Breaking News

သျှင်မျိုးငယ် - အဟိံသတေး

Art by Aung Htet
အဟိံသတေး
 သျှင်မျိုးငယ်
(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၄

ဒီနွေဦးရဲ့
ဥဩငှက်ကလေးတေးသီသံ
ငါတို့ထံ ပျံ့လွင့်လာပါစေ
ငြိမ်းချမ်းစွာ
ငါ ကဗျာရွတ်ခဲ့တယ်။

ဒီနွေဦးရဲ့
ဖူးငုံသစ်စရွက်နုအလှတို့
ငါတို့ထံ စိမ်းလန်းသာယာပါစေ
ငြိမ်းချမ်းစွာ
ငါ ကဗျာရွတ်ခဲ့တယ်။

ဒီနွေဦးရဲ့
ပူပြင်းရှတနေရောင်ခြည်
ငါတို့ထံ အပူဒဏ်တွေပေးလည်း
ငြိမ်းချမ်းစွာ
ငါ ကဗျာရွတ်ခဲ့တယ်။

ဒီနွေဦးရဲ့
ဒီခွေးရူးတစ်ကောင်ဟောင်သံ
ငါတို့ကိုယ်တိုင် အဆုံးသတ်ပစ်လိုက္မယ်
ငြိမ်းချမ်းစွာ
ငါ ကဗျာရွတ်လိုက်တယ်။               ။
                                     
8.8.2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar