စိုးရိမ် - ဘယ်နံရံက ခုန်ထွက်လာမလဲ ငါ့အတွေးတွေ
ဘယ်နံရံက ခုန်ထွက်လာမလဲ ငါ့အတွေးတွေ
စိုးရိမ်
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၄
ဗုဒ္ဓရော ငှက်ဖျားတက်ခဲ့သေးလား
ကားမတ်မှာ ဘာတွေ ပိုင်ဆိုင်ခဲ့သလဲ
လကမ္ဘာကိုပထမဆုံး စရောက်တော့
ခြေတစ်ဖက်ပိုရှည်သွားသလား
မြစ်ဖြစ်ဖြစ် ချောင်းဖြစ်ဖြစ် ပင်လယ်ဖြစ်ဖြစ်
လူသေအောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိလို့လား
ရာဇဝင်ထဲမှာ
ဗမာဘုရင်အသုံးမကျတာလား
နယ်ချဲ့က ပိုတော်နေတာလား
မအေလိုးမင်းအောင်လှိုင်လို့
ကလေးတွေအော်ပြီးဆော့နေတာ
သမိုင်းလား။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar