Jasmine (မဂျက်) - " ခေတ်သစ် ဒေဝေါကြီး "
" ခေတ်သစ် ဒေဝေါကြီး "
Jasmine (မဂျက်)
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၄
ကျနော်တို့ ငယ်ငယ်က
မိုးပေါ် ကိုလက်ညှိးထိုးလို့
ဒေဝေါကြီးလာနေပြီလို့
မမကြီးက ထအော်တယ်
ကျနော် နဲ့ ညီမလေးက
ကုတင်အောက်ဝင်ပုန်းခဲ့ကြ
မမြင်ဖူးတဲ့ ဒေဝေါကြီးကို
မလာနဲ့လို့ ခုတင်အောက်က အော်ဖူးတယ်
ဟိုးမှာ
လေယာဥ်ပျံကြီး ဖြတ်သွားတယ် လို့
မမကြီးက ထပ်အော်တယ်
ကျနော်နဲ့ ညီမလေး
ကုတင်အောက်က အမြန်ပြေးထွက်လက်ပြ
' ဟေး'..... လို့ ကခုန်အော်ဟစ် နှုတ်ဆက်ခဲ့ဖူးတယ်
လေယာဉ်ကြီးရဲ့ မီးခိုးတန်းကို
လိုက်ကြည့်ငေးမောရင်း
မောင်နှမတွေ ခုန်ပေါက် ပျော်ရွှင်ခဲ့ရတာ မကြာခဏ
ခုတော့
ကလေးငယ်လေးတွေ
ဒေဝေါကြီး မကြောက်ကြတော့ဘူး မမကြီးရေ
သုံးနှစ် သားလေးက
"လေယာဥ်ကြီး မလာနဲ့" လို့
အော်ဟစ်မောင်းထုတ်ကြသလို
ကိုးနှစ်သမီးလေးက
"အိမ်ခေါင်မိုးပေါ် လေယာဥ်မလာရ" လို့ ပုံတွေ ရေးဆွဲထားကြပြီ
သူတို့ရင်ထဲက
ဟေး... လို့ အော်ဟစ်ပျော်ရွှင်ရမယ့် အချိန်တွေ
ဘယ်သူခိုးသွားခဲ့တာလဲ
2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar