အောင်မြင့်ဦး(မန္တလေး) - အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း
အောင်မြင့်ဦး(မန္တလေး) - အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း
(မိုးမခ) စက်တင်ဘာ ၂၀ ၊ ၂၀၂၄
မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးကို ရန်ကုန်မြို့တွင် ၁၉၃၇ ခုနှစ်ခန့်က တည်ထောင်ခဲ့သည်။ ဥက္ကဋ္ဌမှာ ဒီးဒုတ်ဦးဘချို ဖြစ်သည်။ ထို့နောက် ကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန်တွင် စာရေးဆရာများ နေထိုင်စားသောက်ရေးနှင့် လွတ်လပ်စွာ ရေးသားနိုင်ခွင့်၊ ထုတ်ဝေနိုင်ခွင့်များကို ရှေးရှု၍ ၁၉၄၂ ခုနှစ်၊ ဂျပန်ဝင်ပြီးစမှာပင် စာရေးဆရာအသင်းကို ပြန်လည်ဖွဲ့စည်းကြပြန်သည်။ ထိုနှစ်မှာပင် မန္တလေးမြို့ကို ဗဟိုထား၍ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းကို ဖွဲ့စည်းခဲ့သည်။ စစ်ကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် အသင်းသား ဦးရေမှာ များလိုက် နည်းလိုက်၊ ညီညွတ်မှုမှာလည်း ကောင်းလိုက်၊ မကောင်းလိုက်နှင့် ရှိခဲ့ပေသည်။
၁၃ဝ၆ ခု၊ ဝါဆိုလဆုတ် ၁၅ ရက်၊ ၁၉ ဇူလိုင် ၁၉၄၄ တွင် မန္တလေးမြို့ အာဠဝီစီလမ်း၊ မန္တလေးသူရိယ သတင်းစာတိုက်တွင် အထက်မြန်မာနိုင်ငံဆိုင်ရာ စာရေးဆရာများ၏ အစည်းအဝေးကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး ဖြစ်ပေါ်လာပုံ ရည်ရွယ်ချက်၊ စည်းမျဉ်းဥပဒေနှင့် ဆောင်ရွက်ချက်တို့ကို မြန်မာနိုင်ငံစာရေးဆရာအသင်း အဝေးရောက်အမှုဆောင် ကြီးပွားရေးဦးလှ (လူထုဦးလှ)က အကျယ်ဟောပြောခဲ့သည်။
ထို့နောက် အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းအတွက် နာယကလူကြီးများအဖြစ် သစ်တောဝန်ထောက်ဟောင်း ဦးမောင်မောင်ကျော်၊ သာသနာရေးညွှန်ကြားရေးဝန် ဦးချင်း၊ မန္တလေးသူရိယသတင်းစာ အယ်ဒီတာချုပ် ဦးခင်မောင်၊ အမှုဆောင်ဥက္ကဋ္ဌ ဦးကိုလေး (ဇေယျာ မောင်)၊ အတွင်းရေးမှူး သူရိယဦးသန်းမောင်၊ စာရင်းစစ်နဂါးနီ ဦးမောင်မောင်၊ အဖွဲ့ဝင်အဖြစ် တိုင်းချစ်ဦးသိန်းဖေ စသူတို့အား ရွေးကောက်တင်မြှောက်ပြီး စစ်ကိုင်းတောင်ရိုးတွင် ရောက်ရှိနေသည့် ဆရာမြမျိုးလွင်နှင့် မန်ကျည်းတုံရွာတွင်နေသော စာရေးဆရာကြီး ရွှေဥဒေါင်းတို့အား အထူးအကြံပေးပုဂ္ဂိုလ်များအဖြစ် တာဝန်များ ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
အင်္ဂလိပ် ပြန်ဝင်လာ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ခေတ်က အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းကို စာရေးဆရာ မြမျိုးလွင်၊ လူထုဦးလှ လူထုဒေါ်အမာ၊ အမ်အေဒေါ်အုန်း၊ ဒေါ်မာလာ စသော ပုဂ္ဂိုလ်များက ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ထိုစာရေးဆရာအသင်းတွင် ဥက္ကဋ္ဌ မြမျိုးလွင်၊ အတွင်းရေးမှူး လူထုဒေါ်အမာတို့ ဦးဆောင်ခဲ့ကြသည်။ သို့ရာတွင် စာရေးဆရာအသင်းစာပေလှုပ်ရှားမှုများ မရှိခဲ့ပေ။
၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် မန္တလေးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄-လမ်း) ပွဲထိုင် ကိတ်မုန့်တိုက်အပေါ် ထပ်တွင် အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း ပြန်လည် ဖွဲ့စည်း ရေး အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် သဘာပတိအဖြစ် လူထုဦးလှ၊ အခမ်းအနားမှူးအဖြစ် ရဲဘော်နေအောင်တို့က ဆောင်ရွက်ပြီး၊ အသင်းကြီးကို ပြန်လည်ဖွဲ့စည်းရန် အထူးလိုအပ်ကြောင်း၊ အကျယ်တဝင့် ပြောကြားပြီးနေက် အစည်းအဝေး တက်ရောက်လာသူ စာရေးဆရာ ဆရာမများ၊ သတင်းထောက် သတင်းစာဆရာများ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများနှင့် စာပေဝါသနာရှင် အရပ်သူ အရပ်သား လူပေါင်း ၆ဝ ၏ သဘောထားဆန္ဒကို တောင်းခံခဲ့ရာ ပုဂ္ဂိုလ်အသီးသီးတို့က အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း ဖွဲ့စည်းတည်ရှိသင့်ကြောင်း အကြံဉာဏ်ပေး၍ အများ သဘောတူဆန္ဒအရ အသင်းကြီးကို ပြန်လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် အသင်းကြီး၏ နာယက လူကြီးများနှင့် အလုပ်အမှုဆောင်များကို အများသဘောတူဆန္ဒအရ ရွေးချယ် တင်မြှောက်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် လူထုဦးလှ၊ ဒုတိယဥက္ကဋ္ဌမှာ စာရေးဆရာ ဒေါ်မာလာ၊ အတွင်းရေးမှူး ရဲဘော်နေအောင်၊ နာယကများအဖြစ် ဆရာမြမျိုးလွင်၊ ဦးတိုးအောင် (ကုသ)၊ ရွှေပြည်ဦးဘတင်၊ ဦးမောင်မောင်ကျော်၊ မြန်မာ့လမ်းစဉ် ဦးစိန်ဝင်း၊ အမ်အေဒေါ်အုန်း တို့ဖြစ်သည်။ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင် အစည်းအဝေးကို ၁၉၅ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်တွင် လက်ဆည်ကန်ရပ်ရှိ စာရေးဆရာအသင်းတိုက်တွင် ကျင်းပပြီး ဆုံးဖြတ်ချက် ၃ ရပ် ချမှတ်ခဲ့သည်။
(၁) စာဆိုတော်နေ့ စာစောင်ထုတ်ဝေရေး၊ (၂) စာဆိုတော်နေ့ ပြဇာတ်တွင် ပါဝင်ကူညီရေး၊ (၃) စာဆိုတော်နေ့ စာပေပြိုင်ပွဲတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုများကို ပထမဆု ၅၀ ကျပ်တန်၊ ဒုတိယဆု ၂၅ ကျပ်တန်များကို ချီးမြှင့်မည်ဖြစ်ပြီး ဆုချမည့် ပုဂ္ဂိုလ်များမှာ လူထုဒေါ်အမာ၊ မခင်မကြီး (ပတ္တမြားခင်)၊ ဦးနေဝင်း (ရဲထွန်းလင်း) တို့ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
၁၉၅ဝ ပြည့်နှစ် ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် အသင်း၏ လှုပ်ရှားမှုအဖြစ် “စာဆိုတော်စာစောင်”ကို ထုတ်ဝေဖြန့်ချိခဲ့သည်။ ထိုစာစောင်တွင် အတိုင်ပင်ခံစာတည်းမှာ လူထုဦးလှ ဖြစ်၍ တာဝန်ခံစာတည်းမှာ ရဲဘော်နေအောင် ဖြစ်သည်။ အသင်းကြီးက နတ်တော်လဆန်း ၁ ရက်နေ့ကို “စာဆိုတော်နေ့ အဖြစ် သတ်မှတ်ပြီး၊ မြန်မာစာဆိုတော်ကြီးမြဝတီမင်းကြီး အတ္ထုပ္ပတ္တိ'ကို သတင်းထောက်များ၊ သတင်းစာဆရာများ၊ စာရေးဆရာ ဆရာမများ ပါဝင်ပြီး ပြဇာတ်အဖြစ် မစိုးရိမ်ရုံကြီးတွင် ကပြခဲ့ကြသည်။ ပြဇာတ်ကြီးကို ၁၉၅ဝ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကပြခဲ့ခြင်း ဖြစ်သည်။
၁၉၅၁ ခုနှစ်တွင် အသင်းကြီး၏ စာပေလှုပ်ရှားမှုအဖြစ် စာဆိုတော်နေ့ အထိမ်းအမှတ်ပြဇာတ် ပြည်နဝဒေကြီး အတ္ထုပ္ပတ္တိ' ကို နိုဝင်ဘာ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ မစိုးရိမ်ရုံကြီးတွင် တင်ဆက်ကပြခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၂၉ ရက်နေ့တွင် စာရေးဆရာကြီးများဖြစ်သော ဦးမောင်မောင်ကျော်၊ ရွှေဥဒေါင်း၊ ရွှေပြည်ဦးဘတင် တို့ကို ကန်တော့ခဲ့ကြပြီး အသင်းဥက္ကဋ္ဌ လူထုဦးလှ နှင့် အမ်အေဒေါ်အုန်းတို့က မြန်မာစာပေဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့ကြလေသည်။
၁၉၅၂ ခုနှစ်တွင် စာဆိုတော်နေ့ကို ဆိုင်းတန်းရုံကြီးတွင် ချစ်ပန်းတော်ဝင်နှင့် လက်ဝဲသုန္ဒရပြဇာတ်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ထိကပြပြီး နိုဝင်ဘာ ၁၇ ရက်နေ့တွင် ဆရာကြီး ရွှေဥဒေါင်း၊ ဦးမောင်မောင်ကျော်၊ လူထုဦးလှ၊ ရွှေပြည်ဦးဘတင် တို့က စာပေဟောပြောခဲ့ကြသည်။
၁၉၅၃-ခုနှစ် စာဆိုတော်နေ့ အခမ်းအနားကို အထက်မြန်မာနိုင်ငံသတင်းစာဆရာများအသင်းတိုက်တွင် ကျင်းပခဲ့သည်။ ဆရာကြီးရွှေဥဒေါင်းကို ကန်တော့ခဲ့ကြပြီး ဓမ္မာစရိယဦးလှပိုင်၊ လူထု ဒေါ်အမာ၊ စာရေးဆရာနှင်းဦး၊ စစ်ကိုင်းအေးလွင်တို့က စာဆိုတော် နေ့အကြောင်း ဟောပြောခဲ့သည်။ ထိုနှစ်သည် မြဝတီမင်းကြီးဦးစ နှစ်တစ်ရာပြည့် အထိမ်းအမှတ်ဖြစ်၍ ဆိုင်းတန်း နေပြည်တော်ရုံကြီး တွင် မြဝတီမင်းကြီးပြဇာတ်ကို ဒီဇင်ဘာ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ကပြဖျော်ဖြေခဲ့ကြလေသည်။
၁၉၅၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ပွဲထိုင်ကိတ်မုန့်တိုက်တွင် စာဆိုတော်နေ့ကို ကျင်းပပြီး စည်သူ ဦးမောင်မောင်ကျော်၊ ဝဏ္ဏကျော်ထင် ဆရာကြီး ဦးဘခင်၊ ရွှေပြည် ဦးဘတင်တို့အား ကန်တော့ခဲ့လေသည်။
၁၉၅၆ ခုနှစ် စာဆိုတော်နေ့ အခမ်းအနားကို ညောင်ဇင်တန်းရပ်ရှိ ဆရာကြီးမြမျိုးလွင် အိမ်တွင်ကျင်းပပြီး ရွှေပြည်ဦးဘတင်၊ ရွှေမန်းဝင်းမြင့်တို့က စာပေရေးရာများ ပြောကြားခဲ့သည်။
၁၉၅၇ ခုနှစ်၊ နိုဝင်ဘာလတွင် စာဆိုတော်နေ့ကို တရုတ်တန်း ရွှေလမင်းဇာတ်ရုံကြီး၌ ဆရာကြီး ရွှေဥဒေါင်း၊ စစ်ကိုင်း ဦးဘိုး ၁ သင်း၊ မြမျိုးလွင်တို့ကို ကန်တော့ရာ ဆရာကြီးများက သြဝါဒစကား များပြောကြားပြီးနောက် စကားရည်လုပွဲတရပ်ကိုလည်း ကျင်းပ “ ခဲ့ကြသည်။ စကားရည်လုပွဲမှာ ‘ရှေးခေတ်စာပေများက ပြည်သူတို့ကို ပိုမို၍ အကျိုးပြုစေသည်”ဟူသော အဆိုကို မန္တလေးတက္ကသိုလ်မှ ဆရာဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)၊ ဆရာမရင်ရင်မြ၊ ဆရာ ဦးဆန်းထွန်းတို့က တင်သွင်းခဲ့ကြပြီး အချေဘက်တွင် လူထု ဦးလှ၊ သူရိယဦးသန်းမောင်၊ မြန်မာ့လမ်းစဉ် ဦးကြည်မြတို့က ပြန်လည် ချေပကြသည်။ ဒိုင်လူကြီးများဖြစ်သော ဦးချမ်းမြ၊ မြန်မာ့လမ်းစဉ် ဦးစိန်ဝင်း၊ အမ်အေဒေါ်အုန်း၊ မြမျိုးလွင်တို့က အမှတ်ဖြင့် ဆုံးဖြတ်ပြီး အဆိုရှင်များကို အနိုင်ပေးလိုက်သည်။
၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် စာဆိုတော်နေ့ကို သတင်းစာဆရာများ အသင်းတိုက်တွင် ကျင်းပသည်။ စာပေ အ ကြောင်းကို ရွှေဥဒေါင်း၊ လူထုဦးလှ၊ ပဟိုရ်စည် အယ်ဒီတာဦးမြ သန်း၊ စာရေးဆရာနှင်းဦးတို့က ဟောပြောခဲ့ကြသည်။
၁၉၆၀ ပြည့်နှစ် စာဆိုတော်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသည်။ ထိုပွဲတွင် သဘာပတိအဖြစ် လူထုဦးလှက ဦးဆောင်၍ စာရေးဆရာကြီးများဖြစ်သော စည်သူမောင်မောင်ကျော်၊ မြမျိုးလွင်၊ ရွှေပြည်ဦးဘတင်၊ စစ်ကိုင်းဦးဖိုးသင်း၊ ဦးချမ်းမြတို့က မြန်မာစာပေဆိုင်ရာအကြောင်းများကို ဟောပြောခဲ့သည်။
၁၉၆၁ ခုနှစ်တွင် စာဆိုတော်နေ့ကို ကြိုဆိုသောအားဖြင့် စကားရည်လုပွဲတရပ်ကို ဝင်းလိုက်ရုံတွင် နိုဝင်ဘာ ၃၀ ရက်နေ့က ကျင်းပသည်။ “ဖလင်ကော်ပြားသည် ကလောင်သွားထက်စွမ်းသည်” ဟူသောအဆိုကို ရုပ်ရှင်မင်းသား ကိုနေစိုး၊ မောင်မောင်တာ၊ နွဲ့နွဲ့စန်း တို့က တင်သွင်း၍ အချေကို စာရေးဆရာကြည်မြ၊ ရဲဘော်နေအေင်၊ တက္ကသိုလ်ဘုန်းနိုင်၊ ပြင်ဦးလွင်သဇင်တို့က ပြန်လည်ချေပရာ အချေဘက်မှ အနိုင်ရရှိခဲ့သည်။ စာဆိုတော်နေ့ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး ဆရာကြီးရွှေပြည်ဦးဘတင်၊ ဦးကြည်မြ တို့က စာပေဟောပြောခဲ့သည်။
၁၉၆၂ နိုဝင်ဘာလ ၁ ရက်နေ့ ဆရာဦးကြည်မြ အိမ်တွင် စာရေးဆရာ၊ သတင်းစာဆရာ၊ သတင်းထောက်အဖွဲ့အစည်း ၃ ဖွဲ့ ပူးပေါင်းပြီး အစည်းအဝေးတရပ် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ရွှေပြည်ဦးဘတင်၊ ရွှေဥဒေါင်း၊ စစ်ကိုင်း ဦးဘိုးသင်း၊ မြမျိုးလွင်တို့ကို ကန်တော့ရန် ဆုံးဖြတ်ခဲ့ကြပြီး ဤနှစ်တွင် ရှေးစာဆိုတော်ကြီးများ၏ အတ္ထုပ္ပတ္တိကို ပြဇာတ်အဖြစ် မကတော့ဘဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိကို ကရန် ဆုံးဖြတ်ခဲ့ကြသည်။
ရန်ကုန်မြို့ ကမ္ဘာအေးတွင် စာပေညီလာခံပြုလုပ်သော စာဆိုတော်နေ့အမီ စာအမြုတေ’စာစောင်ထုတ်ဝေရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဘဝ သရုပ်ဖော် ပြဇာတ်ကို မြို့တော်ခန်းမတွင် နိုဝင်ဘာ ၂၇ နှင့် ၂၈ ရက်နေ့တွင် ကပြခဲ့သည်။ နိုဝင်ဘာ ၂၇ ရက်နေ့ စာဆိုတော်နေ့ အခမ်းအနားတွင် သဘာပတိအဖြစ် လူထုဦးလှ၊ အခမ်းအနားမှူး ဦးကြည်မြတို့က ဆောင်ရွက်ခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးရွှေဥဒေါင်း၊ ရွှေပြည်ဦးဘတင်၊ မြမျိုးလွင်၊ စည်သူမောင်မောင်ကျော်၊ စစ်ကိုင်းဦးဘိုးသင်း တို့ကို ပူဇော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ သဘာပတိလူထုဦးလှ မိန့်ခွန်းပြောကြားပြီးနောက် ရန်ကုန်မှ ဧည့်သည်တော်များအဖြစ် ရောက်ရှိနေသော စာရေးဆရာ ဇဝန၊ သုခ၊ ဒဂုန်ရွှေမျှား၊ ပုလိပ်အရာရှိတစ်ဦးတို့က စာပေရေးရာများကို ဟောပြောခဲ့သည်။ ဆရာဦးသုခမှာ ပဒေသာကပွဲတွင် ဘဝသံသရာ သီချင်းကို တစ်ပိုဒ်ချင်း သီဆို၍ အနက်အဓိပ္ပာယ်များကို ရှင်းပြလိုက်၊ ဘဝသံသရာသီချင်း သီဆိုပြလိုက်နှင့် ဖျော်ဖြေခဲ့သည်။
အထက်မြန်မာနိုင်ငံ စာရေးဆရာများအသင်း နှစ်ပတ်လည် ညီလာခံကို ၁၉၆၃ နိုဝင်ဘာ ၃ ရက်နေ့တွင် ယူနီဗာဆယ် ကိတ်မုန့်တိုက်၌ ကျင်းပပြီး သဘာပတိမှာ လူထုဦးလှနှင့် အခမ်းအနားမှူး မောင်သိင်္ဂါတို့ ဖြစ်သည်။ သဘာပတိမိန့်ခွန်းတွင် ပြည်တွင်း ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်နှင့် ပြည်သူများ၏ သေရေး၊ ရှင်ရေးအတွက် စာရေးဆရာများက အလေးအနက်ထုတ်ဖော် ရေးသားရန် ပြောကြားခဲ့သည်။
ထို့နောက် ဧည့်သည်တော်များဖြစ်သော စစ်ကိုင်း ခရိုင်ဝန်ဦးမောင်မောင်တင်က စစ်ကိုင်းတွင်ရှိသော ဇေယျာ စာပေအသင်း၏ လုပ်ဆောင်ချက်များကို လည်းကောင်း၊ မန္တလေးတက္ကသိုလ်ဘူမိဗေဒပါမောက္ခဦးတင်အေးက မြန်မာပြည်တွင် ဘူမိဗေဒဘာသာရပ်နှင့် အခြားသိပ္ပံပညာဘာသာရပ်များကို မြန်မာလို ဘာသာပြန် ပြုစုရန် လည်းကောင်း၊ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) က စာရေးဆရာအသင်းကြီးက စာကြည့်တိုက်တစ်ခု တည်ထောင်သင့်ကြောင်းကို အသီးသီးပြောကြားခဲ့သည်။
အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ နာယကများအဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ရွှေဥဒေါင်း၊ ရွှေပြည်ဦးဘတင်၊ မြမျိုးလွင်၊ စစ်ကိုင်း ဦးဘိုးသင်း၊ ဥက္ကဋ္ဌအဖြစ် လူထုဦးလှ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ကြည်မြ၊ မောင် သိန်းနိုင်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် မောင်သိင်္ဂါ၊ တွဲဖက် အတွင်းရေးမှူးများအဖြစ် မောင်ဝင်းဖေ(မြင်းခြံ)၊မောင်မိုးသူ၊ ဘဏ္ဍာရေးမှူးအဖြစ် မောင်စောလွင်တို့ ပါဝင်ခဲ့သည်။ အသင်းကြီး၏ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ကြသော စာရေးဆရာလူကြီး၊ လူလတ်၊ လူငယ်အားလုံးကပင် “ပြည်သူ့စာပေကို ရေးကြပါ။ ပြည်သူ့ စာပေကိုသာ ရေးကြစို့၊ ဖောက်ဖောက်ပြန်ပြန် စာပေများကို ရေးသားသူများ၏ အသင်းမဖြစ်ပါစေနှင့်”ဟုဆိုကြ၊ ဆန္ဒပေးကြသည်။
ထို့နောက် “ငြိမ်းချမ်းရေးကို ရှေးရှုရမည်၊ ငြိမ်းချမ်းရေးကို ဆန့်ကျင် စာပေမျိုး မရေးကြစတမ်း” ဟူ၍လည်း သဘောတူကြသည်။ အဓိဋ္ဌာန်ပြုကြလေသည်။ ဤနှစ်ပတ်လည်ညီလာခံကို စာပေအဖွဲ့ အစည်းအသီးသီးမှလည်း သဝဏ်လွှာများ ပေးပို့ကြသည်။ သဝဏ်လွှာများမှာ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ၊ မြင်းခြံကလောင်ရှင်များအသင်း၊ သလ္လာကဗျာ ဆရာအသင်း(မုံရွာ)၊ ရှမ်းစာပေအသင်း (မန္တလေးတက္ကသိုလ်)၊ ချိုတေးသံအဖွဲ့ဝင်များအသင်း(မန္တလေး) တို့ဖြစ်သည်။
၁၉၆၃ ခုနှစ် စာဆိုတော်နေ့အခမ်းအနားကို နတ်တော်လဆန်း ၁ ရက်နေ့ (၁၆ နိုဝင်ဘာ)တွင် မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည်။ အခမ်းအနားသို့ စာပေဝါသနာရှင်များနှင့် အမြို့မြို့ အနယ်နယ်မှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြ သည်။ တက်ရောက်ကြသော စာပေဝါသနာရှင်များနှင့် စာရေးဆရာ များက သက်ကြီးဝါကြီး၊ စာရေးဆရာကြီးများဖြစ်ကြသော မြစ်သား အကျော့၊ စစ်ကိုင်း ဦးဘိုးသင်း၊ ရွှေပြည်ဦးဘတင်နှင့် မြမျိုးလွင်တို့ကို ပူဇော်ကန်တော့ခဲ့သည်။ အခမ်းအနားသို့ မတက်ရောက်နိုင်သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးရွှေဥဒေါင်းနှင့် စည်သူ မောင်မောင်ကျော်တို့အား ပစ္စည်းများပေးပို့မည် ဖြစ်သည်။
သဘာပတိ လူထုဦးလှက နတ်တော်လ တလလုံးကို စာဆိုတော်လဟု သတ်မှတ်ရန် တင်ပြရာ ဆရာကြီးရွှေပြည်ဦးဘတင်နှင့် ဆရာမြမျိုးလွင်တို့က မိန့်ခွန်းပြောကြရာတွင် ထောက်ခံပြောကြားသွားကြသည်။ ထို့နောက် စာပေနှီးနှောဖလှယ်ပွဲကို အေဝမ်းဆရာညှာရေးသားသည့် “စာပေသည် ပြည်သူ့အတွက်”ဟူသော သီချင်းကို ဝိုင်းဝန်းသီဆို၍ ဖွင့်လှစ်သည်။ ထို့နောက် လူထုဦးလှက “စာပေသည် ပြည်သူ့အတွက်”ဟူသော စာတမ်း၊ ဆရာဦးဆန်းထွန်းက “ရှေးဟောင်းမြန်မာ စာပေကို ခေတ် သစ်အမြင်ဖြင့် လေ့လာနည်း”ဟူသော စာတမ်း၊ ဦးကြည်မြနှင့် မောင် မိုးသူတို့၏ “ဝတ္ထု၏သဘောနှင့်ရည်ရွယ်ချက်” ဟူသော စာတမ်း ကို မောင်မိုးသူက ဖတ်ကြား ၀င်သွင်းသည်။ စာတမ်းအသီးသီးကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးကြသည်။ ဤနေ့မှာပင် အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ပထမဆုံး စာစဉ် (၁) အဖြစ် “အညာမြေခေတ်ကဗျာ” စာအုပ်ကို လူထုကြီးပွားရေး ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သည်။
နိုဝင်ဘာ ၁၇ ရက်နေ့တွင် စာပေနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ဆက်လက်ကျင်းပရာ ပွဲအစတွင် ရွှေကိုင်းသား (ဆရာတော် ဦးသောဘိတ)၏ “မြန်မာစာပေနှင့် ပန်းချီအနုပညာ၊ မန်းတက္ကသိုလ် မြန်မာစာပါမောက္ခ ဦးချမ်းမြ၏ “ခေတ်ဦးမြန်မာစကားပြေ အရေး အသားစာတမ်း"၊ မန်းတက္ကသိုလ်မှ ပထမဦးဆုံးစာပေဗိမာန် ဆုရ ကဗျာဆရာကန်မြဲ နန်းမြင့်နွယ်၏ “မြန်မာကဗျာနှင့် အလား အလာစာတမ်း၊ မောင်သိင်္ဂါ၏ ဘာသာပြန်စာပေအကြောင်း စာတမ်းများကို အသီးသီးဖတ်ကြားတင်သွင်းခဲ့ရာ စာပေဝါသနာရှင်များနှင့် အခြားစာရေးဆရာများက ဝင်ရောက်ဆွေးနွေးကြသည်။ ဤစာတမ်း များကို စုပေါင်း၍ “စာပေနှီးနှောဖလှယ်ပွဲ စာတမ်းများ”ဟူ၍ စာအုပ် အဖြစ် မိုးဦးပန်းစာပေမှ ၁၉၆၃ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ထုတ်ဝေဖြန့်ချိခဲ့သည်။
အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းသည် ၁၉၆၃ ခုနှစ်မှစပြီး စာဆိုတော်နေ့ ရောက်တိုင်း စာတမ်းဖတ်ပွဲများ ကျင်းပ ပြုလုပ်ပြီး ဖတ်ကြားခဲ့သောစာတမ်းများကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေ ခဲ့လေသည်။ ၁၉၆၄-ခုနှစ် စာဆိုတော်နေ့တွင် ဖတ်ကြားခဲ့သော စာတမ်းများကို “မြန်မာစာပေစစ်တမ်း”ဟူသော အမည်ဖြင့် ကမ္ဘာ့ခေတ်စာပေတိုက်မှ ၁၉၆၅-ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ပါဝင် သောစာတမ်းများမှာ ဆရာတော်ရွှေကိုင်းသား၏ “တိုင်းပြည်တွင် အဖက်ဖက်မှ ကျေးဇူးပြုခဲ့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း စာပေ”၊ ပါမောက္ခ ဦးချမ်းမြ (မြကေတု)၏ “ရှေးခေတ်စာဆို များနှင့် လောကဝတ် အစဉ်အလာ"၊ ဦးမောင်မောင်တင် (ကထိက)၏ “မြန်မာပြဇာတ် စာတမ်း”၊ ဒေါ်စီစီဝင်း (ကထိက)၏ “ကျေးလက် တေးကဗျာများ” လူထုဦးလှ၏ “ကလေးကဗျာများအတွက် စာပေ ကဗျာဆရာမောင်ဝင်းဖေ(မြင်းခြံ)၏ “ခေတ်သစ်မြန်မာကဗျာ” မေမြို့ မိုးကြည်၏ ” စကားပြေအရေးအသားနှင့် သဒ္ဒါ” ကဗျာ ဆရာ ကန်မြဲနန်းမြင့်နွယ်၏ “လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်”၊ မောင် သိင်္ဂါ၏ “စာပေဝေဖန်ရေး” စာတမ်းများဖြစ်သည်။
၁၉၆၅ ခုနှစ် စာဆိုတော်နေ့တွင် ဖတ်ကြားခဲ့သော စာတမ်းများမှာ ဆရာတော် ရွှေကိုင်းသား၏ “ဝက်မစွတ်နဝဒေး၏ စာပေအရည်အသွေးနှင့် နိုင်ငံရေးခံယူချက်”၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၏ “ရှေးဦးဗမာစာ”၊ စကားပြေကော်မရှင်က ပြုစုပြီး မောင်သာနိုးတင်သွင်းဖတ်ကြားတဲ့ “ဗမာစာပေအရေးအသား၊ စာပေကော်မရှင်က ပြုစုပြီး မြင်းခြံသားကဗျာဆရာနဲ့ ဇဂျမ်းသား ကဗျာဆရာတို့ တင်သွင်းဖတ်ကြားခဲ့တဲ့ “ယနေ့ဗမာစာပေ” များပင် ဖြစ်သည်။ ထိုစာတမ်းများကို ၁၉၆၆-ခုနှစ်တွင် ကမ္ဘာ့ခေတ် စာပေတိုက်မှ “ဗမာစာပေအရေးအသားသစ်နှင့် စာတမ်းများ” အမည် ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ထဲတွင် မန္တလေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ပါမောက္ခချုပ် ဦးကျော်ရင်၏ “ပြောသလိုပဲရေးမှ မှန်တယ်ထင် စွတ်သာလုပ်သွား၊ လိုက်လုပ်လိမ့်မယ်၊ ဆင်သွားရင်လမ်း ဖြစ်တယ်” ဟူသော အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ‘ပြောတဲ့အတိုင်း ရေးမယ်” အဆိုကို ဆွေးနွေးဝေဖန်ချက် မိန့်ခွန်းအဖြစ် ထည့်သွင်း ဖော်ပြထားသည်။
ဤ ၁၉၆၅ ခုနှစ်ကို “ကလေးစာပေနှစ်”ဟု သတ်မှတ်၍ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ စာပေပြုစုရေးအဖွဲ့ငယ်မှ (၅ ဒီဇင်ဘာ ၁၉၆၅)ခုနှစ်တွင် “ဖိုးလမင်း ကဗျာများ” စာအုပ်ကို ထုတ်ဝေခဲ့သေးသည်။
၁၉၆၆-ခုနှစ် စာဆိုတော်နေ့တွင် ဖတ်ကြားခဲ့သော စာတမ်းများကို “၁၃၂၈ စာပေစာတမ်းများ အမည်ဖြင့် လူထုကြီးပွား ရေးပုံနှိပ်တိုက်မှ ၁၉၆၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ပါဝင်ခဲ့သော စာတမ်းများမှာ ရွှေကိုင်းသား “မြဝတီမင်းကြီးဦးစဘဝနဲ့ စာပေ၊ ဂီတ လေ့လာသုံးသပ်ချက်”၊ သန်းထွတ် (ဆရာအတင်သင်) “သိပ္ပံမောင်ဝနဲ့ ခေတ်စမ်းစာပေ၊ ဘုတလင်ချစ်လေး “လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ ဘဝနဲ့စာပေ”၊ ကဗျာဆရာနန်းမြင့်နွယ် “ကဗျာသစ်ထွင်ကြတဲ့ အစဉ်အလာ” မောင်တင်ရွှေ “သခင်ကိုယ်တော်မှိုင်းခေတ်၊ သခင်ကိုယ်တော်မှိုင်းစာ”၊ လူထုဦးလှ “နိုင်ငံခြားစာရေးဆရာကြီးတချို့ ဘယ်လို အလုပ်လုပ်ကြသလဲ၊ ကျွန်တော်တို့ကော ဘာတွေ ဘယ်လို ရေးကြမလဲ”၊ ဆရာကြီးမြမျိုးလွင်ရဲ့ “ဆရာကြီးမြမျိုးလွင်နဲ့ လေးပဲတန် ဝတ္ထုခေတ်” ကဗျာဆရာဝင်းဖေ (မြင်းခြံ) “အရင်းရှင်စာပေအယူအဆများနဲ့ ဆိုရှယ်လစ်စာပေအယူအဆများ”၊ စစ်ကိုင်းအေးလွင် “မဟာဆွေနဲ့ သူ့စာပေ”၊ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်း “မန္တလေးမြေပုံများ”၊ မောင်သိန်းနိုင် “ကနေ့ မြန်မာစကားပြေအရေးအသား”၊ သိန်းသန်းထွန်း “လူငယ်ကြိုက်စာရေးဆရာနဲ့လူငယ် စာဖတ်ပရိသတ်” စာတမ်းတို့ ဖြစ်သည်။
၁၃၃၀ ပြည့်နှစ် ဝါဆိုလမှာ မြန်မာဂန္ထဝင်မှာ အင်မတန် ထင်ရှားသည့် ရဟန်းစာဆိုတော်ကြီး ရှင်မဟာရဋ္ဌသာရ ဖွားမြင်တာ နှစ် ၅၀၀ ပြည့် ဖြစ်သည်။ ရှင်မဟာရဋ္ဌသာရ နှစ် ၅၀၀ ပြည့်ပွဲကြီးကို အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးက ကျင်းပပြုလုပ်ပြီး စာတမ်းများ ဖတ်ကြားခဲ့သည့်။ ရွှေကိုင်းသား “ရှင်မဟာရဋ္ဌသာရ သီတင်းသုံးခဲ့ဖူးသည့် စစ်ကိုင်းအင်းဝမှ အမှတ်တရဌာနများ”၊ ဦးဆန်းထွန်း “ရှင်မဟာရဋ္ဌသာရ၏ စိတ်နေစိတ်ထား”၊ “ဒေါက်တာ သန်းထွန်း “သက္ကရာဇ် ၈၆ဝ လောက်က လူမှုရေး၊ ကထိကဦးမောင် မောင်တင် “ရှင်မဟာရဋ္ဌသာရ၏ စာစုသမိုင်းစာတမ်း”၊ ကဗျာဆရာ နန်းမြင့်နွယ် စာဆိုနှစ်ပါးစိုက်ပျိုးခဲ့တဲ့အပင်”၊ မောင်သာနိုး “ပုလဲပန်း’ရဲ့ သဒ္ဒါလင်္ကာရ”၊ လူထုဦးလှ “အင်းဝခေတ် စာဆိုဆရာတော် သုံးပါး”၊ မောင်သိန်းနိုင် “မြန်မာစာပေသမိုင်းမှာ ရှင်မဟာရဋ္ဌသာရ ပါဝင်တဲ့ အခန်းကဏ္ဍတို့ ပါဝင်သည်။ ဒီစာတမ်းတွေကို ၁၉၆၈ ခုနှစ်၊ သြဂုတ်လမှာ ရဲရင့်စာပေက တာဝန်ယူထုတ်ဝေပါသည်။
၁၉၆၈-ခုနှစ်တွင် အထက်မြန်မာနိုင်ငံစာရေးဆရာ အသင်းမှ ဖတ်ကြားခဲ့သော စာတမ်းများမှာ ရွှေကိုင်းသား” ပတ်ဝန်းကျင်လေ့လာမှု အနှစ် ၃၀ ကျော် သုတေသနခရီးသို့”၊ အိုနိုတိုးရု (မဟာဝိဇ္ဇာ) “ဒေသန္တရသုံးဗမာစကားများ”၊ ဇဝန “စာဆိုတော်ပွဲအစ” ၌ ၊ သုခ “ပထမဆုံး စာဆိုတော်နေ့ ပြဇာတ်အတွေ့ အကြုံ”၊ မောင်သာနိုး “ဗမာစာပေအရေးအသားသစ်ရဲ့ ပြဿနာများ”၊ ဦးကြာထွန်း 5 “ယောနယ်စကား”၊ တိုးလှ “ပဒုံမင်းလက်ထက်ဗမာစာပေ”၊ ကဗျာ ၁ ဆရာဝင်းဖေ (မြင်းခြံ) “၂၅-နှစ်တာ ကဗျာခရီး”၊ ကဗျာဆရာ 5. နန်းမြင့်နွယ် “ကဗျာလမ်း”၊ မြဇင် “ခေတ်ပေါ်ကဗျာ၊ ခေတ်ပေါ် = အာရုံခံစားပုံ”၊ ဒွါရဝတီဘုန်းလူ “တက္ကသိုလ်နွယ်ထွန်း”၊ မင်းလှဂုဏ်ရောင် “၂၅-နှစ်အတွင်း ထုတ်ဝေခဲ့ကြတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ ဒေါက်တာသန်းထွန်း “မန္တလေးဖြစ် အမျိုးသား စိတ်၊ တောင်တွင်းကြီးကိုကိုကြီး “ရသစာပေနဲ့ ဂေါ်ကီ”၊ သန်းထွတ် (ဆရာအတတ်သင်) “စစ်ပြီးစ စာပေလှုပ်ရှားမှု၊ ဦးမောင်မောင်တင် (ကထိက) “မြန်မာဘာသာစာပေနှင့် တိုင်းရင်းဘာသာလေ့လာမှု”၊ လူထုဦးလှ “စာရေးမယ့်လူငယ်များသို့ ” ကျောက်စာဝန်ဟောင်း ဆရာကြီးဦးမြ၏ “သြဝါဒစာတမ်းများ” ပါဝင်သည်။ ထိုစာတမ်းများကို စာအုပ်အဖြစ် လူထုကြီးပွားရေးပုံနှိပ်တိုက်က တာဝန်ယူ ထုတ်ဝေပါသည်။
၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာ ၁ဝ ရက်၊ မန္တလေးစာဆိုတော်နေ့ ခင် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲမှာ ဟောပြောတဲ့ ဆရာကြီး ဦးမြ “သြဝါဒစာတမ်း” ရွှေကိုင်းသား “စကြာဝဠာကို လေ့လာခြင်း”၊ လူထုဦးလှ ဘိုးဝဇီရကို အနီးကပ်လေ့လာချက်”၊ ဒေါက်တာသန်းထွန်း “အမှိုက်ထဲက သမိုင်း”၊ ရှေးဟောင်းကရင်စာပေကော်မတီ “ဖူးနဲစဗို”၊ လူထုဒေါ်အမာ “ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာပေဝေဖန်ရေး”၊ ကဗျာဆရာဝင်းဖေ (မြင်းခြံ) “ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာ ဟန်တစ်ကွက်”၊ မောင်သာနိုး ခေတ်ပေါ် ဗမာစာပေအရေးအသားရဲ့ ခွန်အား” ကဗျာဆရာနန်းမြင့်နွယ်“ကဗျာဆိုင်ရာ ပြဿနာတချို့ ” မောင်ကြည်မှူး နတ်သျှင်နောင်ရဲ့ကဗျာ၊ ငြိမ်းချမ်းရေးညွန့်တင် “ကျပင်းသဘင်စာလေ့လာမှုနိဒါန်း” မောင်သစ်လွင်(လူထု) –ဒီနေ့ ဗမာစကားပြေနဲ့ သတင်းစာဆရာဘိုးအေကြီးများ ကြိုးပမ်းချက်၊ တိုးလှ “လူမှုဘဝပုံဖော်တဲ့ ခေတ်ဟောင်းစာပေတွေ ဖော်ထုတ်ရေး”၊ မောင်သိန်းနိုင် “ဗမာတောင်သူလယ်သမား ဝတ္ထုတွေထဲက ဇာတ်ဆောင်တွေ” စတဲ့ စာတမ်းများကို “စာပေအင်အား”အမည်ဖြင့် လူထုကြီးပွားရေးပုံနှိပ်တိုက်က ၁၉၇၀-ခု မတ်လတွင် ထုတ်ဝေခဲ့သည်။
၁၉၇၀ ပြည့်နှစ်၊ မန္တလေးစာဆိုတော်နေ့ အခမ်းအနားတွင် ဖတ်ကြားခဲ့သော စာတမ်းများကို စုပေါင်း၍ လူထုကြီးပွားရေးပုံနှိပ်တိုက်မှ “စာပေလုပ်သားအင်အားသစ်”အမည်ဖြင့် ၁၉၇၁-ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဤစာအုပ်တွင် ပါဝင်သော စာတမ်းများမှာ ကျောက် စာဝန်ဦးမြ၏ “သြဝါဒစာတမ်း”၊ ရွှေကိုင်းသားဆရာတော် ဦးသောဘိတ “စာအကြောင်းပေအကြောင်း”၊ မောင်သိန်းနိုင်၊ မောင်သစ်လွင်(လူထု)၊ တက္ကသိုလ်မောင်ထွန်းဝ ပြုစုပြီး၊ မောင် သိန်းနိုင်ဖတ်ခဲ့တဲ့ “မြမျိုးလွင်ရဲ့စာ”၊ မောင်သာနိုးနဲ့ ကဗျာဆရာ နန်းမြင့်နွယ်ပြုစုပြီး၊ ကဗျာဆရာဖတ်တဲ့ “ဒေါက်တာမောင်ဖြူးသူ့ဘဝ သူ့စာ”၊ ဒေါက်တာသန်းထွန်း “ဗမာနိုင်ငံကျောက်ခေတ်သမိုင်း” မန္တလေးတက္ကသိုလ်ပါမောက္ခဦးကိုလေး (ဇေယျာမောင်) “ဗြိတိသျှ လက်အောက် ၁၉၃၄-၃၅ ခုနှစ် တစ်ဝိုက် မန္တလေးမှ လူငယ်တစ်စုရဲ့ စာပေလှုပ်ရှားမှုတစ်ရပ်နဲ့ တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲများ” လူထုဒေါ်အမာ “ဗမာသံတွေ ပျောက်ကုန်ပြီ”၊ သိန်းသန်းထွန်း “အင်းသားများရဲ့တိုက်တေးအနုပညာ၊ ကဗျာဆရာ ဝေဖန်ရေးဆရာ ကိုဝင်းဖေ(မြင်းခြံ)၊ “ဒီနေ့ကဗျာပြဿနာ” စာတမ်းပါဝင်သည်။ သို့သော် စာအုပ်၏ နေရာအခက်အခဲကြောင့် စာတမ်း ၄ စောင် ချန်လှပ်ထားခဲ့ရသည်။ ထိုစာတမ်းများမှာ မြဇင် “ကဗျာ့ပုံဆိုင်ရာ ပြဿနာတချို့” တိုးလှ “ပဒေသရာဇ်ခေတ်ပေါ် ရာဇဝင်ကျမ်းများ၊ ကချင်ရဲဘော်ရဲ့ကချင်စာပေနိဒါန်း”နှင့် “ရှေးဟောင်း ကရင်စာပေနဲ့ ယဉ်ကျေးမှုကော်မတီက ပေးပို့တဲ့ “ကရင်စာဆို ဖုနာပညာ (ဦးပညာ)” စာတမ်းများ ဖြစ်သည်။ ထိုစာတမ်းများကို ၁၉၇၁’ခုနှစ်တွင် ဖတ်ကြား မည်။ စာတမ်းများနှင့် ပေါင်းပြီး စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေမည်ဟုလည်း ဖော်ပြပေးထားပါသည်။
နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိတဲ့ စာဆိုတော်နေ့ သက်ကြီးဝါကြီး စာပေပညာရှင်များ ကန်တော့ပွဲကို နတ်တော်လဆန်း (၁)ရက် (၆ ဒီဇင်ဘာ ၁၉၇၂)မှာ မန္တလေးမြို့ အနောက်ကျုံးလမ်း ဓမ္မဗိမာန်မှာ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကျင်းပ ပြုလုပ်ပါသည်။ အခမ်းအနားမှာ ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား)၊ ကျောက်စာဝန်ဟောင်း ဆရာကြီး ဦးမြ၊ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီးရွှေဥဒေါင်းနဲ့ ဆရာကြီးစစ်ကိုင်းဦးဘိုးသင်းတို့ကို ကန်တော့ကြသည်။
ဆရာကြီးဦးဖေမောင်တင်နှင့် စစ်ကိုင်း ဦးဘိုးသင်းမှာ အခမ်းအနား တက်ရောက်နိုင်ခြင်း မရှိချေ။ ကန်တော့ပွဲတွင် ဆရာတော်ဦးသောဘိတနှင့် ဆရာကြီးဦးမြတို့က “သြဝါဒ စကားမိန့်ကြားခဲ့သည်။ ဆရာကြီးရွှေဥဒေါင်း၏ ဩဝါဒ အမှာကို ဆရာကြီးကိုယ်စား မောင်သစ်လွင်(လူထု)က ဖတ်ကြားပြီး ဆရာကြီးဦးဖေမောင်တင်၏ သြဝါဒအမှာကိုတော့ ကဗျာဆရာ နန်းမြင့်နွယ်က ဖတ်ကြားပါသည်။
၁၉၇၂ ခုနှစ် နိုင်ငံတကာစာအုပ်နှစ် အထိမ်းအမှတ်တွင် ဖတ်ကြားသော စာတမ်းများမှာ ရွှေကိုင်းသား “အာကာသဖတ်စာအုပ်ကြီးထဲက သေးသေးတင်တစ်လုံးလို့ ခေါ်ရ မယ့် ဥက္ကာခေါ်တဲ့ ကြယ်ပျံများ”၊ လူထုဒေါ်အမာ့ “ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး”၊ ကိုဝင်းဖေ (မြင်းခြံ)၊ နန်းမြင့်နွယ်၊ ကိုသာနိုး “ကနေ့ ဗမာစာပေရှုခင်း၊ မန္တလေးတက္ကသိုလ်စာကြည့်တိုက်မှူးဦးမောင် မောင် စာကြည့်တိုက်များပြည်သူကို အကျိုးပြုပုံ”၊ လူထုဦးလှ “လူ့မိတ်ဆွေစာအုပ်၊ တိုးလှ “ကုန်းဘောင်ခေတ်ပိဋကတ်တိုက်များ၊ ဒေါက်တာသန်းထွန်း “ဖတ်စာအုပ်သမိုင်း”၊ ကျော်မင်းကျော်၊ မောင်သစ်လွင်(လူထု) “စစ်ပြီးခေတ် စာအုပ်လောက”၊ မြန်မာစာ ပါမောက္ခ ဦးချမ်းမြ “မြန်မာစာနယ်ဇင်းသမိုင်း”၊ ပါဠိပါမောက္ခ ဦးတင်လွင် “ပါဠိမြန်မာနိဿယကျမ်းများ”၊ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် စာပေမွေ့လျော်မှု ပျိုးထောင်ခြင်း၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း နိုင်ငံတကာစာအုပ်နှစ် ဗြပွဲ မှတ်တမ်း (ရန်ကုန်၊ မန္တလေး)၊ လူထုဦးလှ “ဆရာကြီး ဦးဖေမောင်တင်”၊ လူထုဒေါ်အမာ “ကျောက်စာဝန်ဟောင်းဦးမြ” စာတမ်းများကို “လူ့မိတ်ဆွေစာအုပ်” (မန္တလေးနိုင်ငံတကာ စာအုပ်နှစ်အထိမ်းအမှတ်စာတမ်းများ) အမည် ဖြင့် ၁၉၇၃-ခု မေလတွင် လူထုကြီးပွားရေး ပုံနှိပ်တိုက်မှထုတ်ဝေခဲ့လေသည်။
အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းသည် စာဆိုတော်နေ့ရောက်တိုင်း သက်ကြီးဝါကြီး စာရေးဆရာကြီးများကို ကန်တော့ပြီး ဆရာကြီးများ၏ သြဝါဒကို ခံယူခဲ့ကြသည်။ ရှေးစာဆိုကြီးများ၏ အတ္ထုပ္ပတ္တိဇာတ်လမ်းကို ပြဇာတ်အဖြစ် ကပြခဲ့ကြသည်။
သို့သော် ၁၉၆၃ ခုနှစ်မှ စတင်၍ စာပေလောကအတွက်၊ ပြည်သူလူထုအတွက် အကျိုးရှိစေရန် ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ထိုစာတမ်းများကိုလည်း စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ရည်ရွယ်ချက်၊ ရပ်တည်ချက်များကို သိလိုလျှင် ထိုစာတမ်းများကို ဖတ်ရှုရမည်ဖြစ်သည်။ ယခု ဆောင်းပါးမှာ အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း၏ စာပေလှုပ်ရှားမှုများကို မှတ်တမ်းသဖွယ် ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။
စာကိုး၊ လူထုသတင်းစာများ
အောင်မြင့်ဦး(မန္တလေး)
အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းထုတ်စာအုပ်များ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar