ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပြည်သူ့ကျိန်စာ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပြည်သူ့ကျိန်စာ
(မိုးမခ) အောက်တိုဘာ ၄ ၊ ၂၀၂၄
ကာလဝိပါက်ကတော့ မင်းအောင်လှိုင်ကို တက်ခွပြီ။ သူ ဖောက်ချတဲ့ ဆည်ရေနဲ့ သူ့လူတွေတင်မက သူ့စက်ရုံတွေပါလစ်။ သူကတော့ လက်နက်စက်ရုံအဓိက လူပဓာနမထား ကယ်ဆယ်ရေးမလုပ် အသံမထွက်အောင်တောင် အုပ်ထားသေးတာ။ ခုတော့ ပေါလောပေါ်ပြီ။ မိုင်းတွေ၊ ဗုံးတွေ အကုန်ပလုံဇွပ်။ ကုန်ကြမ်းရော စက်ရုံပါ အမြစ်ပြတ်တာ။ ကျဆုံးချိန်ရောက်ပြီဆို ပြိုလဲဖို့အကြောင်းတွေက တလှိုင်းပြီးတလှိုင်းလာတာလေ။
ဟော ခုအညာလှိုင်း။ စစ်ကြောင်းတကြောင်းလုံး ဘုတလင်က ဘုထည့်လိုက်တာ။ အသေ ၃၅၊ အရှင် ၄၆၊ လက်နက် ၅၉။ နောက်ဆို အညာမလဲ စစ်ကြောင်းထိုး လူဝါးဝဖို့ မစဉ်းစားနဲ့။ စွမ်းရည်ကလဲ ဗုံးကြဲ မြို့ဖျက်တလုပ်တတ်တာ။ ဒါတောင် တရုတ် ရှိနေလို့၊ မဟုတ်ရင် လေဘဲတွေ သေပွဲဝင်တာ ကြာပေါ့။ အင်း သူတို့အလှည့်လဲ မဝေး ပြေးစရာရှာပုန်း အားလုံးမိသားစုတွေနဲ့ချည်းမဟုတ်လား။
ကချင်ကလဲ တမြို့ပြီးတမြို့ ဖို့ပစ်နေတာနော်။ ရခိုင်ကလဲ အမ်းကို အမ်းတော့မှာ။ အညာကလဲ ကပ်ပါလာပြီ။ လပခနန်းတွင်းဆို ပီဒက်တွေရဲ့ ငယ်နိုင်လိုတောင်ဖြစ် ရှော့ဒုံးနဲ့ စိတ်ကူးရသလို ထထပစ်နေတာ။ ကျုံးဘေးထွက် တဲထိုးနေလို့ကလဲ မဖြစ်တော့ ပစ်တိုင်းခံပေါ့လေ။ ဝဋ်ဆိုတာ ဘဝမှ မကူးတာကိုး။ နေအတက်မှာ သေရက်တွေချည်း လာတော့တာကလား။
တရုတ်ကလဲ ကြာကြာတော့ ဆက်ထောက်ပို့လုပ်မယ် မဟုတ်တော့ဘူး။ ခုကို မသာက သန်ကောင်စာရင်း ကောက်သလိုလိုနဲ့ တရုတ် ဆန့်ကျင်ရေး အိမ်ပေါက်စေ့လှည့်ပြောနေတာ။ ဂျပုက ကိုယ်ထိုင်တဲ့ကိုင်း ကိုယ်ခုတ်တဲ့ကောင် ဆိုတာ ဘယ်မသိဘဲ နေမလဲ။ သူ့တိုင်းပြည် သူဖျက်ရုံမက သူ့တပ်သူလဲ သတ်နေတာက သက်သေ။ ဒီလိုကောင် ဘယ်နိုင်ငံက တကယ်မိတ်ဆွေလုပ်ပေါင်းမလဲ။ ဟိုကလဲ သူ့အကွက်နဲ့သူ ရွှေ့တာဘဲ။ ခုတောင် ကျားဖြန့်နဲ့ရောပြီး ရှမ်းမြောက်မှာ စစ်တိုင်းတတိုင်းလုံး ပါသွားတာမဟုတ်လား။ ဂျပုနဲ့ မကျားက နှစ်ယောက်လုံး မချစ်ဘဲပေါင်း၊ နှာခေါင်းပိတ်နမ်း၊ ခါးအောက်စမ်းနေကြတာ။ တိုက်လေယာဉ်တွေ ပို့ထားပြီး မကျားက ပြည်သူကို မျက်နှာမူတယ်လို့ဗြောင်လိမ်သလို ဂျပုကလဲ သန်ကောင်စာရင်းကောက်ရင်း တရုတ်မ မကောင်းဘူး လှည့်ပြောခိုင်းတာဘဲ။ ကွာလတီမမီတဲ့ပစ္စည်းတွေ ဈေးကြီးပေးဝယ်နေရသလို ချေးငွေကလဲ အတိုးတွေ အများကြီးပေးရတာကိုး။ တဖက်သတ် အမြတ်ယူစာချုပ်တွေလဲ အများကြီး ထပ်ချုပ်ပေးနေရတာမဟုတ်လား။ အစဉ်အဆက်ကလဲ တယောက်ကြုတ်ရပါသည်ချည်း ဆိုတော့ကာ တရုတ်လဲ ဘယ်ဘက်ကကြည့်ကြည့် မိတ်ဆွေကောင်း မဟုတ်သလို မင်းအောင်လှိုင်နဲ့ စစ်တပ်ကလဲ ဘယ်ဘက်ကကြည့်ကြည့် ပြည့်သစ္စာဖောက်တွေ။
မင်းအောင်လှိုင်ကတော့ ကြမ္မာငင်လာပြီ။ မတ္တရာမြို့နယ်က သုံးဆယ်ပေးရွာတိုက်ပွဲမှာ ခုနစ်ဆယ်တောင် ပေးလိုက်ရတယ်။ စစ်သား လေးရာလောက်ရှိတာကို အလကား ကြောက်ချေးပန်းပြီး လေတပ် လှမ်းခေါ်တာ ဟိုကောင်တွေက ခေါ်တဲ့အဖွဲ့အပေါ် ရိုးသားစွာ မှားကြဲပေးလိုက်တာလား ဘာလား။ အချင်းချင်းလဲ သွေးရူးသွေးတန်းနဲ့ ပစ်ကြ ခတ်ကြ ဆိုတော့ သုံးဆယ်ပေး တောင်းတာ ခုနစ်ဆယ် ပေးလိုက်တယ်တဲ့။ တောမှောက်တာလား၊ သစ္စာစူးတာလား တခုခုဘဲလေ။ တောမှောက်ရအောင်ကလဲ မှောက်စရာတော မရှိတော့ သစ္စာစူးတာပဲပေါ့။ တိုင်းပြည့်သစ္စာစူး ပြည်သူ့ကျိန်စာ လာပလေ။
လေခွေးကုန် သေသတေး။
ရေခွေးကုန် သေသတေး။
မြေခွေးကုန် သေသတေး။
စစ်ခွေး သေသတေး။
ရဲခွေး သေသတေး။
ပျူခွေး သေသတေး။
တိုင်းပြည် သာယာအေး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar