Breaking News

စေတ - အမှန်လွန်လမ်း

Art by Than Htay Maung
အမှန်လွန်လမ်း
စေတ
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၄

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မကြာသေးခင်နှစ်များအထိ
ရန်သူရဲ့ရန်သူဟာ
အရေအတွက်တော်တော်နည်းတဲ့
လူနည်းစုတခုသာမို့
ဘယ်သွားသွားဘယ်လာလာ
ဘယ်ရောက်ရောက်
လုံခြုံတယ်လို့ မရှိခဲ့ဘူး။

ခု လူထုလူတန်းစားနဲ့ လေ
တော်တော်ရနံ့သင်းတဲ့ စံပယ်ပန်းတွေ
တခင်းလုံးဝေလို့
တမြေလုံးလည်း မိုးမခပင်တွေချည်းပဲ
ထင်ရူးပင်တွေအကာအကွယ်ယူထားတဲ့
မာကြောကြော တိုက်ခတ်နေတဲ့ အသံတွေစီးမျော
ငါ့ရင်တွင်းက ရုတ်တရက် ဖောက်ထွက်လာတဲ့ ကဗျာတွေ
လမ်းတွေ နေကြာတွေ ပျံ့နှံ့
ရန်သူဟာရန်သူတွေများခဲ့တယ် ။     ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar