြစ်ပွားစဥ်ကတော့ ဦးဝှေ့တင်းက အဲဒီအချိန်က အစိုးရဖြစ်တဲ့ အန်အယ်ဒီပါတီကို ကိုယ်စားပြုရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး AA ဘက်က တပ်နဲ့ အစိုးရဘက်ကဖမ်းဆီးထားတဲ့ ၄င်းတို့ရဲ့တပ်ဖွဲ့ဝင် ဆက်စပ်သူတွေကို ပြန်မလွှတ်မချင်း လွှတ်မပေးဘူးလို့ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ဖူးပြီး ၂ လခွဲအကြာမှာတော့ ချင်းလူမျိုးတွေနဲ့ AA တို့အကြား နားလည်မှုပိုမိုရှိလာဖို့ ရှေးရှုပြီး ပြန်လွှတ်ပေးတာလို့ ပြောဆိုခဲ့ဖူးပါတယ်။
ပလက်ဝဒေသရဲ့ လူမျိုးစုတွေက ခူမီးလူမျိုးစု အများစုနေထိုင်ကြပြီး ချင်းပြည်နယ်ရဲ့ အနောက်တောင်ဘက် အကျဆုံးဒေသ၊ အိန္ဒိယနဲ့ နယ်နိမိတ်ထိစပ်သလို ဘင်္ဂလားဒေ့ရှ်နဲ့လည်း နယ်နိမိတ်ထိစပ်တဲ့ ပထဝီသွင်ပြင်ရှိပြီး ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီးနောက်ကာလတွေမှာလည်း လမ်းပန်းဆက်သွယ်ရေး အရ ရခိုင်ပြည်နယ် ကျောက်တော်မြို့က တဆင့် ပြည်မနဲ့ ဖြစ်စေ၊ ချင်းပြည်နယ်နဲ့ ဖြစ်စေ ကူးလူးဆက်သွယ် ကြတဲ့ ဒေသဖြစ်ပါတယ်။ ချင်းလူမျိုး နဲ့ ချင်းပြည်နယ် ဖြစ်သော်လည်း ပထဝီလမ်းပန်းဆက်သွယ်ရေးအရ ရခိုင်ပြည်နယ်ရဲ့ လမ်း ပန်းဆက်သွယ်ရေးကိုအသုံးပြုပြီး ရခိုင်လူမျိုးတွေနဲ့လည်း နီးစပ်စွာဆက်ဆံနေထိုင်ကြလို့ ခူမီးလူမျိုးတွေက ရခိုင်စကားကိုလည်း ပြောဆိုနိုင်ကြတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
ကိုလိုနီ ခေတ်ကတည်းကစလို့ လွတ်လပ်ရေးရပြီးနောက်ကာလတွေမှာလည်း ပလက်ဝ ဒေသရဲ့ အုပ်ချုပ်ရေး ပညာရေး အစရှိတဲ့ ကိစ္စရပ်တွေက ရခိုင်ပြည်နယ်က တဆင့်သာ ဆက်သွယ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး အချို့သော ရခိုင်လူမျိုးတွေက ပလက်ဝဟာ ရေမြေအားဖြင့်ရော၊ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စတွေအားဖြင့်ပါ ရခိုင်လူမျိုးတွေ ပါဝင်ပတ်သက်နေတဲ့ ဒေသတခု အဖြစ် ရှုမြင်ကြတာလည်း ဖြစ်ပါတယ်။
AA အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ အစပြုဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်ကိုဝင်ရောက် အခြေ ချခဲ့ရာမှာ ပလက်ဝဒေသက တဆင့်အခြေချခဲ့တာ ဖြစ်ပါတယ်။ ပလက်ဝဒေသဟာ တောင်တန်းတွေထူထပ်တဲ့ ဒေသ၊ ရခိုင်ပြည်နယ်က တဆင့် ဘင်္ဂလားပင်လယ်အော်ထဲ စီးဝင်တဲ့ ကုလားတန်မြစ် နဘေးမှာ တည်ရှိပြီး အိန္ဒိယနိုင်ငံကလည်း ၄င်းရဲ့ ကုန်းတွင်းပိတ် ပြည်နယ်ရဲ့ ရေလမ်းအားဖြင့် ထွက်ပေါက် ကုန်ပစ္စည်းတွေ သယ်ယူနိုင်မယ့် ကုလားတန်စီမံကိန်းမှာ ပလက်ဝဒေက အရေးပါတဲ့ နေရာဒေသတခုလည်း ဖြစ်နေတာပါ။
ယခုနှစ်ဆန်းပိုင်း AA အနေနဲ့ ရခိုင်ပြည်နယ်မှာ နယ်မြေသိမ်း မြို့သိမ်းတိုက်ပွဲတွေ စတင်ခဲ့စဥ် ပလက်ဝ ဒေသက ဗျူဟာကုန်းတွေ၊ စခန်းတွေကို စတင်သိမ်းပိုက်ခဲ့ပြီး ပလက်ဝ၊ ကျောက်တော် စတဲ့ဒေသတွေကို ရှေးဦးစွာသိမ်းယူခဲ့တာဖြစ်ပါတယ်။
ဒီလိုစစ်ဆင်ရေးတွေ ၊ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြားမှာ ပလက်ဝ ဒေသခံတွေ အနေနဲ့ အချို့သော အမိန့်နဲ့စေခိုင်းတာ၊ အင်အားသုံးအုပ်ချုပ်တာ အပြစ်ပေးတာတွေအပေါ် မကျေနပ်ကြတဲ့အဖြစ်အပျက်တွေရှိနေခဲ့ကြတာဖြစ်ပြီး ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကိုတိုက်ခိုက်နေကြစဥ်မှာ ရခိုင်နဲ့ ခူမီးလူမျိုးစုတွေ အကြားက ပြဿနာကို လူသိရှင်ကြားထုတ်မပြောကြတဲ့အနေအထားတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ULA/AA ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနက် လျင်မြန်စွာကြီးထွားလာတဲ့အဖွဲ့တဖွဲ့ ဖြစ်သလို နယ်မြေသိမ်းယူနိုင်မှုမှာလည်း အမြန်ဆန်ဆုံးအနေအထားဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနက် စစ်အင်အားအကြီးဆုံး အဖွဲ့အဖြစ် အလျင်အမြန်ရောက်ရှိလာတဲ့ အဖွဲ့ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။
အဲဒီလိုနောက်ခံအခြေအနေတွေ လျင်မြန်စွာ ပြောင်းလဲနေတဲ့စစ်ရေးလှုပ်ရှားမှု အောင်မြင်မှုတွေနဲ့အတူ လက် နက်ကိုင်တပ်တွေအနေနဲ့ ဒေသခံလူထုတွေအပေါ်၊ အခြားသောလူမျိုးစုတွေအပေါ် အနိုင်ကျင့်တာ အာဏာအင်အားသုံး ပြုမူတာတွေ မဖြစ်ရအောင်စောင့်ထိန်းရမယ့် ဝတ္တရားရှိလာနေတာလည်း ဖြစ်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar