Breaking News

ကိုအောင်မှိုင်း - နွေသီချင်း

နွေသီချင်း

ကိုအောင်မှိုင်း 

(မိုးမခ) ဩဂုတ် ၁ ၊ ၂၀၂၄

စစ်သတင်းတွေဟာ

အချစ်သီချင်းတွေ ဖြစ်လာခဲ့။


တချို့လည်း

အိမ်ပြန်ရောက်ကြ

တချို့လည်း

အိမ်နားနီးကြ

တချို့လည်း

အဝေးက မျှော်နေကြ။


သုံးနှစ်တာ တို့အရေး

စစ်ခွေးတွေ ပြေးသူကပြေး

အလံဖြူ ထောင်သူကထောင်

ခွေးဇာတ် တုံးသူကတုံး

နိဂုံးမလှတာ သိကြပေါ့။


လက်နက်ချရင်

မသတ်ဘူးဟေ့..........

အလံဖြူထောင်ကြ

ညီလေးတို့ လာကြ

အားလုံးကို တာဝန်ယူတယ်

ဗမာစကား မပြောတတ်တဲ့

ကိုအိုက်မွန်းတောင်

ဒီလိုစကားမျိုး

ရေရေလည်လည်

ပြေပြေလည်လည်

ပြောတတ်လာကြ။


ခွေးတပ်ဟောင်းတွေ

ဆောင်ပုဒ်သစ်ပြောင်း

သေချင်ရင် စိန်မစားနဲ့

အရင်က

ရှေ့တန်းကိုသွား.....

အခုက

လက်ဖက်ရည်ဆိုင်ကိုသွား....

နောက်ဆိုရင်

ကြိုးစင်ဆီကို သွားကြ။


စစ်ရှုံးနေတာ

အနာကြီးနဲ့လားတဲ့..

တိုက်တိုင်းရှုံး

တိုက်တိုင်းပြေး

တိုက်တိုင်းသေ

အကြားမရှိ

အဝီစိမှာတောင်

မြေနေရာခွဲတမ်းချနေရ။


သမ္မတရူးကို

လူထုနာမည်ပေး

မင်းခွေးချေးတဲ့

စပ်ကြောင်ကြောင်

မျက်နှာပေးတွက်

နွေတေးက ပြေး

ပြေးနိုင်မှလွတ်မယ် ဟေ့။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar