မီရှဲလ် အိုဘားမားက ဒီမိုကရက်တွေ ပြောဖို့ ကြောက်ရွံ့နေတဲ့ အရာကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပါတီက မျှော်လင့်ချက်တွေ ဆုံးရှုံးခဲ့တယ်။ အခုပြန်ရပြီ တဲ့ ...
မီရှဲလ် အိုဘားမားက ဒီမိုကရက်တွေ ပြောဖို့ ကြောက်ရွံ့နေတဲ့ အရာကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပါတီက မျှော်လင့်ချက်တွေ ဆုံးရှုံးခဲ့တယ်။ အခုပြန်ရပြီ တဲ့ ...
Andrew Prokop၊ သြဂုတ် 20 ရက်၊ 2024၊ VOX News
နိုင်ငံတကာသာဂိ ဘာသာပြန်၊ (မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၄
သမ္မတကတော်ဟောင်း Michelle Obama သည် ဩဂုတ်လ 20 ရက်၊ 2024 ခုနှစ် ချီကာဂိုမြို့ရှိ ဒီမိုကရက်တစ်အမျိုးသားညီလာခံ၏ ဒုတိယနေ့တွင် မိန့်ခွန်းပြောနေပါသည်။ Getty မှတစ်ဆင့် Bill Clark/CQ-Roll Call, Inc
"လေထဲမှာ ထူးထူးခြားခြား မှော်ဆန်တဲ့ အရာတစ်ခုရှိနေတယ် မဟုတ်လား" သမ္မတကတော်ဟောင်း Michelle Obama သည် အင်္ဂါနေ့တွင် ဒီမိုကရက်တစ် အမျိုးသားညီလာခံ၌ ၎င်း၏မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ “အတိတ်တုန်းက အလွန်ရင်းနှီးခဲ့တဲ့ ခံစားချက်”
"ငါပြောနေတာ မင်းသိလား ဒါဟာ လူတွေအချင်းချင်းကြား ကူးစက်နိုင်တဲ့ မျှော်လင့်ချက်ရဲ့ စွမ်းအားပဲ!” သူမက "အမေရိကန်တွေဆီကို မျှော်လင့်ချက်က တစ်ကျော့ပြန်လာပြီ"
ဒီမိုကရက်များသည် မျှော်လင့်ချက်နှင့် အပြောင်းအလဲကို တောင်းဆိုခဲ့ ဟစ်ကြွေးခဲ့သည့် ၂၀၀၈ ခုနှစ်တုန်းက ဘာရတ်အိုဘားမား၏ ပထမဆုံး သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုအပေါ် ပြန်လည် တမ်းတ သတိရသွားကြသည်။
ဒါပေမဲ့ အဲဒါကို တွေးကြည့်တဲ့အခါမှာတော့ Kamala Harris ရဲ့ ရှေ့က ဒီမိုကရက်တစ်ဆန်ခါတင်စာရင်းဝင်အဖြစ်ခဲ့တဲ့ အိုဘာမားအတွက် စိန်ခေါ်မှုနေ့ရက်တွေကို ပြန်သတိရစေပါတယ်။ Michelle Obama က ပါတီအနေနဲ့ Joe Biden လက်ထက်မှာ တိုင်းပြည်ဟာ မျှော်လင့်ချက်တွေ ဆုံးရှုံးခဲ့ရပြီး အဲဒီမျှော်လင့်ချက်ကို ပြန်ယူလာဖို့ Harris က စွမ်းဆောင်ခဲ့တယ်လို့ မီရှဲလ်အိုဘားမားက ရှင်းရှင်းလင်းလင်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ဒီမိုကရက်တစ်အနည်းငယ်သည် ဆိုးရွားသည့် ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ကြသည်။ ဇွန်လတွင် Donald Trump နှင့် Biden ၏ ရုပ်ဆိုးလှသော စကားစစ်ထိုးပွဲ မဖြစ်မီကပင် ၎င်းအပေါ် လူထုအမြင်သည် တစ်နှစ်နီးပါး ကျဆင်းခဲ့သည်။ ရှုံးနိုင်ခြေသည် မလွှဲသာမရှောင်သာ မြင့်မားနိုင်သည်ဟု ပါတီတွင်းမှ လူများက ရှုမြင်လာကြသည်။ ထိုအချိန်မှစပြီး မျှော်လင့်ချက်များ အမှန်တကယ် လိုအပ်လာသော်လည်း အနည်းငယ်ကသာ မည်မျှဆိုးဆိုးရွားရွား ခံစားနေရသည်ကို လူသိရှင်ကြား ဝန်ခံခဲ့ကြသည်။
ယခု မစ်ချဲအိုဘားမား မိန့်ခွန်းက လွန်ခဲ့သည့်လတွင် သမ္မတရွေးကောက်ပွဲအတွက် မျော်လင့်ချက် မည်ကဲ့သို့ ပြောင်းလဲတိုးတက်သွားပုံ၏ အံ့သြဖွယ်အဖြစ်ကို ထောက်ပြလိုက်ပါသည်။ Harris ဟာ အနာဂတ်အတွက် မျှော်လင့်ချက်တွေကို ပေးစွမ်းနိုင်တဲ့ “အပြောင်းအလဲ” ကိုယ်စားလှယ်လောင်း ဖြစ်လာပါသည်။
အကြောင်းခံ တစ်စိတ်တစ်ပိုင်းမှာ Harris သည် ငယ်ရွယ်သောကြောင့်ဖြစ်သည်— အဟောင်းအမြင်းများ သက်ကြီးရွယ်အိုများ၊ ပုံစံခွက်ထည့် အသားအရောင်၊ လူမျိုးဘာသာများကနေ ဖောက်ထွက်ထားသော နိုင်ငံသားအသစ်တမျိုး ဖြစ်နေခြင်း ဖြစ်သည်။
တဖက်တွင် - သူ့ရဲ့ပြိုင်ဘက် Donald Trump ဟာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံ့နိုင်ငံရေးနဲ့ သူ့ရဲ့အစွန်းရောက် သဘောထားတွေကို လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အဆက်မပြတ် ပြည်သူတွေကို လွှမ်းမိုးထားခဲ့ပါတယ်။ Trump သည် ၎င်း၏ပထမသက်တမ်းမှ အငြင်းပွားဖွယ်ရာများနှင့် အာဃာတများကို ဖြန့်ချိနေရုံသာမကဘဲ တိုင်းပြည်ကို ရှေသို့ အမှန်တကယ် အကောင်းရှုမြင်ချက်များနဲ့ ဦးဆောင်နိုင်မည်ဟု ယုံကြည်စိတ်ချရသော ကတိပေးရန်အတွက် ချို့ယွင်းနေခဲ့ပါတယ်။
အများသူငှာ က လက်ရှိအခြေအနေကြီးကို မကျေနပ်သောအခါ၊ လူသိနည်းသော်လဲ အပြောင်းအလဲအသစ် ကို စွမ်းဆောင်နိုင်မယ့် ကိုယ်စားလှယ်လောင်းသည် အမှန်တကယ် အားသာချက် ဖြစ်လာပါသည်။ သမတအဖြစ် အရွေးမခံရသေးသော ထိုသို့သော ကိုယ်စားလှယ်လောင်းသည် လူအားလုံးအတွက် မျော်လင့်ချက်အရာခပ်သိမ်းဖြစ်နိုင်သည်။ သူတို့သည် လူထု၏ မျှော်လင့်ချက်များကို ကိုယ်စားပြုနိုင်ပြီး ၎င်းတို့အား စိတ်ပျက်စေသည့် အတိတ်မရှိပေ။
Barack Obama သည် ၎င်း၏ နိုင်ငံရေး ထင်ရှားကျော်ကြားလာမှုတွင် အသစ်ဖြစ်ခြင်းသည် အရေးပါသည်ဟု ထင်မြင်ခဲ့သည်၊ "ကျွန်တော်သည် စာမျက်နှာအလွတ်တခုအဖြစ် စတင်ခဲ့သည်။" ဟု ၎င်း၏ ၂၀၀၆ ခုနှစ်ထုတ် The Audacity of Hope စာအုပ်တွင် ရေးသားခဲ့သည်၊ "ကွဲပြားခြားနားသော နိုင်ငံရေးသဘောထားများရှိသည့် လူထုသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးယဉ်မှုများကို ကျတော်၏ စာမျက်နှာပေါ်မှာ ပုံဖော် စိတ်ကူးခွင့် ရကြလို့ ဖြစ်သည်" ဟု ရေးသားခဲ့သည်။
Harris သည် အလားတူ ထူးခြားမှု၏ အကျိုးကျေးဇူးကို ခံစားရှိခဲ့သည်။ Biden လက်ထက်တွင် စိတ်ပျက်ခြင်း သို့မဟုတ် စိတ်ပျက်ခြင်းခံခဲ့ရသော ဒီမိုကရက်များနှင့် မဲဆန္ဒရှင်များအား ယေဘုယျအားဖြင့် သူမသည် ၎င်းတို့နှစ်သက်သည့်ပုံစံဖြင့် ကွဲပြားလိမ့်မည်ဟု မျှော်လင့်ရန် အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။
အခြေခံလူတန်းစား ဘက်တော်သား အထက်လွှတ်တော်အမတ် Bernie Sanders (I-VT) နှင့် အရင်းရှင် American Express စီအီးအိုဟောင်း Ken Chenault တို့သည် Harris အကြောင်း ပီပီပြင်ပြင် ပြောဆိုနေကြချိန်တွင် ၎င်းတို့ကြားကွာဟမှု သိပ်မရှိကြောင်း ပြသခဲ့သည်။ Biden ၏ အစ္စရေးမူဝါဒများကို ကန့်ကွက်ဆန္ဒပြမှုများသည် ညီလာခံတွင် အများအပြားမျှော်လင့်ထားသည်ထက် များစွာလျော့နည်းသွားပုံကိုလည်း ထင်ရှားသည်။ Harris သည် နောက်ကြောင်းမပြန်ဘဲ ရှေ့သို့သွားလိုသော သဘောထားကို သူတို့မိန့်ခွန်းထဲတွင် ပြောခဲ့ကြသည်။
အပြောင်းအလဲအတွက် ကိုယ်စားလှယ်လောင်းဖြစ်ရခြင်း၏အန္တရာယ်မှာ သင်သည် အတွေ့အကြုံနည်းပါးသောကြောင့် ဖြစ်သော်လည်း လက်ရှိတွင် ဒုသမ္မတလည်း ဖြစ်နေခြင်းမှာ အားသာချက် ဖြစ်ပါသည်။ လက်ရှိတွင်၊ သူမသည် Biden လက်အောက်တွင် အမှုထမ်းခြင်းမှ အတွေ့အကြုံ၏ အကျိုးကျေးဇူးများထဲတွင် ဘိုင်ဒင်အစိုးရ၏ အားနည်းချက်များလည်း သူမကိုယ်တိုင် အမွေရလိုက်သည်မှာလဲ တချက်ဖြစ်သည်။
ယခု Trump အဖွဲ့သည် Harris နှင့် Biden ကို တဦးတည်း တခုတည်းအဖြစ် ပုံသွင်းနေကြသည်။ လွန်ခဲ့သည့်လေးနှစ်အတွင်း ဖြစ်ပွားခဲ့သော ငွေကြေးဖောင်းပွမှု၊ နိုင်ငံခြားရေးအကျပ်အတည်းများနှင့် နယ်စပ်မငြိမ်မသက်မှုများအတွက် သူမအား အပြစ်တင်သည်။ ဤတိုက်ခိုက်မှုများကိုရင်ဆိုင်ရချိန်တွင် Harris ၏တာဝန်မှာ မဲဆန္ဒရှင်များက သူမအား ယခင်ကထက် အသစ် အသစ်သောမျှော်လင့်ချက်ရှိသောအနာဂတ်အဖြစ် ဆက်လက်ရှုမြင်နေစေရန်ဖြစ်သည်။ ယုံကြည်နေကြစေရန် ဖြစ်သည်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar