Breaking News

သစ်မွှေး - ရိတ်သိမ်းချိန်



ရိတ်သိမ်းချိန်
သစ်မွှေး
(မိုးမခ) ဩဂုတ် ၁၉၊ ၂၀၂၄

ထင်းခွေလည်းမကြုံ
ရေခတ်တော့လည်းမကြုံ
ကေတီဗွီက အပြန်မှာ ကြုံသွားတာ။

ကွေးတဲ့လက်လည်း ကွေးမြဲ
ဆန့်တဲ့လက်လည်း ဆန့်လျက်မှာ
ငတေတစ်အုပ်တော့ ခြေဦးတည့်ရာလစ်သွားပြီ။

အမှန်တရားသာ ရပါစေ
ခေါင်းပေါ်ဗုံးမိုးရွာလည်းခွင့်လွှတ်တယ် ဆိုတဲ့
တို့ပြည်သူတွေရဲ့အံကြိတ်တက်ခေါက်သံမှာ
မင်းတို့လိပ်ပြာလွင့်တာကြည့်ပြီး
နည်းနည်းတော့ပြုံးမယ် ခွင့်လွှတ်။

ရုတ်တရက်ထမြည်တဲ့အသံက
ငြိမ်းချမ်းချင်လှပြီ တဲ့
အသိုက်အမြုံတွေပျက်သတဲ့
သာလွန်အင်အားနဲ့
အသက် ဥစ္စာ အိမ်ယာ မောင်ပိုင်စီးသတဲ့
အားလုံး မင်းတို့စိုက်ပျိုးခဲ့သမျှပါပဲ
ပြည်သူကို
စိန်ခေါ်သံနဲ့စခဲ့တဲ့ပွဲ
ဆုံးအောင်လျှောက်မှလည်း တရားမှာပေါ့
" အကြောင်း" နဲ့ကင်းတဲ့"အကျိုး "
လောက၌မရှိပြီ။  ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar