Breaking News

ဉာဏဉာဏ် - အောင်နိမိတ် ခြေလှမ်းများ

Art by Than Htay Maung

အောင်နိမိတ် ခြေလှမ်းများ
ဉာဏဉာဏ်
(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၄


ပခုံးတွေဟာ မြို့တွေကို ထမ်းထားသလို
မြို့တွေကို ပခုံးတွေနဲ့ ငံ့လင့်ထားရတယ်

လွှင့်ထားတဲ့ အလံတော်နဲ့
လွင့်နေတဲ့ နိုင်ငံတော်ဟာ
မကြာမြင့်မီ အောင်မြေကို နင်းဖို့
စောင့်မျှော်ကမ်းလင့်လို့

လမ်းကြို လမ်းကြားထဲ
တိုးထွက်လာတဲ့ အနာဂတ်နေ့ရက်‌များမှာ
အောင်ပွဲတွေဆက်နေတဲ့ တိုက်မောင်သံများအဖြစ်

စစ်ရော
အချစ်ရော 
စစ်မှန်ခြင်းတရားနဲ့ တိုးဝှေ့မိချိန်
ငါတို့ဆိုတာ နိုင်ငံချစ်စိတ်အပြည့်နဲ့
အောင်ပွဲဝင် လူသားစစ်စစ်တွေ

မြို့ရိုးကို ခုနစ်ကြိမ်လှည့်ပတ်ပြီး
ညာသံပေးနေတဲ့ စစ်တံပိုးခရာသံများ
ဆက်လို့ လှမ်းဆဲပေါ့ မြို့ရိုးကို ဖြိုဖျက်လို့
ပြန်လည်တည်ဆောက်မယ့် အောင်နိမိတ်ခြေလှမ်းများ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar