Breaking News

ခက်ဦး - မီး

မီး
ခက်ဦး
(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၄

အားအကုန်ကိုသိမ်းလည်း
မငြိမ်းဘူး

အားအကုန်နဲ့မှုတ်လည်း
မငြိမ်းဘူး

လေးဘက်လေးတန် ကာလေ ကာကြ
ကြာရင်ပူမှာပဲ
မငြိမ်းဘူး

မီးစာထင်သမျှခြေနဲ့ငြိမ်း
ငြိမ်းလေ ငြိမ်းကြ
မငြိမ်းဘူး

မီးကိုတောင်မီးမပိုင်ဘူး
မီးစာကမီးရဲ့အသက်
မီးစာကမီးရှိန်ရဲ့အသက်
မီးစာက မီးထဲမှာ
မီးကိုမမြင်အောင်ကြည့်မှ
မီးစာကိုရေးရေး
မြင်ရပေလိမ့်

အေး
မငြိမ်းဘူး ။

၂၂.၈.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar