Breaking News

ရတနာပုံဆရာမှတ်ကြီး - ရှီရှင်မင်းကြီး ချက်တော်ကြီးပါစေ

ရတနာပုံဆရာမှတ်ကြီး - ရှီရှင်မင်းကြီး ချက်တော်ကြီးပါစေ

(မိုးမခ) စက်တင်ဘာ ၂ ၊ ၂၀၂၄


(မအလ မျောက်ဝမ်းချုပ်တဲ့ မျက်နှာနဲ့ ထွက်လာပြီး ဦးကျောက်လုံး မျက်နှာပေးနဲ့ ရပ်နေသော ဝမ်ယိရှေ့ဒူးထောက်၊ လက်ကလေးရင်ဘတ်တင်ပြီး တိုင်တည်ငိုချင်း မျောက်မင်းအူသံပေးစေ) 

"သေလုပြီ ဂန်းဆော်လို့ ကေတုမဒီ နန်းတော် တက်ပါတယ်ဆို အသက်တောင် ဝဝမရှူသာတာနဲ့ ပြန်လာခဲ့ရ။ နန်းမဝေးအောင် မန်းလေး ဆင်းပါတယ်၊ ဟယ် မိုးကုတ် သပိတ်ကျင်း စဉ့်ကူး မတ္တရာနဲ့ ရတနာပုံမှာလဲ မသာတွေစုံသမို့ ငါ့လှေငါထိုးပြီး ပဲခူးကြွပြန်တော့ အဘိုးမြတို့ ကမ္ဘောဇသာဒီမှာလေ အံ့ဩဘဇာနည်တွေရဲ့ အသာတကြည် လက်နက်ချတာကြောင့် အပျက်အပျက်နဲ့ တရက်ထက်တရက် ခက်ခက်လာပြီ ဘိုးဘိုးဝမ်ရဲ့" 

"အမ် ပြောပါအုံး" 

"ဒီနယ် ဤနယ် ပေးပါ့မယ်၊ ဒီခွန် ဤခွန် ဆက်ပါ့မယ်၊  အညာဘက် ဆင်းမလာဖို့ သမီးတော်လေးလဲ ပို့လိုက်ပါ့မယ်၊ ဘိုးဘိုးဝမ် ပြောရင် ချောပါ့မယ်၊ ကယ်ပါ ဆယ်ပါ ဝမ်ဝမ်ရယ်" 

"အိမ်း ငါ့ဘက်က ဂိတ်တံခါးတွေ ပိတ်ထားလိုက်ပါပြီကွဲ့။ မင်းရဲ့ သမဝါယမစာအုပ်နဲ့ ပေါင်းညှစ်လိုက်ရင် ဖျစ်ဖျစ်မြည်ရောပေါ့ကွယ်" 

"ဝမ်ဝမ့်ကျေးဇူး မြင့်မိုရ်ဦး ဒူးတုပ်ရှိခိုး ရိုကျိုးသိမ်မွေ့ ဝမ်စွေ့ဝမ်စွေ့ ဝမ်ဝမ်စွေ့။ ကျေးကျေးပါဘိုးဘိုး‌ဝမ်၊ တိုးတိုးလှန်လာတာမရပ်လို့ ထပ်ပြီးဆုံးမသွန်သင်ပေးပါအုံး" 

"သလိုဆိုလဲ ဒုတ်ယူမလား မုန့်ယူမလားလို့ ဆုံးမစာ ပါးလိုက်မယ်လေ" 

"ဝမ်ဝမ့်ကျေးဇူး မြင့်မိုရ်ဦး ဒူးတုပ်ရှိခိုး ရိုကျိုးသိမ်မွေ့ ဝမ်စွေ့ဝမ်စွေ့ ဝမ်ဝမ်စွေ့" 

(ထိုစဉ်ကြိုက် ဘုရင်ကြီးကြွလာ) 

"ကဲကဲ ယာလဲညက် ကြက်လဲမောဆိုတဲ့အတိုင်း ခိုင်းထားတာ အိုကေပြီဆိုတော့ တဖက်ကိုလက်နက်လေး ပေးတာရပ် တဖက်ကို လက်နက်ကြီးထပ်တပ်ဆင် ဗမာပြည်ကို စီရင်ချိန်ကျပလေ" 

"ငါရှီတော်မြတ် အမိန့်တော်မှတ်မယ်" 

"အနိုင်စားရသူအားလုံး ကိုယ့်နယ်နဲ့ကိုယ် အုက်ကြီးလုပ် အုပ်ချုပ်စေ၊ တပြည်လုံးကတော့ ငါ့မြေပုံထဲထည့်၊ ငါ့ရဲ့စီမံကိန်းတွေ စောင့်ရှောက်၊ ငါတို့ စိနမရှိရင် သွားရေးလာရေး စိုက်ရေးပျိုးရေး စားရေးသောက်ရေး ဆေးရေးဝါးရေး ဘာမဆို အသက်မရှင်တဲ့ အခြေအနေရောက်ပြီ။ မြေယာတိုက်တာမှန်သမျှလဲ ငါတို့ ပိုင်ပြီ" 

"မြန်ပြည့်သခင် ငါဘုရင် ထိုင်ဝမ့်အရင် အားလုံး ပြည်တော်ဝင်ကြစေ" 

"ရှီရှင်မင်းကြီး ချက်တော်ကြီးပါစေ" 

ဤတွင် တခန်းရပ်။






Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar