Breaking News

လေခဏီ - စာထုတ်စာတမ်း

လေခဏီ - စာထုတ်စာတမ်း

(မိုးမခ) စက်တင်ဘာ ၁၃ ၊ ၂၀၂၄


စခုန်တော့ ပလုံတော့မယ်။ ဘာစာတွေ လျှောက်ထုတ်မှန်း မသိ။ သူကတော့ ရိုးရိုးစာ မဟုတ်ဘူး။ စစ်မိန့်။ မထုတ်ပြန်သင့်သော စစ်မိန့်လို့ ဗိုလ်ချုပ်ဂွမ်မော်က မှတ်ချက်ပေးလိုက်တယ်။ ဖင်ယားတာ ဆေးမရှိဘူးလို့ ပြောတာပါဘဲ။ ICRC လဲ နာတော့မယ်၊ စစ်ကောင်စီနဲ့ပေါင်းတဲ့ ကောင်တွေ အကုန်အရေးယူမယ်လို့ နုကြည်က စာထုတ်ထားတာ မကြာသေးဘူး။ 

နိုင်ငံတကာမပါ ဝေနေယျာ ဆိုရင်တော့ ကံကောင်းတာပေါ့လေ။ တလောလေးက NLD ကလဲ စာထုတ်သေးတယ်။ ကိုသိန်းမြတ်ကတော့ တော်တော်ချဉ်ပုံဘဲ။ ရွံတယ်တောင် ပြောရမယ်  ပါတီဟာ ပြည်သူနဲ့ တမျှော်တခေါ် ဝေးနေပြီလို့ ဆိုတာပါဘဲ။ သူတို့လဲ အိပ်ချင်မူးတူး ဖြစ်နေမှာပေါ့။ ပါတီလူကြီးပိုင်း ဆိုတာ ဒေါ်စု မပါဘဲ အလုပ်မှမလုပ်ဖူးတာ။ AA ကို ဘာညာသာရကာ စာထုတ်တဲ့အဖွဲ့တွေတောင် အဖွဲ့နာမည် မပါဘဲ စာထုတ်ခဲ့သေးတာ။ အတော် ဩဇာကြီးမယ့်စာပေါ့လေ။ တိတ်တခိုး ကျိတ်ပိုးစာလေးပေါ့။ 

ဟိုနေ့က ဗိုလ်ချုပ်ထမန ဧရာဝတီနဲ့ အင်တာဗျူး နားထောင်မှ စောက်ပေါတွေမှန်း သိကုန်ရော။ ကမ္ဘာ့ပထမတရုတ်ကို နုစီလဲ စာထုတ်တယ်။ အဲဒါကို နဂိုကထဲက နုစီကို ကြည့်မရတဲ့စစ်မော်ကတော့ ဟားတယ်။ ကျိတ်ရယ်တဲ့သူတွေကတော့ အများသားပေါ့။ ဟိုသက်ငယ်မုဒိမ်းကောင် သုက်ကြောင် NLD ကအဘိုးကြီးတော့ အရေးယူဖို့ စာတွေရေးတဲ့ တယောက် ရှိတယ်၊ မထိပ်တဲ့။ သူ့စာတော့ အလုပ်ဖြစ်သား။  သူ့စာကြောင့်ဘဲ ကိုယ့်မိန်းမကို ထိုးသတ်တဲ့ကောင်တော့ တော်လှန်ရေးအဖွဲ့ကြားဝင်နေတာတောင် မလွတ်တာကြည့်။ အိုင်ဇက်ခင်တောင် အတော်အော်လို့ အရေးယူတာကလား။ ပထမ အပြုခံရတဲ့သူတွေ အရင်အလုပ်ဖြုတ်ခံရတာ။ နုကြည်ရဲ့ လုပ်ပုံ ပြောပါတယ်။ 

အဲဒီမှာ သူလဲ တယောက် တခွန်း ပို့စ်တင်ရှဲခံရတာနဲ့ လစ်သွားတာ။ ကိုယ့်အကောင့်ကနေ စာရေးကြတာက စာထုတ်တာထက် အလုပ်ဖြစ်ပုံပဲ။ တယောက်ထဲက သတ္တိရှိရှိ ကိုယ့်ဖွဘုတ်ကနေ ကိုယ်အုပ်တာဆိုတော့ တာသွားတယ်။ စာထုတ်တာကျ အဟုတ်ဘယ်သူမှ တာဝန်ခံရတာ မဟုတ်ဘူးလေ။ အဖွဲ့လိုက်နဲ့အဖွဲ့ပေါင်းစုံကိုး။ ကျပ်ငွေရဲ့ အရင်ဖောင်းပွခဲ့တဲ့ နုကြည်ဝန်ကြီးဖောင်းပွမှုကိစ္စကို စစ်မော်ရေးတာတော့ ဘယ်လောက် အလုပ်ဖြစ်မယ် မသိဘူး။ အားလို့ထည့်ထားတဲ့ ဝန်ကြီးတွေကလဲ အများသား။ အမှန်ကတော့ သူများ အရေး၊ အဖြုတ် မစောင့်သင့်ပါဘူး‌လေ။ အဲဒီဝန်ကလေးတွေက တချိန်က အက်တစ်တွေပဲဟာ။ NLDကိုတောင် နှိုက်နှိုက်ချွတ်ချွတ် တွတ်ခဲ့ ထေ့ခဲ့ ရိခဲ့ သဲ့ခဲ့ကြတာဘဲ။ သူတို့ရီသံပါ သူတို့ ပြန်မကြားကြတော့တာလဲ အံ့ဩစရာ။ သူတို့ကို ကွန်ဂရက်ကျူးလေးရှင်းလုပ်ခဲ့တဲ့ မဟာအက်တိဗစ်ကြီးတွေကြောင့်လဲ ယူထိုက်တဲ့ရာထူးမို့ ယူထားတာဘဲလို့ ဝေ့လို့ဝိုက်လို့ရတာပေါ့။ ရာထူးနဲ့တွေ့မှ ပက်စစ် ဖြစ်ကုန်ကြတာ။ အူကြောင်ကြားကုန်ကြတာ။ ဒီနေ့ကာလနဲ့က ရာထူးအမည်၊ ဌာနအမည်ကြားတာနဲ့ကို ရယ်စရာတွေလေ။ သူတို့လဲ နိုင်ငံရေးရှက်ကြောပါ ပြတ်ကုန်ပုံရ။ အင်း သလိုဆိုတော့ နိုင်ငံရေး ဆိုတဲ့စာလုံးကို အားနာရသေးတာ။

စာထုတ်တာတွေကတော့ အများကြီးပဲ။ မဖတ်ဖြစ်တာလဲ ကြာပြီ။ စာထုတ်တော်လှန်ရေးလုပ်ငန်းကလဲ အလွန်ဖွံ့ဖြိုးနေတုန်း ဆိုရမယ်။ တော်လှန်ရေးအာသာဖြေတာမျိုးလဲ ဖြစ်ချင်ဖြစ်မှာပ။ တချို့လဲ ဘာရယ်မဟုတ် လုပ်နေကြမို့လုပ်ပုံဘဲ။ ဆိုင်တဆိုင်မှာ စားရင်းသောက်ရင်းဖြစ်ဖြစ်၊ လိုင်းပေါ်ကနေ တွတ်ထိုးရင်းဖြစ်ဖြစ်၊ ဟဲ့ အဲဒါ မထုတ်ဘူးလား ဆိုတော့ ထုတ်မယ်လေ ဖြစ်တာမျိုးလဲရှိမှာပ။ တချို့လဲ အတည်ကြီးပေါ့။ အခန့်ကြီးပေါ့။ စခုန့်စာလိုပေါ့။ သင်္ကြန်အမြှောက်။ ထုတ်ပြီး ပြီးသွားတဲ့စာပေါင်းလဲမရေနိုင်။ စာထဲက အတိုင်းလဲ ဆက်မရပ်တည်ကြ၊ ဆက်လုပ်ဆောင်တာလဲမရှိ။ သူတို့နဲ့ နီးစပ်သူတွေဆိုရင် ဘာသိဘာသာ၊ နှုတ်ဆိတ်တိုးတိတ်၊ ရိုးတိုးရိပ်တိတ် မပွင့်တပွင့်လေးတော့ ယူထားတဲ့ ရိုးလေးအရ ပြသယောင်ယောင်လေးတွေ မသိမသာ ပုန်းလျှိုးကွယ်လျှိုး လုပ်ကြ။ တယောက်နဲ့ တယောက်ကလဲ သူ့အမြီးကိုယ်နင်း၊ ကိုယ့်အမြီးသူနင်း၊ အချင်းချင်းက မြွေတွေ သားပေးသမီးယူ ပရောဂျက်တွေနဲ့ချည်း။ ဘာရိုက်ညာရိုက်တွေ မင်းတို့တော့ လိုက်နာ အချင်းချင်းတော့ ချိုးလဲ ကျိုးပါစေပေါ့။ ဒါမျိုးတွေက သပ်သပ်။ 

ဂိုဏ်းဂဏအုပ်စု ပရောဂျက်တူဒိုနာတူ အကြံတူဉာဏ်တူချင်းတော့ ဘက်ရှိတယ်။ တော်လှန်ရေးမှာသာ ဘက်မပြတ်တာ။ နောက်တမျိုးက ရန်ကုန်မှာတင် ပရောဂျက်ကျိတ်လုပ်နေတဲ့သူတွေ။ မအလ ရွေးကောက်ပွဲနား ရစ်ဝဲရစ်ဝဲလုပ်နေတဲ့ တကောင်ဆို ဘုန်းကြီးတွေ တော်လှန်ရေးထဲ ပါတာ မမြင်လို့ သုတေသနလုပ်မလို့ဆိုဘဲ။ သူ့မှာ မိသားစုလေး နှစ်ယောက်နဲ့ ဖြတ်လျှောက်တောင် မလုပ်တာကို ဟိုတပည့် လေး ငါးရာနဲ့သူတွေ မပါလို့ဆိုကဘဲ။ ဒီတော်လှန်ရေးမှာ ဘယ်လောက်ပါမပါ ကိုယ့်ကိုယ်ကိုယ် မေးပြီးရင် တော်လှန်ရေးလုပ်ဖို့ သေနတ်ကိုင်ထားတဲ့ မင်းတို့ ရှမ်းနှစ်ဖွဲ့ပဲ ဆက်မေးပါကွာလို့။ ဘယ်ဘုန်းကြီးကမှ သပိတ်မှောက်ဖို့ သပိတ်ကိုင်ထားတာ မဟုတ်ဘူးလို့။ လွတ်ရာ‌ကျွတ်ရာကနေ အပြင်မှာ ကွန်ပျူတာတလုံးနဲ့ လုပ်စားလို့ရတဲ့ ဗိုလ်စာတတ်တချို့လည်း ဒါမျိုး ပို့စ်တင် ပြောကြတာအများသား။ လုံးဝ တာဝန်မရှိဘူးဆိုတာ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးစနစ်တခုအောက် ပါရှိသူတိုင်း အကျုံးဝင်ပါတယ်။ မြို့ပေါ် အခြေမပျက်နေနေကြရသူတွေကို ပြင်ပနိုင်ငံ လွတ်ရာကျွတ်ရာကနေ ပြောက်ကျားကွက်ပြီး အပြစ်တင်နေတာမျိုး၊ ကိုယ့်အိမ်ထဲကနေ ပရောဂျက်ယူ မိသားစုနဲ့နှပ်ပြီး ကိုယ်ဆွဲချင်တဲ့ ရှုထောင့်ကနေ သုတေသနယောင်ယောင် လူလည်ကြတဲ့ စာတမ်းရေးစားတွေကလဲ သပ်သပ်နော်။

နောက်တမျိုးကတော့ အရပ်သား အုပ်ချုပ်ရေး ဆယ်နှစ်မှာ စင်ထိုးပြီး ဟစ်ချင်တိုင်းဟစ်၊ အော်ချင်တိုင်းအော်၊ ဆွချင်တိုင်းဆွ၊ ယွချင်တိုင်းယွ၊ ရေးချင်တိုင်း ရေး၊ ပေးချင်တိုင်းပေးခဲ့ကြသူတွေ။ သင်တန်းတွေ ပြောတာနော်။ အကုန်ပျောက်ဆုံး။ တချို့က တော်လှန်ရေးကို အပြစ်တင်။ တခါတရံ အမည်းရောင်ပရိုဖိုင်လေး ချိန်းပြီး တော်လှန်ရေးနဲ့ မကင်းကြောင်းလည်း ကပ်တိုးလုပ်။ 

တချို့ကတော့ တော်လှန်ရေးက စင်တော်ကောက်ခံရသူတွေကို စင်ပျောက်ပီပီ ဂျေဝင် ဘာမှမဟုတ်တဲ့ကောင်တွေလို့ထင်အောင် တောင်ရေး မြောက်ရေး အုပ်စုဖွဲ့ ဟီလာတိုက်ကြ၊ ပါ့ဘလစ်တော့ မလုပ်ရဲဘူးပေါ့။ ပြန်မန့် ပြန်မေး လိုက်လုပ်မပေးရင်တော့ ဘလော့။ ဒါမျိုး‌ ရွှေထီးပျောက်ကြိတ်ဆွေးတွေကသပ်သပ်။ 

ဘာရယ်မဟုတ်၊ ကိုယ်လဲ အားလို့ရေး။ ကိုယ့်လိုဟာတွေက သပ်သပ်။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar