ကိုအောင်မှိုင်း - ဂျူလိုင် ဆုတောင်း
ဂျူလိုင် ဆုတောင်း
ကိုအောင်မှိုင်း
(မိုးမခ) ဇူလိုင် ၁၉ ၊ ၂၀၂၄
၁၉ ဂျူလိုင်
မမေ့နိုင်
လွမ်းရက်က ၇၇ နှစ်တိုင်။
ပန်းဆိုင်တွေကို
ပန်းတိုင်ရောက်အောင် တံတားထိုး
ခေတ်ဆိုးတွေကို ရိုက်ချိုး
ဪ
ကိုအောင်ဆန်းတို့
အဖြစ်ရယ်ဆိုးလှချည့်
လွမ်းတိုင်းကျတဲ့ မျက်ရည်။
ဖြေမဆည်
သွေဖည်မဖြစ်လေတော့
ကျလာတဲ့တာဝန်
ရောက်လာတဲ့ ရာဇဝင်
ခေတ်ဝန်ကိုထမ်း
ခေတ်လမ်းကိုလျှောက်
လူငယ်တွေခမျာ
ခေတ်သစ်ကို တည်ဆောက်ကြ။
ထမ်းကြ
လွမ်းကြ
မှန်းကြ
သွေးမျက်ရည်တွေကို
အောင်ပွဲတွေနဲ့ လဲနေကြ
လူငယ်တွေဘဝ
ရွှေအိုရောင် ည။
ခွေးလက်က အာဏာ
ပိုင်ရှင်ဆီပြန်အပ်ဘို့အရေး
သူတို့ပျော်နေကြ
ပေးဆပ်နေကြ
သူတို့ရင်မှာ
အောင်ဆန်းလမ်းစဥ်
အောင်ပါစေကြောင်း
အောင်စေကြောင်း
၇၇ နှစ်မြောက်
အာဇာနည်နေ့ ဆုတောင်း။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar