Breaking News

ဝဇီရာဒီဖိုး - မိစ္ဆာအသုံးအနှုန်း

Art by KT#

မိစ္ဆာအသုံးအနှုန်း 
ဝဇီရာဒီဖိုး
(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၄

နှုတ်ပေါက်ကျွံတဲ့ ခြေသံ
လျှာလျှောက်လမ်းမှာ တရှပ်ရှပ်
စကားလုံး ဥပဓိရုပ်က
လေတစ်လုံး မိုးတစ်လုံး
နေတစ်လုံး ကျောက်ခဲတစ်လုံး
အမြင် မဖြောင့်တော့
အတွေး မဖြောင့်
သြော်... နှုတ်ပေါက်ကျွံတဲ့ ခြေသံ။         ။

၂၁:၄၇၊ ၂၃.၇.၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar