Breaking News

ခက်ဦး - ငါးခုံးမ


ခက်ဦး - ငါးခုံးမ

(မိုးမခ) နိုဝင်ဘာ ၂၀ ၊ ၂၀၂၄


ရှင်ကျန်ဖို့ အပြင်းရုန်းစေတာလည်း သူ
မသေ့တသေကို မသေစာရင်း သွင်းပေးတာလည်း သူ
သေခြင်းကို သေသတင်း လွှင့်လိုက်တာလည်း သူ
နာမည်အပျက်ခံပြီး ဖောက်ခွဲခဲ့တာလည်း သူ ။

ချန်ခဲ့ရရင်တောင် စားမဝင်ဖို့
အပုပ်ခံခဲ့တာ သူပဲ မဟုတ်လား 
ပုပ်လျက်ကြီးနဲ့ သူ့ခမျာ
တလှေလုံးကို နောက်ဆုံးတိုင်ထိ
ပုတ်နှိုးခဲ့တာပဲ မဟုတ်လား ။

မကဲ့ရဲ့သင့်ဘူး
ကျေးဇူးကို တင်သင့်တာ
မကဲ့ရဲ့ရဘူး
ကျေးဇူးကို တင်နေရမှာ ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar