Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကိုးကန့်စကား ကိုးကန့်တရား

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကိုးကန့်စကား ကိုးကန့်တရား

(မိုးမခ) စက်တင်ဘာ ၂၂ ၊ ၂၀၂၄


TMmedia က ကိုးကန့်ထုတ်ပြန်စာကို ၉ ချက် ခွဲပြတယ်။ တကယ်တော့ စိတ်ပူစရာ တချက်မှ မတွေ့သလို တော်လှန်ရေးအားပျော့စရာလည်း တချက်မှ မတွေ့ပါဘူး။ 

၁။ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်ပါဘူး၊ စစ်မြေပြင် မတိုးချဲ့ပါဘူးလို့ ပြောပါတယ်။ 

အဲဒီအချက်ကတော့ သူ လိုက်တိုက်စရာ မလိုတဲ့နေရာတွေမို့ ပြောတာပါပဲ။ သူ့နယ်လည်း မဟုတ်ဘူးလေ။ ရှုပ်ထွေးမှုလည်း အများကြီးရှိနိုင်တာကိုး။ 

၂။ ချက်ချင်း အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးရေးလမ်းစဉ်နဲ့ အဖြေရှာမယ်လို့ ပြောပါတယ်။

ဒါကတော့ သူ ထိန်းချုပ် သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ဗုံးလာမကြဲအောင်လို့ပါပဲ။ 

၃။ တရုတ်ကို ဆန့်ကျင်တဲ့နိုင်ငံတွေနဲ့ မပူးပေါင်းဘူး၊ မဆက်ဆံဘူး၊ မဟာမိတ်မဖွဲ့ဘူးလို့ ကတိပေးသလို ပြောပါတယ်။ 

ဒါကလည်း သူက နိုင်ငံတခု မဟုတ်လို့ ပူးစရာပေါင်းစရာမှ မရှိတာ။ 

၄။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေးအရရော နိုင်ငံရေးအရပါ ပူးပေါင်းဖို့ လုံးဝမရှိဘူးလို့ ပြောပါတယ်။

ဒါကတော့ တရုတ်အကြိုက် အပေါ်ယံကိစ္စပါပဲ။ တကယ့်ဆက်ဆံရေးက ရှိနေမှာပါပဲ။ 

၅။ မြန်မာ အခြေအနေကို တရုတ်က ကြားဝင်စေ့စပ်ပေးဖို့ ပြောပါတယ်။

ဒါကတော့ ဆရာကျတာပေါ့လေ။ မဟုတ်လည်း အဲနေရာ တရုတ်က ရှိနေပြီးသားကိုး။ 

၆။ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်ကို လုံးဝ ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောပါတယ်။ 

ဒါက သူ့ ရည်ရွယ်ရာ ပန်းတိုင်ပဲလေ။ 

၇။ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ ပြောပါတယ်။ 

ဒါကတော့ စကစကို ထပ်ကြဲရင် လာတိုက်ရင် တွမ်မယ် ပြောတာပဲ။ 

၈။ နိုင်ငံတော်အာဏာကို မလုဘူးလို့ ကတိပေးသလို ပြောဆိုပါတယ်။

ဒါက ဘာမှမဆန်း။ 

၉။  နိုင်ငံတော်ကနေ ခွဲထွက်ပြီး သီးခြားနိုင်ငံအသစ် ထူထောင်တာမျိုး မလုပ်ဘူးလို့ ကတိပေးသလို ပြောပါတယ်။

ဒါလည်း မဆန်း။

အေးဆေးပါ။ သူ့အလုပ်သူ ဆက်လုပ်နေကြပါတယ်လို့ပဲ ယုံကြည်ပါတယ်။ တော်လှန်ရေးလမ်းကြောင်းပေါ်မှာပဲ အားလုံးရှိနေကြပါတယ်လို့ သဘောရပါတယ်လေ။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar