ခင်ဇော် - နာကျင်ဖော်
ခင်ဇော် - နာကျင်ဖော်
(မိုးမခ) စက်တင်ဘာ ၁၇ ၊ ၂၀၂၄
တယောက် လဲရင်
တယောက်က ထူ။
တယောက် ပူရင်
တယောက်က မှုတ်။
ဒါဆို...
မေတ္တသုတ် ရွတ်စရာမလို။
လာကွယ်....
ငါ့လက်ကို ခို
ညဘက်ဆို မငိုနဲ့။
မင့်မျက်ရည် ယိုကာစီးရင်
စပယ်တွေ ရေပိုကြီးပြီး
ငိုညည်းရက် ရှည်မှာကွဲ့။
ခင်ဇော်
15/9/2024
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar