ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းပေါ်က မဟုတ်မမှန်သော သတင်းများ လုပ်ကြံသတင်းများက အမေရိကန်ရွေးကောက်ပွဲကို ဘယ်လို ထိခိုက်စေမလဲ
ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းပေါ်က မဟုတ်မမှန်သော သတင်းများ လုပ်ကြံသတင်းများက အမေရိကန်ရွေးကောက်ပွဲကို ဘယ်လို ထိခိုက်စေမလဲ
နိုင်ငံတကာသာဂိ (မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၄ရည်ညွှန်း How A.I., QAnon and Falsehoods Are Reshaping the Presidential Race
Three experts on social media and disinformation share their predictions for this year’s chaotic election.
By Stuart A. Thompson
Newyork Times သတင်းစာ စက်တင်ဘာ ၁၇၊ ၂၀၂၄
ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် ကောလာဟလများ၊ လုပ်ကြံထားသည့် မဟုတ်တန်းတရားသီအိုရီများနှင့် ဉာဏ်ရည်တု၏ ဖန်တီးမှုများဖြင့် ညစ်ညမ်းနေပါသည်။ သမ္မတဟောင်း Donald J. Trump သည် နိုင်ငံတစ်ဝှမ်းရှိ ၎င်း၏ မဟာမိတ်များနဲ့အတူ လက်တွဲပြီး ရွေးကောက်ပွဲရလဒ်များကို ငြင်းဆိုခြင်း လုပ်ဆောင်နေသောကြောင့် ရွေးကောက်ပွဲဆိုင်ရာ ခိုင်မာမှုနှင့်ပတ်သက်၍ သံသယများ ဆက်လက်ကြီးထွားလာခဲ့သည်။
မဲဆန္ဒရှင်တွေ ဘယ်လောက်စိုးရိမ်သင့်လဲ
သတင်းမှားများနှင့် လုပ်ကြံသီအိုရီများ၏ ယခုနှစ်တွင် လုပ်ဆောင်နေသည့် အခန်းကဏ္ဍကို ပိုမိုနားလည်ရန် New York Times မှ မဟုတ်မမှန်လုပ်ကြံသတင်းနှင့် ဆိုရှယ်မီဒီယာအကြောင်း စာအုပ်ရေးသားသူ သုံးဦးကို ၎င်းတို့၏အမြင်များနှင့် ခန့်မှန်းချက်များကို မျှဝေရန် တောင်းဆိုခဲ့သည်။

ရွေးကောက်ပွဲ ငြင်းဆိုမှုမှသည် အကြမ်းဖက်မှုများ ပေါက်ဖွားလာနိုင်သည့် အန္တရာယ်မှာ Trump ထောက်ခံသူများသည် မဲလိမ်လည်မှုများဟု ဆိုကာ လွှတ်တော်အဆောက်အအုံကို ၀င်ရောက်စီးနင်းလာမှု အလားအလာဖြစ်သည်။ သို့သော် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် လိမ်ညာလှည့်ဖြားမှုများနှင့် ကောလာဟလများမှာ လက်ရှိနိုင်ငံရေးပါတီများနဲ့ ထောက်ခံသူများ၏ ဘီလျံချီသုံးစွဲနေသော မဲဆွယ်ကြော်ငြာများအောက်တွင် တိမ်မြုပ်သွားနိုင်သည်။
မေး။ လုပ်ကြံဖန်တီးမှုသီအိုရီတွေနဲ့ သတင်းမှားတွေက ဒီနှစ် သမ္မတ ရွေးကောက်ပွဲ ရလဒ်အပေါ် လွှမ်းမိုးသွားမှာကို သင် ဘယ်လောက်စိုးရိမ်ပါသလဲ။
ကွတ်- မဲဆန္ဒရှင်တွေကို လှုံ့ဆော်တာထက် အကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေးတဲ့ မှားယွင်းတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ပိုစိုးရိမ်မိပါတယ်။ Capitol မှာ တော်လှန်ပုန်ကန်မှုလိုမျိုး နောက်ထပ် ကြီးမားတဲ့ အဖြစ်အပျက်ကို တွေ့မယ်လို့ မထင်ပါဘူး။ ပို၍ဖြစ်နိုင်သည်မှာ နိုင်ငံတစ်ဝှမ်းရှိ ဒေသန္တရ ရွေးကောက်ပွဲ လုပ်အားပေးများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် ပြန့်ကျဲနေသော အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဖြစ်နိုင်ချေရှိသည်။ စစ်တမ်းကောက်ယူမှုတွင် လုပ်အားပေးသုံးဦးလျှင် တစ်ဦးထက်မက ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် အလွဲသုံးစားလုပ်ခြင်းတို့ကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြသည်။ ဒါဟာ တကယ်ကို ကြောက်စရာကောင်းပါတယ်။
Issenberg- နိုင်ငံရေးပါတီတွေက သူ့မဲဆန္ဒရှင်တွေကို ကြိုတင်သတ်မှတ်ထားပြီး ပါတီစွဲထားပြီး မဲဆန္ဒရှင်တွေအချင်းချင်းကလည်း သဘောထားကွဲလွဲနေတာကြောင့် သူတို့တွေ စိတ်ပြောင်းသွားဖို့က အခွင့်အလမ်းနည်းပါတယ်။ ၎င်းတို့ကို မလွတ်တမ်းဆွဲဆောင်ရန် ဒေါ်လာဘီလီယံနှင့်ချီ၍ သုံးစွဲထားပြီးဖြစ်ပြီး၊ အဲသည်ကနေ လွဲချော်တဲ့ အကြောင်းအရာတခုခုကို ချပေးဖို့ ခဲယဉ်းနေပါတယ်။
မေး - လုပ်ကြံမှု မဟုတ်တန်းတရားသီအိုရီများ— QAnon နှင့် ကာကွယ်ဆေး ဆန့်ကျင်ရေးလှုပ်ရှားမှုများကဲ့သို့ — သည် နှစ်ပေါင်းများစွာ မဲဆန္ဒရှင်များ၏ အစိတ်အပိုင်းအများအပြားကို ချုပ်ကိုင်နိုင်ခဲ့ပြီး ထိုလှုပ်ရှားမှုများသည် တကယ့်နိုင်ငံရေးအာဏာရလာမည်ကို စိုးရိမ်မှုများ တိုးပွားစေပါသလား။
Cook- X တွစ်တာချန်နယ် ၊ YouTube နဲ့ Facebook ကိုပဲ စောင့်ကြည့်လိုက်ပါ။ ယခုအခါ သတင်းမှားနဲ့ လုပ်ကြံသတင်းဖြန့်ချိသူများ၏ ထောက်ခံအားပေးမှုများသည် သန်းနှင့်ချီရှိနေပြီး ၎င်းတို့က ရွေးကောက်ပွဲကို စွက်ဖက်လွှမ်းမိုးရန် ဝါဒဖြန့်နေကြသည်။ နိုင်ငံရေးသမားများက ၎င်းတို့အား သူတို့အတွက် အသုံးချရန် ကြိုးစားနေကြသည်။
DiResta- 2023 ခုနှစ် စစ်တမ်းများအရ ရီပတ်ဘလစ်ကန်မဲဆန္ဒရှင်အများစုနှင့် အမေရိကန်ပြည်သူ 30 ရာခိုင်နှုန်းခန့်က ပရိသတ်များက 2020 ရွေးကောက်ပွဲကို မဲလိမ်ခံထားရသည်ဟု ယုံကြည်ဆဲဖြစ်သည်။ ၎င်းအစွန်းရောက်အမတ်များက ရွေးကောက်ပွဲငြင်းဆိုခြင်းကို ခွင့်ပြုပေးသည့် ဥပဒေမူကြမ်း ဒါဇင်ပေါင်းများစွာကို အနည်းဆုံး ပြည်နယ် 25 ခုတွင် တင်သွင်းခဲ့ပြီး ဤပြဿနာသည် အရီဇိုးနားနှင့် ကွန်ဂရက်တို့ကဲ့သို့ နေရာများတွင် နိုင်ငံရေးကို လွှမ်းမိုးလျက်ရှိပါသည်။
Issenberg - ၎င်းတို့အားလုံးသည် ရီပတ်ဘလီကန်ပါတီ၏ အမတ်များ နိုင်ငံရေးသမားများ အများစုဖြစ်သည်။ လုပ်ကြံအမှားတရားသီအိုရီများကို အားပေးရန် ယေဘူယျဆန္ဒရှိခြင်းသည် ပါတီ၏ အဓိကလမ်းစဉ် ဖြစ်လာသည်။
မေး - သမ္မတ Trump ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပြီးတွင် လုပ်ကြံအမှားတရားသီအိုရီများနှင့် သတင်းမှားများ တိုးမြင့်လာသည်ကို ကျွန်ုပ်တို့ တွေ့ခဲ့ရသည်။ ငါတို့ ဘယ်လောက်စိုးရိမ်သင့်သလဲ။
ကွတ်- နိုင်ငံရေးကွဲလွဲမှု တစ်လျှောက်တွင် ကျွန်ုပ်တို့ မြင်နေရသည်မှာ မှန်ကန်သောဝေဖန်မှုများကို အဆိုးမြင်သံသယဖြင့်ပြန်လည်တုံ့ပြန်ရန် လွယ်ကူလွန်းလှသည်။ အချက်အလက်အမှန်ကိုစောင့်ကြည့် နားထောင်ပြီး အဲဒီကနေ ကောက်ချက်ဆွဲမယ့်အစား လူတွေက အမြန်ဆုံးကောက်ချက်တလွဲတွေ ချပြီး သူတို့ကို ထောက်ခံတဲ့ “အထောက်အထား” တွေကိုသာ ဘက်လိုက်ဖို့သာ အားသန်နေကြပါတယ်။
Issenberg - ဟုတ်ပါတယ်၊ အဲဒါက သက်ဆိုင်ပါတယ်။ လက်ဝဲသမားများလို့ ဆိုတဲ့ ဒီမိုကရက်တွေကျင့်သုံးတဲ့ သတင်းအချက်အလက်ဂေဟစနစ်သည် ဘက်လိုက်စည်းရုံးလှုံ့ဆော်မှု သို့မဟုတ် ဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ သတင်းစာပညာကို ကျင့်သုံးသော သတင်းအဖွဲ့အစည်းများကို ပို၍ဗဟိုပြုထားပြီး၊ ရီပတ်ဘလစ်ကန်ခေါင်းဆောင်များသည် သူတို့နောက်လိုက်တွေ ပုဂ္ဂိုလ် အလိုလိုက် အကြိုက်ဆောင်တဲ့ နိုင်ငံရေးမက်လုံးများကိုသာ အားပေးကြ အားပြုကြတာကို တွေ့ရပါတယ်။
မေး။ လုပ်ကြံအမှားတရားသီအိုရီတွေနဲ့ သတင်းမှားတွေကို ယုံကြည်သူတွေအပေါ် ဘယ်လိုထင်လဲ။ သူတို့က သားကောင်တွေလား။ ဒါမှမဟုတ် သူတို့က အဖျက်အမှောင့်သမားတွေကိုယ်တိုင် ဖြစ်နေသလား။
ကွတ် - ၎င်းတို့က ကိုယ်နဲ့ မတိုက်ဆိုင်တဲ့ အချက်အလက်များကို မျက်စိပိတ် နားပိတ် နေကြသော အကျင့်ကို စွဲကိုင်ထားကြသော်လည်း သူတို့က ယေဘူယျအားဖြင့် ပညာတတ် စဉ်းစားဉာဏ် ရှိကြသူများ ဖြစ်ခဲ့ကြပါတယ်။ ၎င်းတို့၏ဘဝ၏ အားနည်းသော အခိုက်အတံ့တခုလေးအတွင်း QAnon-အမျိုးအစား လုပ်ကြံသတင်းဖြန့်ချိသူများ၏ ထောင်ခြောက်အတွင်း ကျဆင်းပြီး ရုန်းမထွက် နိုင် ဖြစ်ကြရသူများ ဖြစ်ပါသည်။ ဥပမာ ပြရလျင် - အိုမင်းမစွမ်းဖြစ်နေတဲ့ အငြိမ်းစား သက်ကြီးရွယ်အို အမျိုးသမီးကို တွေ့ဖူးပါတယ်။ အပယ်ခံဘ၀မှာ အဲသည်လို အစွန်းရောက်အယူသီးသူပတ်ဝန်းကျင်ထဲမှာ သူမကိုယ်သူမ ပြန်ပြီး အရေးပါတဲ့သူတယောက်လို ပြန်ဖြစ်လာတယ်။ သူမ က Facebook ထဲဝင်ပြီး လုပ်ကြံအမှားတရားသီအိုရီတွေအကြောင်း လိုက်ရေး လိုက်ထောက်ခံလိုက်တဲ့အခါ ဝိုင်းထောက်ခံသူတွေ ရှိလာတဲ့အတွက် ၊ အိမ်မှာ “အဘွားကြီး” တစ်ယောက်တည်းမဟုတ်တော့ဘူး။ သူမသည် ကောင်းသောတိုက်ပွဲကို တိုက်ခိုက်နေသော လူကောင်းတစ်ဦးဖြစ်လာသည်ဟု ခံစားလာတယ်။ သူမသည် ၎င်းအတွက် အမှန်တကယ်လက်ခံနိုင်သော အသိုင်းအဝိုင်းတစ်ခုကို တွေ့ရှိခဲ့တယ်လို့ စွဲမှတ်သွားတယ်။
DiResta- ရှုပ်ထွေးသော လက်တွေ့လောကကြီး၏ စိန်ခေါ်မှုများအတွက် ဘယ်အရာကို အပြစ်တင်ရမှန်း မသိတဲ့ လူပြိန်းများအတွက် ရိုးရှင်းသော စိတ်ကူးယဉ်ရှင်းလင်းချက်များနှင့် စိတ်ကူးယဉ်ထားတဲ့ လူဆိုးများကို ထုတ်ဖော်ပေးကြောင့် လုပ်ကြံအမှားတရားသီအိုရီများကို လူပြိန်းများက နှစ်သက်ကြသည်။ ကျွန်ုပ်တို့၏လေ့လာမှုများအရ ဆိုရှယ်မီဒီယာတွင် သြဇာလွှမ်းမိုးသူများသည် လူကြိုက်များမယ့်ဇာတ်ကြောင်း ပုံပြင်များကို ပုံသွင်းရန်နှင့် အားပေးရန် စွမ်းရည်အပြည့်ရှိကြသည်။ သို့သော်၊ ပရိသတ်များကလည်း ရှေ့ဆောင်သူများ၏အခန်းကဏ္ဍကို စိတ်ပြောင်းသွားနိုင်ပါသည်။ ပရိသတ်များ၏ အကြိုက်ကို လိုက်ပြီး ပရိသတ်များအောင် စုဆောင်းနေရင်းကနေ မိမိအာဘော်ပျောက်ပြီး ရန်လိုသော စကားများ ဖြန့်ချိပြီး ပို၍အဆိပ်သင့်စေခြင်း—“ပရိသတ်ဖမ်းယူခြင်း” ကွန်ယက်ကနေ မထွက်နိုင်ကြတော့ကြတာ ဖြစ်လာသည်။
Q. A.I နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိလား။ သမ္မတ ရွေးကောက်ပွဲမှာ ခြယ်လှယ်မှု လွန်ကဲနေသလား။
ကွတ်- ထိတ်လန့်တုန်လှုပ်ခြင်းမှ ထွက်ပေါ်လာသည့် ကောင်းကျိုးအချို့ ရှိသည်။ အသိတရား သတိတရားကို နှိုးဆော်ပေးခြင်း ဖြစ်သည်။ အောက်တိုဘာလတွင် Trump သို့မဟုတ် Harris ၏ မဟုတ်တန်းတရား ရုပ်သံများ ပြောဆိုချက်များ ထွက်ပေါ်လာသည်ဆိုပါက ပျံ့နှံ့သွားပါက၊ အေအိုင်နည်းပညာရှိနေပြီဖြစ်သည်ကို သိထားပြီးဖြစ်သည့်အတွက်ကြောင့် လူအများအပြားမှာ ထိုလုပ်ကြံသွေးထိုးမှုများပေါ်တွင် သံသယဖြစ်ကြမည် ဖြစ်ပါသည်။
Issenberg- ဟုတ်တယ်၊ အခု တကယ်အရေးကြီးတဲ့အချီန်တွေ အခြေအနေတွေကနေ အာရုံလွှဲသွားနိုင်တဲ့အတိုင်းအတာအထိ ကျယ်လောင်သွားနိုင်ပါတယ်။ သိုံသော်လည်း လုပ်ကြံအမှားတရားသီအိုရီတွေ ထုတ်ပြန် ဖြန့်ချိ လွှမ်းမိုးမှုများ ပြုလုပ်ဖို့က အေအိုင်လို နည်းပညာမြင့်သော လှည့်စားမှုများမလိုအပ်ပါ။ QAnon သည် အွန်လိုင်းပေါ်တွင် လုပ်ကြံလှည်းဖြား ဖမ်းစားနိုင်သော စာသားများသာ လိုအပ်ပါတယ်။
မေး။ သမ္မတ Trumpဟာ သူ့ရဲ့ ပြန်လည်ရွေးကောက်တင်မြှောက်မခံရဘဲ ရှုံးနိမ့်ခဲ့ရင် သတင်းမှားတွေနဲ့ လုပ်ကြံအမှားတရားသီအိုရီတွေ က ဘယ်လိုမျိး ထိခိုက်သွားမလဲ၊ ပြောင်းလဲသွားမယ် ထင်သလဲ။
Cook- Trump ရှုံးနိမ့်ခြင်းက G.O.P. ၏ လုပ်ကြံအမှားတရားသီအိုရီဝါဒီကို ပြန်လည်အားဖြည့်ပေးနိုင်ပြီး ထရန့် မရှိလဲ ဆက်လက် ရှင်သန်နေမှာ ဖြစ်ပါတယ်။ လုပ်ကြံအမှားတရားသီအိုရီများသည် အရှုံးဘက်တွင်ရှိနေသောအခါတွင် ပိုမိုလွယ်ကူပြီး အရှုံးသမား၏ အသနားခံသောစိတ်ထားကို အခွင့်ကောင်းယူလာမှာ ဖြစ်ပါတယ်။
DiResta- ပရိသတ်၏ယုံကြည်မှုနှင့် စိတ်ဝင်စားမှုကို ထိန်းသိမ်းထားသရွေ့ ဆိုရှယ်မီဒီယာသြဇာလွှမ်းမိုးသူများသည် ဆွဲဆောင်မှု သို့မဟုတ် ဝင်ငွေများ ဆုံးရှုံမည်မဟုတ်သည့်အပြင် အခြားအရာများအပေါ်တွင် ၎င်းတို့၏ပရိသတ်ကို ပြန်လည်အာရုံစိုက်နိုင်သည်။ 2022 Washington Post ၏ စုံစမ်းစစ်ဆေးမှုမှတ်တမ်းအရ၊ 2020 ရွေးကောက်ပွဲအပေါ် ငြင်းဆိုထားသော ဆိုရှယ်သြဇာလွှမ်းမိုးသူများသည် ရွေးကောက်ပွဲကို အာရုံခေတ္တလျော့ပါးသွားသောကြောင့် အခြားဆိုရှယ်နဲ့ လူမှုရေး အငြင်းအခုံများတွင် အာရုံလွှမ်းမိုးသူများအဖြစ်သို့ ကူးပြောင်းသွားကြသည်။
Issenberg- Trump သည် ပိုမိုထိရောက်သော ကွန်မြူနီတီစည်းရုံးလှုံဆော်နိုင်သူဖြစ်ပြီး ၎င်း၏ထောက်ခံသူများကို ၎င်းတို့နှင့် ထိတွေ့ဆက်ဆံပြီး ၎င်းတို့၏ ပို့စ်များကို မျှဝေခြင်းဖြင့် လေးစားကြောင်း ပြသခဲ့သည်။ တကယ့်မေးခွန်းဖြစ်ရမှာက နိုင်ငံရေးသမားတိုင်း ဒါမှမဟုတ် အရေးတော်ပုံတွေတိုင်းမှာ ကွန်မြူနီတီတွေကို ထရန့်ကဲ့သို့ အရေးတယူ စည်းရုံးနိုင်စွမ်း ရှိပါ့မလား ဆိုတာပဲ။
မေး။ ဤပြဿနာတွေကိုဖြေရှင်းရန် သင့်တွင် အစွမ်းကုန် အခွင့်အလမ်းရှိသည်ဟု မြင်ယောင်ကြည့်ပါ။ ဒစ်ဂျစ်တယ် သတင်းမှားများ လုပ်ကြံသွေးထိုးမှုများကို လုံး၀ဥသုံ ဖြေရှင်းရန် သင်ဘာလုပ်မည်နည်း။
Cook- အွန်လိုင်းနဲ့ မီဒီယာပလက်ဖောင်းတွေကို ရဲရဲတင်းတင်း စောင့်ကြည့် အရေးယူဖို့ ပိုအာရုံစိုက်ချင်ပါတယ်။ ပြဿနာကို ဖြေရှင်းရာတွင် ၎င်းကို တွန်းအားပေးသော နောက်ကွယ်က မက်လုံးများကို ဖယ်ရှားပစ်ခြင်းဖြင့် အဆိုးသံသရာကို ဖြတ်တောက်ရန် လိုအပ်မည်ဖြစ်သည်။
DiResta- ဆိုရှယ်မီဒီယာပေါ်တွင် အငြင်းပွားစေသည့် သွေးထိုးသည့် ပြောဆိုမှုများကို ပိုပြီး မီးထိုးစေသောတုန့်ပြန်ချက်များကို ဖိနှိပ်နိုင်တဲ့ ချိတ်ဆက်ထားတဲ့ အယ်လဂိုရီသမ်များကို ဆိုရှယ်နဲ့ အွန်လိုင်းပလက်ဖောင်းများတွင် ထိရောက်စွာ ထည့်သွင်းသင့်သည့်အရာဖြစ်သည်ဟု ကျွန်တော်ထင်ပါတယ်။
Issenberg- အာဏာပိုင်များအပေါ် မေးခွန်းထုတ်ရန် အားပေးသည့် အကျင့်ကို ကျောင်းများတွင် ဆက်လက်အားပေးရမည် ဖြစ်ပြီး တဖက်ကလည်း ကျောင်းသားများကို "မီဒီယာဆိုင်ရာစာတတ်မြောက်ရေး” ပညာရပ်ဘာသာကို သင်ကြားပေးမည့် ကျောင်းများ လိုအပ်နေပေမည်။
မေး။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အွန်လိုင်းသတင်းမှားများ၏ လမ်းကြောင်းကို သုံးသပ်ကြည့်ပါက ငါးနှစ် သို့မဟုတ် ၁၀ နှစ်အတွင်း အင်တာနက်သည် မည်သို့ဖြစ်မည်ကို ဖော်ပြနိုင်မလား။
Cook- ကျွန်ုပ်၏မျှော်လင့်ချက်မှာ ဆိုရှယ်မီဒီယာကုမ္ပဏီများသည် အဆိုပါလမ်းကြောင်းများကို စောင့်ကြည့်နေပြီး ၎င်းတို့၏ပလက်ဖောင်းများပေါ်ရှိ အသုံးပြုသူအတွေ့အကြုံကို ကောင်းမွန်သော တိုးတက်မှုရှိစေရန်အတွက် အယ်လဂိုရီသမ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်။ ၎င်းတို့သည် အခြေခံအားဖြင့် ချိတ်ဆက်ခြင်းကို ခွဲခြမ်းခြင်းထက် ဦးစားပေးသင့်သည်။ ကလစ်များခြင်း ဟစ်များခြင်းအတွက် အမှိုက်များထက် အရည်အသွေးတို့ကို ဦးစားပေးလုပ်ဆောင်ခြင်းသည် သူတို့၏ အခြေခံ စံတန်ဖိုး ဖြစ်သင့်သည်။ နောက်ဆုံးတော့၊ သူတို့ရဲ့ တန်ဖိုးအရှိဆုံး ကုန်ပစ္စည်းက ကျွန်တော်တို့ရဲ့ အချင်းချင်း ဆက်ဆံရေး ဖွံဖြိုးရန်သာ ဖြစ်ပြီး ဘယ်သူက အမှိုက်ပုံကြီးထဲမှာ ထာဝရ ပျော်ပိုက်နေမှာလဲ။
DiResta - အွန်လိုင်းပေါ်မှာ ဆိုရှယ်လူမှုဆက်ဆံရေးထက် ဖျော်ဖြေရေးကိုသာ ဦးစားပေးဖို့ အားသန်တဲ့ ကုမ္ပဏီကြီးတွေက အနာဂတ်မှာ ပိုများလာနိုင်ပါမယ်။ အကြောင်းအရာများကို စိစစ်ရေးတွင် A.I. ကို ကြီးမားစွာ အသုံးချလာလိမ့်မယ် ဟု ဆိုနိုင်ပါသည်။ နောက်ဆုံးတွင်၊ ကျွန်ုပ်တို့သည် အေအိုင်နဲ့ ပိုမို လက်တွဲနေထိုင်ဖို့ လေ့ကျင့်လာရပါလိမ့်မည်။ ဆိုရှယ်ပလက်ဖောင်းမှာ မိမိတို့သည် လူလား စက်လား ပိုမိုခွဲခြားနိုင်သော စနစ်များကို ဖိအားပေး ဖော်ဆောင်လာကြမည် ဖြစ်ပါသည်။