Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ရှမ်းပြည်က စစ်တိုင်းတွေရဲ့ နိဂုံးချုပ်ချိန်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ရှမ်းပြည်က စစ်တိုင်းတွေရဲ့ နိဂုံးချုပ်ချိန်

(မိုးမခ) စက်တင်ဘာ ၂၄ ၊ ၂၀၂၄


တရုတ် ကြားဝင်ထားလို့ ကျားဖင်တွေ သောင်းကျန်းနေတာက မူဆယ်။ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ခြောက်ဖွဲ့ဟာ စစ်တပ်နဲ့ ပစ်ကြခတ်ကြသတဲ့။ အဝေမတည့်လို့ ဂလေငပဲ့တွေ ဗျင်းကြတာ။ တရုတ် ကြည့်ရတာလဲ ကျားဖင် ဆက်မနှိုက်ချင်တာ့တာလား၊ တခြားဈေးစကားပြောဖို့လား၊ မူဆယ်ကို ချန်ထားသေးတယ်။ တကယ်တော့ မူစယ်ဟာ ရာဇဝတ်ဂိုဏ်းထွားကျိုင်းတဲ့မြို့ ဖြစ်နေတာ ကြာပလေ။ ခုတော့ စစ်တပ်ကပါ ပေါ်တင်ရာဇဝတ်ဂိုဏ်းအသွင်ပြောင်းလိုက်တော့ ပိုဆိုးပြီပေါ့။ တရုတ်က ဒါကို သိသိနဲ့ မတိုက်ဘဲ ချန်ထားခိုင်းတာဟာ မအလနဲ့ ဘာအရောင်းအဝယ် လုပ်ချင်လို့ပါလဲ စဉ်းစားစရာ။ 

မြနန္ဒာတို့က မဟုတ်တရုတ်နဲ့ ဝံပုလွေကောင်ကို ယုံပေးပြီး မန်းမဆင်း နန်းတွင်း မလာပါဘူး၊ နုကြည်နဲ့ မပေါင်းပါဘူးလို့ တရားဝင်စာထုတ် တော်လှန်ရေးအရှိန်အကျခံ နိုင်ငံရေးဂုဏ်သိက္ခာအထိခံပြီး အလုပ်လုပ်ထားတာ‌ကို တပ်ထုံးစံ ဖျံကျပြီး လားရှိုးကို လာလာဗုံးကြဲနေလို့ မြနန္ဒာတို့က တင်းနေပြီနော်။ ရီးတီးယားတား ဆက်လုပ်နေလို့ နေပူတော်ထိ ဆင်းလာမှ ဗျင်းတာဟ မလုပ်နဲ့။ ဟိုက ကြက်ဥကြော် စားထားတဲ့အားတွေက ဗို့အားအပြည့်ရယ်။ ဖင်ပိတ် ပတ်ပြေးနေရမယ်။ ဒီတခါတော့ ဖေတရုတ် ကယ်ပါဆို သွားလုပ်ရင် ဟိုကလဲ သူတောင်းစားအဖြစ်ခံမှာ မဟုတ်တော့ဘူး။ ကိုယ့်ဘာသာကိုယ် ဘာသောက်ဖြစ်မှမရှိဘဲ ရန်သွားသွားစနေတာ။ 

အမယ် ရန်စတာမှ ယွက်စစ်ပါ တက်ကစ်တာ၊ ငါကွ ငတက်ပု ဆိုပြီး တရုတ်လုပ်ခုံလေး ခုခုအော်နေတာလေ။ ဒီလောက် သူ့ဘက်က ရပ်ပေး တော်လှန်ရေးကိုပါ သေးသိမ်အောင် ပြောပေးနေတဲ့ယွက်စစ်ကို နားရွက် တံတွေးသွားဆွတ်တာ။ ဟိုက အသန့်အပြန့် အလွန်ကြိုက်တော့ ရွံရှာမှာပေါ့။ ငပုက ဒီလို စစ်တိုင်းတွေ ဆက်တိုက်ပြုတ်တော့မယ့် အခြေအနေမှာတောင် ရှမ်းတွေကို ငယ်နိုင်လို့ သဘောထားနေတုန်း။ ရှမ်းကလဲ ကြက်ပုလေး မောမှ ဟင်းအိုးထဲ ကောက်ထည့်မလို့ ဂွင်စောင့်နေတာ။ ပအိုဝ်းတွေကလဲ တောင်ကြီးက စစ်ဌာနချုပ်က သူတို့အမွေရရစ်ရမယ့်ဟာလို့ သဘောထားတာရယ်။ 

ရှမ်းပြည် နိုင်ငံရေးကလဲ စစ်တပ်ကို အမြစ်မဖြတ်ဘဲ ထွက်ပေါက်ရှိတာမှ မဟုတ်တာ။ စစ်တပ်က အလည်သား ဝင်စားနေတာ ကြာပြီမဟုတ်လား။ နွေဦးတော်လှန်ရေးက ရှမ်းပြည်ကို မြန်မာစစ်ဘုရင်တွေ မင်းမူအုပ်ချုပ်နေတာ အပြီးသတ်ပေးမယ့်ဟာဆိုတာ အားလုံး သိကြပါတယ်။ မအလ အဟောင်မတတ်ရင် ရှမ်းပြည်မှာရှိတဲ့ စစ်တိုင်းတွေတောင် အရင်ပျောက်သွားနိုင်တာပေါ့။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar