ဒီမိုကရက်တစ်ပါတီညီလာခံ နောက်ဆုံးနေ့တွင် Harris က ဂါဇာစစ်ပွဲနဲ့ အာဏာရှင်များအကြောင်း ထုတ်ဖော်

Nandita Bose၊ Jeff Mason နှင့် Doina Chiacu တို့က ရိုက်တာသတင်းအတွက် ရေးသည်နိုင်ငံတကာသာဂိ ဘာသာပြန်သည်၊ (မိုးမခ) ဩဂုတ် ၂၄၊ ၂၀၂၄
ချီကာဂို၊ သြဂုတ် ၂၃၊ နေ့က ဒုတိယသမ္မတ Kamala Harris သည် ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် အမည်စာရင်းတင် သွင်းခြင်းအား လက်ခံမိန့်ခွန်း ပြောခဲ့သည်။ ကျယ်ပြန့်လှသော နိုင်ငံခြားရေးမူဝါဒများနှင့် သဘောထားကွဲလွဲနေသည့် ရီပတ်ဘလီကန်ပြိုင်ဘက် ဒေါ်နယ်ထရန့်ကို ပြတ်ပြတ်သားသား ဝေဖန်ချက်များ ပြင်းပြင်းထန်ထန် ပြောဆိုလိုက်သည်။ အိမ်ဖြူတော်အတွက် ယှဉ်ပြိုင်ရန် ၁၁ ပတ်သာ ကျန်ရှိတော့သည့် အချိန်လည်း ဖြစ်ပါသည်။
လေးရက်ကြာ ဒီမိုကရက်တစ် အမျိုးသားညီလာခံ၏ နောက်ဆုံးညတွင်၊ အသက် 59 နှစ်အရွယ် Harris သည် အမေရိကန် အားလုံးအတွက် လက်တွေ့ကျသော သဘာ၀ကျသော သမ္မတဖြစ်ရန် ကတိပြုခဲ့ပြီး၊ သူမသည် အသက် 78 နှစ်ရှိ Trump နှင့် သူမသာ ကိုယ်မသာ မဲရဖို့ အစွမ်းကုန် ဆွယ်နေရသည့် အခြေအနေတွင် ဟဲရစ်၏ ပြတ်သားသော မိန့်ခွန်းဖြစ်သည်။
"ဒီမိုကရေစီနဲ့ အာဏာရှင်တွေကြား ခွဲခြားတဲ့ ရုန်းကန်မှုမှာ၊ ငါ ဘယ်မှာ ရပ်တည်နေတယ်ဆိုတာ ငါကိုယ်တိုင်သိတယ်၊ အမေရိကန်အတွက် ရပ်တည်ချက်က ဘယ်မှာလဲဆိုတာ ငါပဲသိတယ်" ဟု ဒေါ်နယ်ထရမ့်က အာဏာရှင်များကို ဦးညွှတ်ခဲ့ကြောင်း ကြာသပတေးနေ့တွင် သူမက ပြောကြားခဲ့သည်။ နေတိုးနဲ့ ယူကရိန်းကို ထောက်ခံပြီး ရုရှားသမ္မတ ပူတင်ရဲ့ အနိုင်ကျင့်မှုတွေကို ဆန့်ကျင်ဖို့ ကတိပြုခဲ့ပါတယ်။
အသက် ၈၁ နှစ်ရှိ သမ္မတ ဂျိုးဘိုင်ဒင်ကို ပါတီတွင်းမဟာမိတ်များက ပြိုင်ပွဲမှ နုတ်ထွက်ရန် တွန်းအားပေးသည့် လွန်ခဲ့သည့် တစ်လကျော်အတွင်းတွင် ဒီမိုကရက်တစ် သမတကိုယ်စားလှယ်လောင်းအဖြစ် ဟားရစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

၎င်းသည် သူမ၏ မဲဆွယ်စည်းရုံးမှု တိုတောင်းသောကာလအတွင်း တိုင်းပြည်အတွက် သူမ၏ မျှော်မှန်းချက်များစွာကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ အင်အားရှိသော မိန့်ခွန်းတစ်ခုဖြစ်သည်။ Harris သည် ပြည်ပနိုင်ငံရေးဇာတ်ခုံတွင် သူမအား ပျော့ညံ့သည်ဟု စွပ်စွဲနေသော Trump ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ပါတီညီလာခံပွဲစဉ်တွင် စကားပြောဆိုခွင့်မရသည့်အတွက် စိတ်ပျက်နေသော ပါလက်စတိုင်းထောက်ခံသူများ၏ ရက်အတန်ကြာ ဆန္ဒပြမှုများအပြီးတွင် Harris သည် အစ္စရေးကို လုံခြုံစေရန်၊ ဓားစာခံများကို ဂါဇာမှနေရပ်သို့ ခေါ်ဆောင်ကာ ပါလက်စတိုင်းနယ်မြေအတွင်း စစ်ပွဲကို အဆုံးသတ်ရန် ကတိပြုခဲ့သည်။
“အခုအချိန်ဟာ ဓားစာခံ လွတ်မြောက်ဖို့ သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖော်ဆောင်ဖို့ အချိန်ရောက်ပြီ” ဟု သူမက ကတိစကားပြောခဲ့သည်။ “ရှင်းရှင်းလင်းလင်းပြောပါရစေ၊ အစ္စရေးရဲ့ သူ့ကိုယ်သူ ကာကွယ်ပိုင်ခွင့်အတွက် အမြဲတမ်း ကျမတို့ ရပ်တည်ပြီး အစ္စရေးက သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိရမယ် လို့ အမြဲအာမခံပါတယ်။”
အစ္စရေးလုံခြုံရေးအတွက် ပံ့ပိုးပေးသည့် နည်းလမ်းဖြင့် စစ်ပွဲကို အဆုံးသတ်လိုပြီး ပါလက်စတိုင်းပြည်သူများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် လွတ်လပ်စွာ ပြဌာန်းခွင့်ကို တရားဝင်ဖြစ်စေဖို့ အရေးကြီးကြောင်း သူမက ပြောကြားခဲ့သည်။
အီရန်အပေါ် အမေရိကန်၏ အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သမျှ အရေးယူဆောင်ရွက်သွားမည်ဟု Harris မှ ပြောကြားခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အပါအဝင် အာဏာရှင်များနှင့် ပြည်ပရောက် အာဏာရှင်များသည် Trump အတွက် ရပ်တည် ထောက်ခံပေးနေကြကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရလျင် - ဟားရစ်သည် ပထမဆုံးသော အမျိုးသမီး၊ လူမည်း၊ အမေရိကန် သမ္မတ အဖြစ် သမိုင်းဝင်သွားမည် ဖြစ်သည်။
ဒေါ်နယ်ထရန့်နဲ့ သူမသည် ဆန့်ကျင်ဘက် ကွာခြားကြောင်း ပြည်သူများကို ထုတ်ဖော်ပြောပြလိုက်သည်။ Harris သည် လူလတ်တန်းစားများအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း၊ လူဆင်းရဲများအတွက် အကောက်ခွန် သက်သာအောင် ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ လူချမ်းသာကြီးများနဲ့ ကုမ္မဏီကြီးကိုသာ အခွန်တိုးကောက်ရန် စီစဉ်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စုဗဟိုတရားရုံးတော်ရှိ ထရန့်လက်ရွေးစင် တရားသူကြီးများ၏ အမျိုးသမီးများကိုယ်ဝန်ဆောင်အခွင့်အရေးကို ကန့်သတ်သည့် ဆုံးဖြတ်ချက်အား ပြင်ဆင်ဖို့ ကြိုးစားမည် ဖြစ်ကြောင်း၊ ထရန့်တရားသူကြီးများက သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ကို မျက်စိမှိတ် ကာကွယ်ပေးနေမှုနဲ့ ပတ်သက်၍ Trumpသာ အာဏာ ထပ်မံရရှိပါက ဖြစ်ပေါ်လာမည့် အန္တရာယ်များကို Harris က ထောက်ပြလိုက်သည်။
“ဥပဒေနဲ့ စည်းကမ်းတွေ၏အထိန်းအကွပ်မရှိတဲ့ Donald Trump ကိုမြင်ယောင်ကြည့်ပါ" ဟုသူမကဆိုသည်။
Harris ၏ မိန့်ခွန်းကို အချိန်နှင့်တပြေးညီ တုံ့ပြန်မည်ဟု ကတိပြုထားသည့် Trump သည် သူ့ကိုဝေဖန်သည့် မိန့်ခွန်းများကို Truth Social တွင် ဆက်တိုက်တုန့်ပြန်စာများတင်ခဲ့သည်- "သူမသည် အရည်အချင်းမရှိခြင်းနှင့် အားနည်းခြင်းကို ပြသနေသည်။ ကျွန်ုပ်တို့နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် လှောင်ပြောင်ခံနေရပါသည်။ “ “ကမ္ဘာ့အာဏာရှင်တွေရဲ့ လေးစားမှုကို ဘယ်တော့မှ ခံရမှာမဟုတ်ဘူး။” ဆိုတာတွေ လျောက်ရေးနေတာ တွေ့ရပါသည်။
အမေရိကန်နိုင်ငံသား သန်း 100 ကျော်ကို အကျိုးရှိစေမယ့် လူလတ်တန်းစားအခွန်ဖြတ်တောက်မှုကို ချမှတ်သွားမယ်လို့ Harris က ပြောကြားခဲ့ပြီး ကော်ပိုရိတ်အခွန်နှုန်းထားကို လျော့ပေးမယ့် Trump ရဲ့ ကတိကဝတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့်အတွက် တိုက်ပွဲဝင်မည့် အစီအစဉ်များ၊ မဲပေးပိုင်ခွင့်ဥပဒေများ၊ အိမ်ရာ ပိုင်ဆိုင်ခွင့် ငှားယမ်းခွင့် ဆိုင်ရာထောက်ပံ့မှု မြှင့်တင်ရန်နှင့် ပြည်တွင်း ကုန်စုံဆိုင်ရောင်းကုန်များအပေါ် အဝယ်ခွန် ကောက်ခြင်းကို တားမြစ်ရန် သူမ ဆွေးနွေးခဲ့သည်။ သူမ၏ စည်းရုံးလှုံ့ဆော်မှုတွင် ကော်ပိုရိတ်အခွန်နှုန်းထားကို ၂၁ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် အဆိုပြုခဲ့သည်။

ချီကာဂို၏ ညီလာခံကျင်းပရာ မိုးလုံလေလုံကစားကွင်း United Center သည် မျော်လင့်ချက်များ အားပေးသံများနဲ့ ပြည့်နှက်နေပြီး ၊ အားကစားကွင်း၏ ထိုင်ခုံ ၂၃,၅၀၀ ပြည့်သွားကာ ကွင်းဝန်ထမ်းများက အဆောက်အအုံအတွင်းသို့ နောက်ထပ်လူများ ဝင်ရောက်ခြင်းမပြုရန် ခေတ္တပိတ်ဆို့ထားကြောင်း ၊ မြို့တော်မီးသတ်တပ်မှူးက အဆောက်အအုံအား စောင့်ရှောက်မှု အင်အားတွေ တိုးထားရကြောင်း ကြေညာခဲ့သည်။
"ငါတို့ လုပ်နိုင်ခဲ့ပြီ" ဟု Harris သည်စည်းဝေးကြီးအပြီးဧည့်ခံပွဲ၌ ထောက်ခံသူများအားပြောကြားခဲ့သည်။ "ရှေ့သို့ချီ ကြမယ် လို့ ကြွေးကြော်ခဲ့သည်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar