အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၄ )
တိုက်ပွဲဖြစ်ပွားတဲ့မြို့တွေမှာရှိတဲ့ ရဲစခန်းတွေမှာ သာသနာအလံလွှင့်ထူထား။ ဌာနဆိုင်ရာအကြီးအကဲများ စစ်တပ်ထဲ သွားအိပ်နေရ။ ရှမ်းမြောက်ခရိုင် မြို့ကြီးတွေမှာ ပစ္စည်တွေ သိမ်းထားဖို့ အထက်က ညွှန်ကြားထား။
မိုးကုတ်အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်။ အနောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ အသာစီးရ။ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေမှာ တိုက်ပွဲတွေဆက်ဖြစ်။ TNLA တပ်တွေရဲ့ နေရာကို MNDAA တပ်တွေ အစားဝင်နေရာယူနေတယ်လို့ အရပ်သတင်းတွေက ဆိုပါတယ်။
မိုးကုတ်က စစ်ရှောင်လာတဲ့ တူမလေးတစ်ယောက် ဇရပ်ကွင်းမှာ ပိတ်မိနေတယ်။ ရွာသားတွေက ထမင်းကျွေးထားလို့ တော်သေးတယ်။ ရွာက ပရဟိတအသင်းတွေ စစ်ရှောင်တွေကို ဧည့်ခံကျွေးမွေးကြတယ်။
ပြည်သူက ပြည်သူကို ကူညီကြလို့ တော်သေးတယ်။
အွန်လိုင်းဒစ်ဂျစ်တယ်ငွေကြေး သုံးစွဲဖို့ စစ်ကောင်စီ ကြိုးပမ်း။ အမှုထမ်းများရဲ့ လစာငွေကို ဒစ်ဂျစ်တယ်ငွေကြေးနဲ့ပေးဖို့ ကြိုးပမ်းနေ။ မီးပြတ်၊ အင်တာနက်ပြတ် ဘယ်လိုပေးမယ် မသိ။
ဆန်ကုန်သည်နဲ့ ဆန်စက်ပိုင်ရှင် ၁၁ ဦးကိုဖမ်း။
Orange စင်တာ ဒါရိုက်တာ ဂျပန်လူမျိုးကို ဖမ်းဆီး။ ဂျပန်က ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆို။ စီတီးမတ်၊ စိန်ဂေဟာ၊ orange၊ one mark က တာဝန်ရှိသူများကို ဆန်းဈေးမြှင့်တင်ရောင်းမှုနဲ့တရားစွဲ။ စစ်တပ်က ကုန်သည်တွေကို ငွေညှစ်ပြီး ပြန်လွှတ်မှာပါလို့ လူတွေက ပြောနေကြတယ်။
နာဇီတွေ စစ်ရှုံးနေချိန်မှာ လုပ်တဲ့ လုပ်ရပ်တွေနဲ့ အခု စစ်ကောင်စီ လုပ်ရပ်တွေဟာ အလွန်တူနေပါတယ်။
ကျွန်တော်တို့ ပြည်သူတွေ တယောက်ကို တစ်ယောက် ဖေးမကူညီရင်း မုန်တိုင်းကို ဖြတ်ကျော်ရမှာပါ။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar