မသခ - ခေါင်းစဥ်မရှိဘူး
မသခ - ခေါင်းစဥ်မရှိဘူး
(မိုးမခ) စက်တင်ဘာ ၁၈ ၊ ၂၀၂၄
ဒီနေရာမှာ
တောင်တွေလည်း မတန်းတော့
မြစ်တွေလည်း မဝှမ်းတော့ဘူး။
ရွာအဝင်လမ်းမှာ
တမာပင်တန်းတွေ မရှိတော့ဘူး။
လယ်ကွင်းထဲမှာ
သူငယ်ချင်းတွေလည်း မရှိတော့ပါဘူး။
စပါးခင်းနဲ့
နွားတစ်ရှဥ်းလည်း မရှိတော့ဘူး။
တံတားလည်း မရှိ
ဘုရားလည်း မရှိတော့ဘူး။
ကဗျာစပ်ဦးတော့
ဖတ်မယ့်လူ မရှိတော့ပါဘူးလေ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar