ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA ရဲ့ စက်တင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်စာရဲ့ နောက်ခံအကြောင်းရင်းက ဘာလဲ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၈ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၂၄
ထုတ်ပြန်ကြေညာချက်ထဲမှာ အဓိက အချက်တွေကတော့ MNDAA အနေနဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ဆိုတဲ့ နိုင်ငံရေး ရပ်တည်ချက်ကို လုံးဝ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတဲ့ အချက်၊ အချို့ ယူဆသလို နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော် အာဏာကို လုယူခြင်း၊ လွတ်လပ်ရေး ရယူပြီး နိုင်ငံတော်အသစ် ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မှာမဟုတ်ဘူးလို့ ပထမဆုံး အနေနဲ့ ပြောဆိုထားတာတွေ့ရပါတယ်။
အဲဒီနောက် တရုတ်နိုင်ငံသို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြား အသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ်မဖွဲ့ခြင်း သည် MNDAA ရဲ့ နိုင်ငံရေး Redline (မကျော်ရမယ့် စည်း) အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပြီး NUG နဲ့ စစ်ရေး နိုင်ငံရေး ပူးပေါင်းပြီး စစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝ ပြုလုပ်မည် မဟုတ်ဘဲ၊ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်လို့လည်း ဒုတိယအပိုဒ်မှာ ပါရှိပါတယ်။
အဲဒီနောက် အချက် ၃ အနေနဲ့ တရုတ်နိုင်ငံအနေဖြင့် လက်ရှိ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြားဝင် စေ့စပ်ဖြေရှင်းပေးဖို့ အထူးမေတ္တာရပ်ခံအပ်ပါသည်။ MNDAA အနေဖြင့်လည်း ချက်ခြင်း အပစ်အခတ်ရပ်စဲပြီး တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသော လမ်းစဥ်မဖြင့် အဖြေရှာ ဖြေရှင်းသွားမယ် လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။
ဒီကြေညာချက်က တရုတ်နိုင်ငံရဲ့ ဖြစ်စေလိုတဲ့ လမ်းကြောင်း၊ ဖိအားပေးမှုတွေ ပါတယ်လို့ဆိုရင် ဘယ်သူမှ ငြင်းကြလိမ့်မယ် မထင်ပါဘူး။ တဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေးကို စပြီး တိုက်ခိုက်ခဲ့စဥ်က တရုတ်နိုင်ငံရဲ့ သဘောတူညီမှု ပါတယ်လို့ အချို့က ကောက်ချက်ချခဲ့ကြပြီး တိကျခိုင်မာတဲ့ အထောက်အထားတခုမှတော့ ပြသနိုင်တဲ့ အနေအထားမဟုတ်ပါဘူး။ ၁၀၂၇ စစ်ဆင်ရေးစတင်စဥ်က အဲဒီစစ်ဆင်ရေးရဲ့ ရည်မှန်းချက်ထဲ ထိုစဥ်က တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကိုးကန့်နယ်ထဲမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်ပြီး လုပ်ကိုင်ကြတဲ့ အွန်လိုင်းငွေလိမ်တဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းမယ်ဆိုတဲ့ အချက်ထည့်သွင်းထားပြီး တရုတ်နိုင်ငံရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးဖို့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ကျားဖြန့်နှိမ်နှင်းရေးကို ထည့်သွင်းထားခြင်းဟာ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို မရှိမဖြစ် လိုအပ်တယ်ဆိုတာ ပြသခဲ့သလိုပဲ အခု ကြေညာချက်ကလည်း တရုတ်နိုင်ငံရဲ့ လိုလားချက်တွေနဲ့ သွေဖီတဲ့ လမ်းကြောင်းကို မရောက်အောင် ထိန်းသိမ်းပါမယ်၊ လျှောက်လှမ်းပါမယ်လို့ MNDAA အနေနဲ့ ကတိပေးလိုက်တဲ့ သဘောလို့ဆိုရင် မှားမယ် မထင်ပါဘူး။
နံပါတ်တစ် အချက်အနေနဲ့ “စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး” ဆိုတဲ့ ရည်မှန်းချက်ကို ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ထပ်မံအာမခံချက်၊ ကွန်ဖက်ဒရေးရှင်း သို့မဟုတ် ဒိထက်ကျော်လွန်တဲ့ ရည်မှန်းချက်တွေ မရှိကြောင်း ထပ်မံအာမခံချက် တရုတ်နိုင်ငံကို သိစေတဲ့ သဘောဖြစ်ပြီး လက်ရှိ အနေအထားမှာတော့ ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ နယ်မြေတွေက နကိုရည်မှန်းထားတဲ့ ပမာဏ အကျယ်အဝန်း၊ စစ်ရေး၊ စီးပွားရေးအရ အရေးပါတဲ့ အချက်အချာမြို့တွေကို ရရှိထားတာကြောင့် ဒီနယ်မြေတွေ ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ စိတ်စောနေပြီး ဒါထက်ပိုပြီး အခြားရည်မှန်းချက် မရှိကြောင်း တကယ့်သဘောထားကို ထင်ဟပ်နေသလားဆိုတဲ့ ယူဆချက်တွေလည်း ပေါ်ထွက်နိုင်ပါတယ်။
ဒီနံပါတ် ၁ အချက် ပါစာပိုဒ်နဲ့ ထုတ်ပြန်ချက်ရဲ့ ခေါင်းစဥ်မှာပါတဲ့ “နိုင်ငံတော်” ဆိုတဲ့ စကားလုံးက ဘယ်နိုင်ငံတော် ကိုဆိုလို သလဲ ရည်ညွှန်းသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ မြန်မာနိုင်ငံတော်လို့ မသုံးနှုန်းထားပဲ နိုင်ငံတော်လို့သာ သုံးနှုန်းထားလို့ လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံကို ဆိုလိုတယ်လို့တော့ မှန်းဆရပါတယ်။ နိုင်ငံတော် အာဏာကို လုယူခြင်းလို့လည်း စကားလုံး သုန်းနှုန်းထားတာ ဖြစ်လို့ လက်ရှိ စစ်ကောင်စီက ရယူထားတဲ့ မြန်မာနိုင်ငံရဲ့ အာဏာကို ရည်ရွယ် ပြောဆိုတာလို့ ယူဆရပါတယ်။
နံပါတ် ၂ အချက်ဖြစ်တဲ့ တရုတ်သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြား အသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း မဆက်ဆံခြင်း မဟာမိတ် မဖွဲ့ခြင်း သည် MNDAA ရဲ့ နိုင်ငံရေး Redline လို့ ဆိုထားသလို အမျိုးသားညီညွတ်ရေး အစိုးရ NUG အမည်နာမနဲ့တကွ သုံးကာ NUG နဲ့ စစ်ရေး နိုင်ငံရေး ပူးပေါင်းခြင်း စစ်မြေပြင် ချဲ့ထွင်ခြင်း မန္တလေး နှင့် တောင်ကြီးတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း လုံးဝ ပြုလုပ်မှာမဟုတ်ကြောင်း အာမခံ တဲ့အချက်က NUG ကို အနောက်အုပ်စုနဲ့ ဆက်ဆံတဲ့ အဖွဲ့အစည်း၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြောဆိုလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီအချက်ဟာ အမှန်တကယ် လက်တွေ့ကျင့်သုံးတဲ့ ကျင့်သုံးမယ့် သဘောလား သို့တည်းမဟုတ် တရုတ်နိုင်ငံက ဖိအားပေးလို့ ထုတ်ပြန်ရတဲ့ ဟန်ဆောင်ထုတ်ပြန်တဲ့ သဘောထားလား ဆိုတာ တထစ်ချပြောဖို့ ခက်ပေမယ့် ထုတ်ပြန်ချက်ရဲ့ သက်ရောက်မှုကတော့ အတိုင်းအတာတခုထိ ရှိလာမယ့် အနေအထားလို့ ဆိုရမှာပါ။ မန္တလေး နဲ့ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမှာ လုံးဝ ပါဝင်မှာမဟုတ်ဘူးလို့ ကတိပေး အာမခံလိုက်တဲ့ သဘောလည်း ဖြစ်လို့ MNDAA မဟုတ်တဲ့ အခြား မြောက်ပိုင်း ညီနောင် ၂ ဖွဲ့အနေနဲ့ တော့ပါဝင်ကောင်း ပါဝင်လို့ ရနိုင်သေးတဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်၊ တခြား တွေးဆမှုတခုကတော့ MNDAA အနေနဲ့ ကိုယ်တိုင် မပါဝင်ပေမယ့်လည်း လက်နက်ခဲယမ်း၊ ယူနီဖောင်းပြောင်းဝတ်ထားတဲ့ စစ်သည်အင်အား ပါဝင်နိုင်သေးတယ် ဆိုတဲ့ ယူဆချက်လည်း ရှိကောင်း ရှိနိုင်ပါတယ်။
ထုတ်ပြန်ချက်ရဲ့ တတိယနဲ့ နောက်ဆုံး အချက်ကတော့ တွေ့ဆုံဆွေးနွေးရေး လမ်းစဥ်ကို လက်ခံကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုကို ဖိတ်ခေါ်တယ် ဆိုတဲ့အကြောင်းကို ရေးသားထားတာ ဖြစ်ပြီး ကိုးကန့် လက်နက်ကိုင် အဖွဲ့အနေနဲ့ တရုတ်နိုင်ငံ ရဲ့ သဘောထား၊ အကျိုးစီးပွား၊ ရပ်တည်ချက်တွေကို ဆန့်ကျင်ပြီး မလုပ်ပါဘူးဆိုပြီး ကတိပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီကြေညာချက်က စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေ အကြားက စည်းလုံးမှုကို ကြီးမားစွာ ထိခိုက်စေနိုင်ပြီး၊ တရုတ်နိုင်ငံ ထောက်ခံသူ သို့မဟုတ် တရုတ်နိုင်ငံ နဲ့ ကင်းကင်းနေလို့ မရနိုင်တဲ့ ဒေသတွေ၊ အဖွဲ့အစည်းတွေ အနေနဲ့ တရုတ်နိုင်ငံက ဖိအားပေးတဲ့ အပစ်ရပ်ရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး လမ်းစဥ်ကို အနည်းနဲ့အများ လက်ခံရမယ့် အခြေအနေကို ပြဆိုလိုက်တာလည်း ဖြစ်ပါတယ်။
Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၂၄
ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA ရဲ့ စက်တင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်စာရဲ့ နောက်ခံအကြောင်းရင်းက ဘာလဲ
တရားဝင်အမည် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ရဲ့ စစ်ရေးကော်မတီက စက်တင်ဘာ ၄ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ “လတ်တလောနိုင်ငံတော် အခြေအနေနှင့်ပတ်သက်၍ ရပ်တည်ချက် ထုတ်ပြန်ခြင်း” ဆိုတဲ့ ထုတ်ပြန်ချက်က စက်တင်ဘာ ၁၈ ရက်နေ့ မှာ ကိုးကန့်လက်နက်ကိုင် အဖွဲ့ရဲ့ ဝါဒဖြန့်ဖေ့စ်ဘွတ်ပေ့ချ် ဖြစ်တဲ့ ကိုးကန့်သတင်းအေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ကြေညာချက်ထဲမှာ အဓိက အချက်တွေကတော့ MNDAA အနေနဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ဆိုတဲ့ နိုင်ငံရေး ရပ်တည်ချက်ကို လုံးဝ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတဲ့ အချက်၊ အချို့ ယူဆသလို နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော် အာဏာကို လုယူခြင်း၊ လွတ်လပ်ရေး ရယူပြီး နိုင်ငံတော်အသစ် ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မှာမဟုတ်ဘူးလို့ ပထမဆုံး အနေနဲ့ ပြောဆိုထားတာတွေ့ရပါတယ်။