Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကြင်စိုး ကားပြီ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကြင်စိုး ကားပြီ

(မိုးမခ) ဇွန် ၁၁ ၊ ၂၀၂၄


ခွေးသူခိုးကတော့ အကြီးဆုံးပိုင်းတွေ မကားရအောင် ကားလှူ ဆိုတဲ့ ယတြာအတိုင်း သူတို့ထက်ကြီးတာ မရှိတော့တဲ့ မဟနဆတော်ကြီးတွေကို ကားလှူနေပေမယ့် မတရားယူထားတာတွေလဲဖြစ်၊ ယတြာပြောင်းပြန်လှန်လောက်အောင် ကျောင်းကန်တွေကလည်း ဖျက်းဆီး မီးတိုက်ထားတာမို့ ကားလှူနေပါတယ်ဆို သင်္ဘောနဲ့ကို အတင်းဒရောသောပါး ပြေးနေရပြီဆိုတော့ ကားယတြာလည်း ကားပါရောလား။ 

ပြေးပုံကလဲ ခွေးနုံရယ်လို့ မပြောရဘူး။ ကလေးတွေ အကုန်သတ်လိုက်သေသးတယ်။ ကလေးတွေဆိုလို့ ပြည်သူ့ကလေး ထင်မနေနဲ့၊ သူ့တပ်သားတွေရဲ့ ကလေး။ အဲဒါကို AA က ကယ်ပေးရတာ။ သူ့တပ်သား ပြောတာသာ ဖတ်ကြည့်။

ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်ခြားစောင့် (၄) နဲ့ နယ်ခြားစောင့် (၉) ရဲ့ လက်ရှိ ကျန်ရှိတပ်ဖွဲ့ဝင်တွေနဲ့ ဆုတ်ခွာတဲ့အချိန်မှာ ကမ်းထိုးနဲ့ဆိုတော့ စက်လှေနဲ့ ကဲ့ပေးမယ်လို့ မောရ၀တီဗျူဟာက ချိတ်ပေးလို့ တပ်ဖွဲ့ဝင်တွေ အကုန်လုံး။ တပ်မမှူး အမိန့်လည်း ရပြီတဲ့။ ကွပ်ကဲရေးမှူး အမိန့်လည်းရပြီဆိုတော့ ဆုတ်မယ်ပေါ့ ကျနော်တို့က။ သူတို့အရင် စက်လှေတစ်စီးနဲ့ ကမ်းထိုးကို အရင်သွားတယ်ဗျာ” 

"စစ်ကောင်စီ အရာရှိတွေ ကမ်းထိုးရေယာဉ်ဆီကို အရင်သွားပြီး စက်လှေတွေကို ပြန်လွှတ်ခဲ့တာ" လို့ ရှင်းပြတယ်။ 

"သူတို့ ရောက်တော့ စက်လှေ ပြန်လွှတ်ပြီး နောက်ကျန်တပ်ဖွဲ့ဝင်တွေ မိန်းမတွေ၊ သားသမီးတွေ၊ ကလေးတွေဗျာ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသူတွေ သွားပို့တဲ့အချိန်မှာ နှစ်စီးလုံးကို သေနတ်နဲ့ ပစ်လွှတ်တယ်တဲ့ဗျာ။ ကမ်းထိုးပေါ် အတက်မခံဘူးတဲ့။ အကပ်လည်း မခံဘူးတဲ့။ အဲဒါ ပြန်လှည့်လာတော့ ကမ်းခြေမှာ လှိုင်းတအားကြီးတော့ စက်လှေမှောက်တယ်ဗျာ။ ရဲမိန်းမနှစ်ယောက် ရှာမရဘူးဗျာ။ ကလေးနှစ်ယောက်ရော။ ဟိုမှာလည်း ကလေးနှစ်ယောက်က မွန်းပြီးမျောနေတယ်ဗျာ”ဟု စစ်ကောင်စီရဲဘော်က ရုပ်သံမှာ ပြောပြထားတယ်။

ဒါဟာ မအလစိတ်ဓာတ်နဲ့ မအလတပ်ဘဲလေ။ အင်း ခွေးစိတ်ဓာတ်နဲ့ ခွေးတပ်ပေါ့။

အဲဒါကြောင့် မင်းရဲ့ ကားယတြာလစ်ပြီ ပြောတာ။ 

ခုလဲ သရေကြိုးက ပြည်သူတွေက အကြမ်းဖက်လုပ်ရပ် လုပ်တယ်ပြောပြီး ဘယ်ပြည်သူမဆို သတ်လို့ရတယ်ဆိုတဲ့သဘော ပြောသွားတယ်။ ဒါဟာ လစ်မယ့်အရိပ်အယောင်ပဲလေ။ ပြည်သူတရပ်လုံးကို ရန်သူလို့ သတ်မှတ်၊ ရန်တိုက်ပေးပြီးပြီဆိုတော့ ဒါ သူ သင်္ဘောပေါ်ရောက်ပြီဆိုတဲ့အထာဘဲ။ ကျန်တဲ့ကောင်တွေ တက်မလာစေနဲ့၊ ပစ်သာချလိုက်။ သူတို့ဘာသာ တပြည်လုံးနဲ့ သတ်ရစ်လိမ့်မယ်၊ အဲဒီအချိန် ငါတို့ လစ်ရမယ် ဆိုတာပဲလေ။ 

ဒါက ပလ္လင်သူခိုး ငကြင်စိုးရဲ့ တကျပ်မတ်တင်းကွက်ပါ။ ကျပ်ပြည့်ဖို့ တမတ်လိုသေးတယ်။ အရှုပ်ချန် အထုပ်ပိုက်ပြီး ဒို့မိသားစုတော့ ဒို့းပဟေ့ဆိုပြီး အသာအယာလစ်သွားလို့ရမယ် ထင်ရင်တော့လား ငကြင်စိုးရယ်။ မင်းအတွက် သူခိုးပလ္လင် ကြိုးစင်ဆိုတာ အမျိုးမျိုး ပြင်ထားပြီးသား။ မင်းမှာက ရန်သူကလဲ တပ်တွင်း တပ်ပြင် နိုင်ငံတွင်း နိုင်ငံပြင် ဆိုသလို သိပ်ပေါမဟုတ်လား။ မင်းဆိုးဖျက်ထားတဲ့ တိုင်းပြည် မင်းခိုးဖွက်ထားတာနဲ့ ပြန်တည်ရမှာ ငကြင်စိုးရ။ 

မင်းလူတွေကလဲ အရောက်ပို့တယ်နော်၊ AA နဲ့ကို သင်္ဘောပေါ်တက်ပြေးနေရတဲ့ကြားထဲ မိုးမိတ်က TNLAတပ်ကို ဗုံးကြဲပြီး ဟိုင်ဂင်ကို ဖိုင်ကင်ပြန်ပြီ။ AA က ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ တရုတ်နဲ့ စကားပြောနေပါတယ်ရှိသေး။ တရုတ်ကြီးကိုပါ ဒါထင်တယ်လုပ်ပြပြီး မတ်စေ့ပါ ထည့်ပေးလိုက်ကြတာ။ 

အင်း ကားလှူတော့လဲ အကျိုးပေးကလဲ ကားရမှာပေါ့လကွယ်။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar