Breaking News

မနအ - ရုပ်သေးကြိုး

Art by Aunt Htet

ရုပ်သေးကြိုး
မနအ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၄

သဲတစ်ပုံ ကျုံး
ရေတစ်ပုံး ခပ် 
ငါ ငြိမ်းသတ်နိုင်တယ်ဆိုတဲ့ အချိုးနဲ့
အဲဒီ မီးကို ပျိုးခဲ့တယ် 
ငါ ငြိမ်းသတ်နိုင်တယ်ဆိုတဲ့ ဂိုက်နဲ့
အဲ့ဒီ မီးကို မြှိုက်ခဲ့တယ် ။   

ငါ ငြိမ်းသတ်နိုင်တယ်ဆိုတဲ့ အတွေးနဲ့နဲ့ နဲ့
အဲ့ဒီ မီးကို မွေးခဲ့တယ် ။

မီးခိုးအူစ
ပြုံးစစ၊ ထီမထင်
ဘဝင်အညစ်နဲ့ ကျစ်တဲ့ကြိုး ကိုးစားတယ် ။   

မီးက ကူးစက် 
သဲ နဲ့ ပက်တော့
မသန့်တဲ့ လက်ထဲ
သဲက သစ်ဆွေးဖြစ်သွားတယ်

မီးက လောင်ကျွမ်း 
ရေ နဲ့ ဖျန်းတော့
ရေက ဆီထွေးဖြစ်သွားတယ် ။   ။   

၂၉ ဇူလိုင် ၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar