ထရန့်က ဟဲရစ်ကို DEI သမ္မတလို့ ခေါ်နေရတာလဲ
ထရန့်က ဟဲရစ်ကို DEI သမ္မတလို့ ခေါ်နေရတာလဲ
နိုင်ငံတကာသာဂိ (မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၄အမေရိကန်ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ထရန့်နဲ့ လက်ယာစွန်းထရန့်ပါတီက ပြိုင်ဖက် ဒီမိုကရက်တွေနဲ့ သမ္မတ ေလာင်း ဟဲရစ်ကို သရော်မော်ကား နံမယ်ပျက်တွေ ပေးကြ၊ အသရေဖျက်ကြပါတယ်။ အဲသည်ထဲမှာ DEI သမတဆိုတာ ပါတယ်။
DEI ဆိုတာက အားလုံးထဲမှာ အားနည်းသူကို အားပေးကူ ရမယ်လို့ အတိုကောက်ဆိုတာပါ။ သို့သော် အားနည်းသူတွေကို အားပေးလွန်းလို့ ပုံမှန် အားရှိသူတွေ ပြည့်စုံသူတွေက အသာလွတ်ကြီး အနစ်နာခံပေးနေရတာ မတရားဘူးလို့ လက်ယာစွန်းတွေက စွပ်စွဲကြတာ ဖြစ်လာပါတယ်။ DEI သမားတွေကို လက်ယာစွန်းတွေက လက်ဝဲစွန်းတွေ ကွန်မြူနစ်တွေလို့ အမည်ဖျက်ပေးကြပါတယ်။
သည်တော့ ဒါကို ဘယ်လို စာနဲ့ ပေနဲ့ ပြည့်ပြည့်စုံစုံ ပြန်ရေးကြည့်ရအောင် -
DEI ဆိုတာ Diversity, Equity, and Inclusion ရဲ့အတိုကောက်ပါ။
**Diversity** ဆိုတာက လူမျိုး, ကျား/မ, အသက်အရွယ်, သို့မဟုတ် နောက်ခံမတူကွဲပြားမှုများကို ပေါင်းစပ်ထားတဲ့ အစုအဝေးတခု ဖြစ်အောင်လုပ်ခြင်းဖြစ်ပါတယ်။
**Equity** ဆိုတာက လူတိုင်းကို တန်းတူစွာ အခွင့်အရေးရအောင် အထောက်အကူပေးခြင်းဖြစ်ပြီး၊ အားလုံးကို တူညီစွာ မဆက်ဆံရုံနဲ့ မပြီးဘဲ လိုအပ်သောသူတွေကို ပိုမိုထောက်ပံ့ပေးခြင်းပါ။
**Inclusion** ဆိုတာက လူတိုင်းကို ဖိတ်ခေါ်ပြီး အားလုံးကိုတန်ဖိုးထားတယ်ဆိုတဲ့ ခံစားချက်ရစေဖို့အတွက် သင့်လျော်သောပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်းဖြစ်ပါတယ်။
ရိုးရိုးပြောရရင်၊ DEI က လူတိုင်းကို သူတို့ဘ၀အတွက် လုပ်ဆောင်ရာမှာ အောင်မြင်ဖို့ တန်းတူအခွင့်အရေးရရှိစေဖို့ ဦးတည်ထားခြင်းပါ။
Conservatives များသည် Diversity, Equity, and Inclusion (DEI) အပေါ် မယုံကြည်ခြင်း သို့မဟုတ် ဝေဖန်မှုဖြင့် ကြည့်လေ့ရှိပြီး၊ အထူးသဖြင့် ယေဘူယျအားဖြင့် မူဝါဒများ၊ အလုပ်အကိုင်များနှင့် ကျောင်းများတွင် DEI အလေ့အကျင့် ကျင့်သုံးပုံကို ကန့်ကွက်လေ့ရှိပါသည်။
Conservatives များသည် DEI ကို အောက်ပါအချက်များဖြင့် ဝေဖန်ရှုပ်ချ ကြသည်။
(၁) **Meritocracy Over Quotas:** Conservatives များသည် လူတစ်ဦး၏ အရည်အချင်းနှင့် ကြိုးစားမှုကို အခြေခံပြီး အောင်မြင်ရမည်ဆိုသော သဘောတရားကို အားပေးကြပြီး၊ DEI အစီအစဉ်များကြောင့် လူနည်းစုမို့ အထူးအခွင့်ရခြင်းမျိုးကို ပုံကြီးချဲ့ ပြစ်တင်ကြသည်။ ဥပမာ - အာရှသားများ၊ လူမည်းများ၊ တောင်အမေရိကန်သားများ စသည့် လူနည်းစု၊ ဝင်ငွေနည်းသူများကို ကျောင်းဝင်ခွင့်ပေးခြင်း၊ ပညာသင်ထောက်ပံ့ခြင်းမျိုး ကို မကြိုက်ချေ။
(၂) **Individualism အရေးပါခြင်း:** Conservatives များသည် တဦးချင်းစီ၏ ကိုယ်ပိုင်အခွင့်အရေးနှင့် ကိုယ်ပိုင်တာဝန်ရှိမှုကို အလေးထားကြပြီး DEI အစီအစဉ်များသည် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းကို အားပေးသည်ဟု စွပ်စွဲကြသည်။
(၃) **စီးပွားရေးထိရောက်မှု:** စီးပွားရေးအရ DEI မူဝါဒများသည် အကျိုးမရှိသည့် ကန့်သတ်မှု မလိုအပ်သည့် စည်းကမ်းကြီးကြပ်မှုနှင့် အပိုကုန်ကျစရိတ်များပေါ်လာစေသည်ဟု မြင်ကြသည်။
(၄)**ပညာရေးဆိုင်ရာ အကြောင်းအရာ:** ကျောင်းများတွင် DEI အစီအစဉ်များသည် မလိုအပ်သည့် နိုင်ငံရေး အစွန်းရောက်စေသည့်ထိုးဖောက်မှုများ ရှိစေကြောင်း၊ မိဘများ၏ ထိန်းချုပ်ခွင့်ကို ကျောင်းများက မလေးစားတော့ကြောင်း ပြစ်တင်ကြသည်။
(၅) နိုင်ငံရေးပုံသွင်းခြင်း - လက်ယာစွန်းများက ဒီမိုကရက်များ လက်ဝဲသမားများသည် နေရာတိုင်းကို နိုင်ငံရေးပုံသွင်းနေကြောင်း၊ အေးအေးမနေနိုင်ကြောင်း အမြဲ ပြစ်တင်ကြသည်။ ဆင်းရဲတာလဲ နိုင်ငံရေးကြောင့်၊ ချမ်းသာတာလဲ နိုင်ငံရေးကြောင့်ဆိုပြီး ပြည်သူကို အေးအေးမနေနိုင်ရအောင် လှုံဆော်နေသူတွေဟု ဝေဖန်ကြလေ့ရှိသည်။
ဒါနဲ့ ဒေါ်နယ်ထရန့်က ကမလာဟဲရစ်ကို DEI သမ္မတလို့ ခေါ်သလား -
ဒေါ်နယ်ထရမ့်ဖ်က ကာမာလာဟာရစ်ကို "DEI သမ္မတ" ဟု ခေါ်ဆိုခဲ့ပြီး၊ ၎င်းသမ္မတဖြစ်လာပါက Diversity, Equity, and Inclusion (DEI) အစီအစဉ်များကို အလွန်အကျွံ အာရုံစိုက်သွားနိုင်ပြီး အခြားပြည်တွင်းရေးရာများကို ပစ်ပယ်ထားမည် ဖြစ်ဟု ပြောဆိုခဲ့သည်။ ထရမ့်ရဲ့ ဒီပြောကြားချက်က DEI အပေါ်မှာ ၎င်းနှင့် အခြားသော Conservative များ၏ ဝေဖန်မှုများနှင့် ကိုက်ညီပြီး၊ DEI မူဝါဒများကို လက်ယာစွန်းတို့က ဆန့်ကျင်နေကြောင်း သက်သေပြနေပါသည်။
နိဂုံး အနှစ်ချုပ်က -
DEI ဆိုတာသည် လူများစုဖြစ်သော ဆင်းရဲသားများ၊ အလုပ်သမားများ၊ လူလတ်တန်းစားများအတွက် လူနေမှု ပညာရေး အဆင့်မြှင့်တင်ပေးနိုင်သော သဘောတရား ပေါ်လစီ စဉ်းစားချက်များ ဖြစ်သည်။ ဒါကို လူချမ်းသာများ လူနည်းစု အရင်းရှင်ကြီးများက မလိုလားကြပေ။ ဆန့်ကျင်ကြခြင်းသာ ဖြစ်သည်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar