Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဂေါက်ချက် ဘူမမီ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဂေါက်ချက် ဘူမမီ

(မိုးမခ) ဒီဇင်ဘာ ၃၁ ၊ ၂၀၂၄


ကြိုဗျင်းတဲ့ နေရာမှာတော့ အရှိုချင်းက ရှယ်။ စစ်ကူသွားတဲ့ကောင်တွေ အမ်းမရောက်ခင် ထမ်းပြန်ရတာနည်းမှတ်လို့။ 

အရှိုချင်းက ကြိုဗျင်းတာမှာ လက်သံပြောင်သလို အပြီးရှင်းရာမှာ လက်ဇောင်းထက်တာကတော့ မိအောင်လှိုင်။ တပွဲပြီးတိုင်း ထောင်သွင်း အကျဉ်းချထားတဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေမှတထွေးကြီး။ ကြူဖက်လိုက် ကြိုက်ဖက်ပါတာပေါ့လေ။

ဂွမှာ တပ်မမှူး တပ်ရင်းမှူးတွေနဲ့ ၇၀၀ ကျော် သေဆုံး၊ မြို့ကလေးကို ရေစက်ချပြီးနောက်မှာ AA က စာထုတ်ပြီ။

"အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ"တဲ့၊ သိပ်လှ။ အဲဒီလို သိပ်လှတဲ့ စကားလုံး သုံးပြီး ရင်းနှီးမြှုပ်နှံသူ အားလုံးနဲ့ စကားပြောဖို့၊ အကျိုးတူလုပ်ဖို့ ဖိတ်ခေါ်ပြီ။ နိုင်ငံရေးနည်းပဲ ဖြေရှင်းလိုတာပါ၊ စစ်ရေးကတော့ မတတ်သာလို့သာပေါ့။ စီမံကိန်းတွေ ထိခိုက်သွားရင်တော့ သရေကြိုးတွေ သဝေထိုးလို့သာ မှတ်ပါပေါ့လေ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တက်ကြွသော ဦးဆောင်မှုအောက်တွင်တဲ့၊ ဟိုင်ဂင်သဘောတူညီချက်ရသည်အထိ လုပ်ဆောင်ခဲ့ပြီးတဲ့။ ဆက်လက်တွဲမယ်ပေါ့။ သဘောပါလား။ သရေကြိုးတွေ မြေလျှိုးတော့။ တရုတ်ကလဲ အလုပ်မဖြစ်တဲ့ကောင်ကို ရှောင်လင်တော့မယ်။ 

ခုဆို စိုက်တွေကလဲ ငိုက်နေပြီ။ တိုင်းဦးစီးချုပ်ကလဲ လက်နက်သာ ချလိုက်တော့။ ဖျင်ယားတာ ဆေး မရှိဘူးတဲ့။ ဒီမှာကြည့်၊ လက်နက်ချတဲ့ကောင်တွေ ပင်လယ်စာနဲ့ တမုန်းဆွဲနေကြပြီဆိုပြီး ဗီဒီယိုလေးပါ ချပြလိုက်သေး။ အငတ်ခံလို့လဲ တပ်ပြန်ရမယ် မထင်နဲ့။ အသတ်မခံရမချင်း အတိုက်ခိုင်းမှာ၊ မိန်းမနဲ့ ကလေးသာ ဝေဿန္တရာလုပ်လိုက်တော့တဲ့။

သရေကြိုးနှစ်ကွင်းကတော့ တပြည်လုံး လှည့်ပြီး ငါတို့အတွက် အသေခံပေးကြအုံးနော်လို့ ရှေ့မှာပြောပြီး အသေခံမတိုက်တဲ့ကောင်တွေ သတ်ပစ်လိုက်လို့ နောက်မှာ အမိန့်ပေးနေပြီ။ ဗိုလ်ချုပ်တွေပါ သတ်ခိုင်းတာနော်။ Lဇိုင်းဇီကိုတောင် ပိတ်ပွဲသီချင်း လေ့ကျင့်ခိုင်းထားပြီ။ သူ မွေးထားတဲ့ကောင်မှန်သမျှ ထိုးကျွေးချိန် ရောက်ပတဲ့။

အကုန်တန်းစီ ကိုင်တော့မယ်။ သရေကြိုးနှစ်ကွင်းက သူတို့ကလွဲ ဖွဲနဲ့ ဆန်ကွဲ။ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ခရိုနီတွေ၊ ဆယ်လီတွေအကုန် သူ့ရက်နဲ့သူ ဇယားဆွဲပြီးသား။ အကုန်လုံးက တပ်အားကိုးနဲ့ ရထားတဲ့ စည်းစိမ်ချည်းဆိုတော့ တပ်ပိုင် တပ်ကျွန် တပ်ရှေ့ပြေး တပ်ဘန်ကာလို့ သဘောထားတာ။ လက်အောက်ငယ်သား တပ်မတော်သားတွေကတော့ သူတို့ရဲ့ ခံကတုတ်။

ခုက ဘယ်သူ့မှ အပြင်ထွက်မခံတော့။ ဘောင်းဘီကျွတ်နဲ့ ခရိုနီတွေ ဆယ်လီတွေ ဘယ်ကိုမှ သွားမရ၊ သွားရင်လဲ ပြန်ရက်အတိအကျနဲ့။ ပြန်မလာလို့လဲ မရ၊ နိုင်ကွက်ကိုင်ထားပြီးသား။ တပ်ထဲကကောင်တွေလဲ လစ်မရအောင် လုပ်ထားပြီးသား။ စွန့်စားလစ်တဲ့ကောင် အသက်ဆက်ရှင်လို့ရ၊ မလစ်တဲ့ကောင်ကျ။ မအလတွေကတော့ အားလုံးရဲ့နောက်ဆုံးမှ အသေခံမှာမဟုတ်ဖူး၊ လစ်မှာ။

စစ်နိုင်သူကြီးယောင်ယောင် သူတော်ကောင်းကြီးလိုလို နိုင်ငံပြုခဖင်ကြီးကဲ့သို့အလား စကားပေါက်ကရ ဖွက်ချက်ကလဲ လက်ကုန်။ ဘယ်ကဟာတွေနဲ့ ဘယ်တုန်းက ဘာပြောမှန်းသာ မသိတာ၊ အဲဒါကို သရေကြိုးကတော့ အတည်ပေါက်။ ကနေ့ မနက်ဖြန်တောင် မဟုတ်၊ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်တဲ့၊ တွေ့ဆုံ ဆွေးနွေးလျက်ရှိတဲ့ နှစ်ဖက် ဆွေးနွေးချက်များကို နောင်လာမယ့် လွှတ်တော်က အတည်ပြုနိုင်ဖို့ မှတ်တမ်းတင်ထားသတဲ့။ ဆိုလိုတာက ခုပြောသမျှ မှတ်တမ်းဘဲ။ ‌ရွေးကောက်ပွဲလေး ကျင်းပ၊ အဲဒီကနေ လွှတ်ချော်ကြီးပေါ်လာ၊ အဲသမှာ ဖြတ်ကြ တိကြ ထုတ်ပြကြပေါ့လေ။ စိတ်ကူးဖဲဆင်တဲ့နေရာမှာတော့ မအလရဲ့ဂေါက်တော်မူချက်ကို ဘူမှမမီ။

တပ်ရင်းက နှစ်ရာလောက် ပျောက်နေပြီ။ ကျန်တဲ့ကောင်တွေကလဲ ပြေးပေါက် ကြည့်ထားပြီးပြီ။ သူက ဂွီဂွမ်တွေနဲ့ ရွှီရွှမ်နေတုန်း။ ကပစထုတ်လေးတွေ အုပ်လိုက်ရင် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့အသက်ကလေး ဘယ်က ထွက်ရမှန်းမသိ ဖြစ်တော့မှာကို တစ်တော့မကလေးတွေ ဖျင်ယမ်းသလို ယမ်းကောင်းနေတုန်း။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar