Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မြနန္ဒာက မြနန္ဒာကို မလာတော့ဘူးလား

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မြနန္ဒာက မြနန္ဒာကို မလာတော့ဘူးလား

(မိုးမခ) စက်တင်ဘာ ၂၁ ၊ ၂၀၂၄


ငယုတ် လွှမ်းမိုးမှု‌ရော၊ တရုတ် လွှမ်းမိုးမှုရော၊ ရေလွှမ်းမိုးမှုရော တပြိုင်နက် ကြုံနေရတဲ့ ထူးခြားတိုင်းပြည်လေးပါ။

မြနန္ဒာအေးအောင်ကတော့ ကြားဝင်ရှုပ်တာ မဟုတ်ပါဘူးလို့ တရုတ်သံရုံး စာထုတ်အပြီး သူ့စာထပ်တင်လိုက်တာကတော့ တရုတ်မ လိမ်နေတာလို့ တဖက်လှည့်နဲ့ ထုတ်ပြောတာပါဘဲ။ မန်းနဲ့တောင်ကြီးက သူ့ဂွင်မဟုတ်တော့ တမင် မလာပါဘူးလုပ်တာ။ သူကလဲ ထည့်ချက်ကြီးကြီးနော်။ ကိုယ်တိုင်မဆင်းဘဲ တောင်ကြီးတက် မန်းလေးဆင်းမယ့်သူတွေကို လက်ဆောင်ထည့်ပေးလိုက်ရုံပါဘဲ။ နုကြည်နဲ့တော့ ခပ်စိမ်းစိမ်းပဲ နေပါ့မယ်ပေါ့လေ။ လင်မယား ရန်ဖြစ်ထားကြသလား၊ နိုင်ငံရေးတွေပဲလားတော့ မသိဘူး‌။ နုကြည် မထိနဲ့တွေတော့ ကြိတ်ခံရတာပ။ နုကြည်လဲ မေဒိကန်မြေနင်းနင်းပြီး တရုတ်ရဲ့ ပေါ်လစီသာ ထိုင်ဝမ် သောက်မြင်ကတ်ခံ ထုတ်ပြန်ပေးလိုက်ရတာ ရင်းစားတောင် ပြန်မရ ဖြစ်သွားတာပေါ့။

မအေဘေး အရှုပ်ထက် မလျော့တာကတော့ ကေပေးငယုတ်။ KBZ Pay အကောင့်အသုံးပြုပြီး ရေဘေးအတွက် အလှူငွေ လွှဲပြောင်းပေးချေသူတွေ အကောင့်အပိတ်ခံရတဲ့အတွက် အလှူငွေတွေ သွင်းမရ၊ ထုတ်မရ ဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက RFA ကို စက်တင်ဘာလ ၁၇ ရက် ဒီနေ့မှာ ပြောပါတယ်တဲ့။ 

KBZ Pay ကတဆင့် ငွေလွှဲပြောင်းတဲ့အခါ မှတ်ချက်နေရာမှာ ရေဘေးကူညီရေးအတွက်လို့ ရေးသားပေးပို့ လွှဲပြောင်းပေမဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အကောင့်ကို ယာယီပိတ်ထားကြောင်း အကြောင်းပြန်စာတွေ လက်ခံရရှိခဲ့တာတဲ့။ 

“ကျွန်မက ရေဘေးမှာ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့လုပ်နေတာပါ၊ အဲဒီမှာ ရေဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင်မသွားနိုင်ကြလို့ ကျွန်မကို ယုံကြည်တဲ့သူတွေကတစ်ဆင့် ကူညီပေးဖို့ဆိုပြီး လှမ်းငွေလွဲကြတာ၊ မှတ်ချက်ပေးရမယ် note နေရာမှာလည်း ရေဘေးအတွက်လို့ပဲ ရေးပြီးပို့ကြတာပါ။ အဲဒါကို ကျွန်မအကောင့် မနေ့က ပိတ်ခံလိုက်ရတယ်။ အကောင့်ထဲမှာ သိန်းခုနစ်ဆယ်ကျော်လောက် ရှိတယ်။ ဆက်ပြီး လက်ခံလို့လည်း မရတော့သလို၊ ကျွန်မအကောင့်ကနေ တခြားအကောင့်ကိုလည်း ပြန်လွှဲပေးလို့မရတော့ဘူး”

တပ်မတော်ကြီးနဲ့ မြနန္ဒာတို့ တရုတ် ကြောက်ရသလို KBZလဲ မအလ ကြောက်ရရှာမှာပေါ့လေ။

အိမ်နီးချင်းတွေကတော့ တယောက် တမျိုး မရိုးစေရဘဲ။ ကုလားတရုတ်တွေ၊ ပါးပါးရော၊ ထူထူရော ပုတ်နေကြတာနော်။ တရုတ်က သူ့ဂိတ်တွေ အကုန်ပိတ်ဖြဲသလို ကုလားကလဲ အားကျမခံ အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂)  ရိခေါ်ဒါရ် - ရိဒ်- ဇိုခေါ်ဒါရ် ကုန်သွယ်ရေး တံတားကို အိန္ဒိယဘက်က ပိတ်ထားတာ အချိန်နှစ်လကျော်ကြာလာတာမို့ စားနပ်ရိက္ခာ အခက်အခဲဖြစ်လာတယ်။

ရိခေါ်ဒါရ်မြို့မှာ နေထိုင်သူတွေဂာ မီဇိုရမ်ပြည်နယ်ဘက်နေ ဆန်၊ ဆီ၊ ဆား၊ ငါးပိကို အဓိက ဝယ်ယူနေကြရတာပါ။ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုနဲ့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် မြန်မာပြည်မဘက်ကနေလာတဲ့ ကုန်ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အိန္ဒိယဘက်ကနေ ကုန်ပစ္စည်းဝယ်ယူ တင်သွင်းခွင့် မပြုတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်တဲ့ဗျ။ 

"မြန်မာဘက်ကို ဘာပစ္စည်းမှ သယ်မရဘူး။ ပစ္စည်းမပြောနဲ့ ကြွပ်ကြွပ်အိတ် တစ်အိတ် ယူရင်တောင် ဂိတ်မှာ Report (အစီရင်ခံစာ) တင်ရတဲ့အထိ ဖြစ်သွားတာ။ အဲဒီလောက် တင်းကျပ်လိုက်တယ်။ ဒီဘက်မှာတော့ မြန်မာကလာတဲ့ ကုန်စိမ်းတွေ မရတော့ဘူး။ ရိဒ်ဘက်ကတော့ မီဇိုရမ်ဘက်နေ ဆန်တို့ ဆီတို့ ဝယ်မရတော့ တော်တော်ခက်ခဲတယ်။ ပစ္စည်းရှားတဲ့အပြင် ကုန်ဈေးနှုန်းလည်း အဆမတန် တက်နေတယ်” 

စကားမစပ် ဟိုအကောင်မအလက မိုးကြီးမှာကို သတိမထားမိလို့ ဆုံးရှုံးမှုတွေများရသလေးဘာလေးနဲ့ဖောနေတာကြားရတော့ DSAက မိုးလေဝသပညာရောသင်ပေးလိုက်သလားသိချင်လာတယ်။

အာဏာသိမ်းပြီး တရုတ်သတင်းစာနဲ့ တွေ့တုန်းကလည်း ဒီလောက် ဆန္ဒပြကြမယ်၊ ပီဒက်တွေပေါ်လာမယ် မထင်ဘူး ဆိုတာလေးတောင် ပြန်ကြားယောင်မိ။ 

ခပ်တည်တည်နဲ့ တနေရာ နှစ်နာရီလောက် သွားသွားဖောနေတာ ပြီးရင် မထင်လိုက်တာနဲ့ မသိလိုက်တာနဲ့ မတွေးထားဘူးနဲ့ချည်းပဲ၊ ဘာမှမယ်မယ်ရရ သိတာမရှိဘဲ တိုင်းပြည်က တက်အုပ်ချုပ်ချင်သေးတာ။ သူ့တပ် မပျက် ဘယ်တပ်ပျက်မလဲ။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar