တိုးနှောင်မိုး - ညရေးပန်းချီကဗျာ
ညရေးပန်းချီကဗျာ
တိုးနှောင်မိုး
(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၄
ရေတွေဓားနဲ့ခုတ်
ပြန်ဆက်သွားခဲ့သလို
ညီလေး
မင်းမိသားစုလေးပျော်တာမြင်ချင်တယ်။
သံသရာကမဆုံးဘူး
မိသားစုကမဆုံးဘူး
အရိပ်တွေပြန်ဆက်တဲ့အခါ
မိသားစုကစံပယ်
နောင်နှစ်အထိ
တိမ်တွေပြန်ပေါင်းပါ့မလား။
ပြန်ဆုံစေချင်တဲ့တေးမှာ
အပြာရောင်လေးလည်းပါမယ်
အနီလည်းပါမယ်
အဖြူနဲ့ခရမ်းမပါလို့မဖြစ်
အစ်းတွေမများစေနဲ့
အဝါနည်းနည်းလျော့
မင်းဆိုနေကြပြည်တော်ဝင်ဟာ
နားထောင်လို့လှဦးမှာပေါ့။
အလံနဲ့စိတ်ဓာတ်ဟာ အတူတူပဲ
ပျားတွေအိမ်ပြန်လမ်းဟာ
ဒီညတေးနဲ့စိတ်ကူးပုံရိပ်
ပန်းခြံထဲမှာသပြေညိုတွေ
စိုနေလောက်ပါပြီ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar