Breaking News

စိုးရိမ် - နေ့သစ်ကိုဖွင့်ဖတ်ပြီးတဲ့နောက်

နေ့သစ်ကိုဖွင့်ဖတ်ပြီးတဲ့နောက်
စိုးရိမ်
(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၄

ခေါက်ပြီးသိမ်းထားလိုက်စမ်းပါ
အစွန်းအထင်းတွေများလာတော့
လျှော်ရဖွပ်ရခက်လာတာပဲမဟုတ်လား

မနက်ခင်းသတင်းထဲမှာလဲ
ဘယ်လိုမှသာယာတည်ငြိမ်မှုမရှိတဲ့
စကားလုံးတွေ

ပြိုကျ ပျက်ကျသွားတဲ့
လူ့တန်ဖိုးကို
နာစိတ်နဲ့ ပြန်ဆယ်တင်မှပဲရတော့မယ်

လမ်းတခုကိုရွေးဆို သူသေ ကိုယ်သေ...။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar