Breaking News

နွေဦး - ယသော်ဓရာ နဲ့ အတူ

Art by Than Htay Maung
ယသော်ဓရာ နဲ့ အတူ
နွေဦး
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၄

အပြင်မှာ မိုး က
 တစိမ့်စိမ့်ရွာနေတယ်
ရာသီဥတုက 
အေးတသိမ့်သိမ့် ရယ်
ဒါပေမဲ့ 
ရင်ထဲမှာ နွေလယ်ခေါင်
အပူ က
ဆယ်နွေ ကဲ 
ချောရည်ပူ မြစ်ထဲ
 လက်ပစ်ကူးရသလို 
အင်းအားကုန်ခမ်းလိုက်
ကိုယ့်ကိုယ်ကို မာန်ထည့်
အားသစ်လောင်းလိုက်နဲ့
စီုးထိတ် တိုးတိတ် ငိုမိတယ်
သစ္စာရှာဖို့ မြင်းစီးထွက်တဲ့
သူတို့ခရီး မျက်ရည်မိုးတွေရွာလို့

လွန်ခဲ့တဲ့ နှစ်ပေါင်း 
နှစ်ထောင်ငါးရာကျော် က
သိဒ္ဓတ္ထရင်ထဲ 
ငါ ဝင်ကြည့်ဖူးတယ်

သိဒ္ဓတ္ထက ငါ့ကို 
တိုးတိုးလေး ပြောတယ်
မြို့ရွာကျောင်းကန်တွေကို
အာဏာအတွက် 
သူ မီးမရှို့ချင်ဘူးတဲ့
ပြည်သူတွေရဲ့သွေးတွေနဲ့
ထုံမွှမ်းထားတဲ့ထီးနန်းကို
မစင်ထက် သူရွံရှာသတဲ့

ရာဟုလာကို 
ထွေးပွေ့ထားတဲ့
ယသော်ဓရာ့ရင်ထဲလည်း
ငါ ဝင်ကြည့်ဖူးတယ်
ယသော်ဓရာနဲ့အတူလည်း
ငါ ငိုကြွေးခဲ့ဖူးတယ်

ဖခင်ပျောက်ရှာတဲ့ 
ရာဟုလာလေးရဲ့ မျက်ဝန်းက
မျက်ရည်စကိုလည်း 
ငါ မကြည့်ဝံ့ခဲ့ဘူး
သူရဲကောင်းတွေရဲ့ဂုဏ်ကို 
ငါ့မျက်ရည်စ နဲ့
သေးသိမ်အောင် မပြုဝံ့ခဲ့ပါဘူး

ခေတ်သစ်ယသော်ဓရာတို့ရေ
ခေတ်သစ် ရာဟုလာလေးတို့ရေ
ခေတ်သစ် မဒီ ဒေဝီတို့ရေ
လင် ပျောက်
အဖ ပျောက်
အမေ ပျောက်
သား ပျောက် ‌
သမီး ပျောက်
ဖက်ဆစ်ခေတ်ကြီးကို
မျက်ရည်စ များနဲ့ 
မုန်းခွင့် နာခွင့် 
ခွင့်မလွှတ်ခွင့်
ပြုကြပါ

အခုတော့
မီးခိုးငွေ့တွေအူနေတဲ့
မြို့ရွာ အသိုက်အမြုံကြား
ငါတို့အားလုံးဟာ
ယသော်ဓရာနဲ့ အတူ
ရာဟုလာတို့နဲ့အတူပေါ့။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar