ရတနာပုံဆရာမှတ်ကြီး - ပြေးပေါက်သာလျက် အပြေးခက် လမ်းတွက်မဟုတ်ချေ
ရတနာပုံဆရာမှတ်ကြီး - ပြေးပေါက်သာလျက် အပြေးခက် လမ်းတွက်မဟုတ်ချေ
(မိုးမခ) ဩဂုတ် ၂ ၊ ၂၀၂၄
လူသတ်ဓားပြ မအလက မရဏရုံးကာလုံမှာ တညလုံး ဖာစုံခင်းထားရတဲ့ အခွက်နဲ့ ဘုရားလောင်းကျင့်စဉ်တွေ ကျင့်နေသလိုလို ဖောနေတုန်း ကိုတရုတ်ကြီးက မမနုကြည်နဲ့ ရေနွေးကြမ်းသောက်နေပြီ။
သူ့အကျိုးစီးပွားတွေ ဘယ်သူက မီးပွားခြွေပြီး ဘယ်သူက သမီးသားတွေလို ထိန်းသိမ်းကာကွယ်မယ်ဆိုတာ သူ သိတယ်လေ။ လာဘ်စားထားတဲ့ အငတ်နွားတွေနဲ့ မတရားချုပ်ထားတဲ့အချိုအချောင်စာချုပ်တွေ ပြင်ချုပ်ရမှာထက် လုံခြုံစိတ်ချ ရေရှည်လည်ပတ်ရဖို့က ပိုအရေးကြီးတယ်မဟုတ်လား။ မအလ ဆိုတဲ့ကောင်က ငွေကြေးခိုင်မာဖို့ အရေးကြီးတယ်ဆိုပြီး ငွေတောင် သံပြားနဲ့ထုတ်မယ့်ကောင်စားမှန်း သူတို့ သိတာပေါ့။
ခုလဲ ရှမ်းမြောက်စစ်ဌာနချုပ် မီးဖုတ်ခံရလို့ မျက်နှာချင်းမဆိုင်ရဲတာမို့ ဟိုင်ဂင်မတက်တာကို ဟိုင်ဂင်တွေ ဖိုင်ကင်တွေ စောက်ဂရုမစိုက်ဘူး၊ ကိုင်ချင်တာနဲ့ ကိုင်ချင်ရာကိုင်မယ်ဆိုပြီး လောက်ကိုင်ကို ဗုံးထိုင်ကြဲ တရုတ်ကြီးကို ရီးဖြဲပြကာ လားရှိုးက ဝရုံးပါ အုံးပြသွားသေးတော့ ဝတွေပါ ဝိမလုပ်နဲ့လို့ ပြောတာပေါ့လေ။ ဒါကလည်း ဘာရယ်မဟုတ်၊ သူ့ကောင်တွေ ကျေနပ်အောင်ဆိုပြီး စွန့်စားပြီးလုပ်ဟောင် ဟောင်တာ။ ခဏနေရင် သားမှားပြီအဖေရဲ့တွေ ဘာတွေ လာတော့မှာ။ ရုရှားလည်း အပြတ်အားကိုးလို့ မရဘူးလေ။ ယူကရိန်းနဲ့ အပူမငြိမ်းနိုင် သူ့ဟာသူ တိုင်ပတ်နေတဲ့ကောင် မဟုတ်လား။ တကယ်တော့ ငလှိုင်က ခေါသနီကစ ဘယ်သူ့မှ ကျေနပ်အောင်လုပ်မပေးနိုင်တော့ဘူးရယ်။ စစ်သာတိုက်ခိုင်းတာ၊ စစ်ကူမပေးနိုင်၊ စစ်ပြိုင်ဖို့ထား၊ စစ်မြှူဖို့များဝေး စစ်ရေးကလည်း ပစ်ပြေး၊ မဟုတ်ရင် အသက်မချ လက်နက်ချ။
စစ်သားတွေဟာ ရိက္ခာမပို့နိုင်တော့ ဓမြလုပ်။ ဓမြအဆင့်ဆိုတော့ EROတွေ PDF တွေက အသာလေး ခွေးလေး ကြက်လေး ငှက်လေး ချုပ်ရတာထက် မခက်။ COC ပျက်တော့ လက်နက်ချဖို့လည်း မခက်။ မင်းအောင်လှိုင် ပြန်ပြီး လှန်ပြဖို့လည်း မခက်။ မအလ ပါးစပ်ထဲ ဖြဲထည့်ဖို့လည်း မခက်။ နောက်ဆုံး ခေါသနီကို ဟောတချီဆိုလည်း မခက်တော့။ သူ့သမီး ခင်သီရိသက်မွန်ကို ဆက်ဖွန်ဘို့လည်း မခက်တော့။ ဘာဆိုဘာမှ မခက်တော့။
ခုတော့ လုပ်ငန်းရှင်တွေကလည်း NUG ကို ကူမှဆိုတာ သဘောပါပြီ။ ခရိုနီတွေကလည်း နုကြည်ကသာ ဒို့ကယ်မှာဖြစ်။ တရုတ်ကလည်း နုကြည်ပဲ ဆိုတာ ဆစ်ဂနယ်ပြ။ အမေရိက ဥရောပကလည်း ပြန်သုံးသပ် အဆုံးဖြတ်ပေးမှာက ပြည်သူ့ဆန္ဒ နုကြည်ဆန္ဒ ဆိုတာ လက်ခံ။ အာဆီယံကလည်း အညာသီယံနဲ့ တနိုင်ငံတည်း ဖြစ်တော့မှာ။
မအလရေ ပြေးလမ်းရှာထား။
တပ်မတော်သားတွေအဖို့လည်း ပြေးပေါက်သာလျက် အပြေးခက် လမ်းတွက် မဟုတ်ချေတကား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar