Breaking News

ကိုစိန်သစ် - ကြယ်ရောင်ဆမ်းတဲ့ မြေ

Art by Than Htay Maung
 
ကြယ်ရောင်ဆမ်းတဲ့ မြေ
ကိုစိန်သစ်
(မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၄

 မီးကို 
စား မြိုနေရတဲ့ အ ကာလ
ဘာကို
ဘယ်လိုချိုမြိန်ရမှာလေလဲ၊
မြစ်ကြီးခမျာမလဲ
ဖူး  ညို  ယောင်ကိုင်း လို့
ရေစီးသာနေလိုက်ပုံများ
တဟဲးဟဲး တရှဲးရှဲးကိုမြည် လို့၊
လေ ကလေး တော့
အေးမြ တန် ကောင်းတယ် ရယ်ပေါ့လေ ...
ပြာပူတွေ လောင်  လို့
ယမ်းငွေ့တွေ ညှော် လို့၊
နေ သာတယ်ရယ်လို့
ဘယ်လာ ရှိနိုင်ပါ‌တော့ မလဲ
ညဆိုးကြီးထဲမယ်
လရောင်လည်းပဲ 
အသည်းများ ဟတ်တက်ကွဲလို့နေ
ကြယ်က‌လေးတွေ တောက်ပလွန်းလို့သာ။         ။
    
၂၄ ဂျူလိုင် ၁၂

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar