မောင်လင်းရိပ် - မရသေးတဲ့ မြီ
မရသေးတဲ့ မြီ
မောင်လင်းရိပ်
(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၄
ဩဂုတ်လမှာ ပေးခဲ့ရတွေအတွက်
ဩဂုတ်လမှာ ပြန်ရတာတွေ အားရပါးရ ပြန်ယူကြ
ပြန်မရနိုင်တာတွေအတွက် အနာတရ
ရင်ဘတ်နက်နက်ထဲမှာ ငုတ်ရိုက် စိုက်လို့။
အပြည့်အဝ ပျော်ရွှင်ဖို့ ဆိုတာ မရှိပေမဲ့
သွားလေသူတို့ စိတ်ဖြောင့်ဖို့ ပျော်ကြောင်းပြရလေတယ်။
ဘဝဆိုတဲ့ ကဗျာဟာ မျက်ရည်စတွေနဲ့ ရယ်သံနဲ့
ဆန့်ကျင်ဘက်တွေကို ကပ်လျက် နေရာချထားတဲ့ လိုင်းတွေနဲ့။
ငယ်ငယ်က စသလို ငိုရီ ငိုရီ ဆန်တစ်ပြီလို့ မစကြနဲ့
ဆီတန်းစီတိုးရောင်းပြီး ဆန်ဝယ်ရသူတွေဟာ ဆန်တစ်ပြီမဲ့မဲ့ပဲ ရသတဲ့။
ဖေဖော်ဝါရီတစ်လလုံးကို ငါတို့ ပြန်ရဦး
ရက် ၃၀ တော့ ရနိုင်မှာမှ မဟုတ်တာ။
၂၀၂၄၊ ဩဂုတ် ၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar