Breaking News

ကိုအောင်မှိုင်း - ပဲ့တင်သံ

ကိုအောင်မှိုင်း - ပဲ့တင်သံ

(မိုးမခ) စက်တင်ဘာ ၁၈ ၊ ၂၀၂၄


ပန်းသဘာဝက

အေးကြည်တယ်

မီးတိုက်လိုက်တဲ့အခါ

ကျောက်စိုင်ခဲတွေ ဖြစ်ကုန်တယ်။


ကျောက်စိုင်ခဲဟာ

ပစ်တိုင်းထောင်ဘဲ

မြေကြီးပေါ်ရောက်ရောက်

မြေကြီးအောက်ရောက်ရောက်

ခပ်မာမာဘဲ အာခံဆဲ။


လူသဘာဝက

ပန်းကိုချစ်တယ်

အနိုင်ကျင့်ခံရတဲ့အခါ

မိုးကြိုးမုန်တိုင်း ဖြစ်သွားတယ်။


မြေပြင်သဘာဝက

တည်ငြိမ်တယ်

စစ်ပွဲတွေ ဖန်တီးတဲ့အခါ

မီးတောင်တွေ ပေါက်ကွဲကုန်တယ်။


အရှေ့ အနောက်

တောင်နဲ့မြောက်မှာ

သူရဲကောင်းတို့ ဝိုင်းရံ

ပဲ့တင်သံတွေ ကြားနေရပြီ။


အဲဒါ

အောင်ပွဲလေ

နှောင်ကြိုးကလွဲပြီး

ဘာမှမရှိတဲ့ ဘဝမှာ

ငါတို့သွေးတွေနဲ့

ရိုင်းစိုင်းယုတ်မာမှုတွေကို

ဆေးကြောသုတ်သင် ပစ်ကြမယ်။


ငါတို့လား ......

ငါတို့ကတော့

မာရည်ကျောရည်ပဲ။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar