Breaking News

ကိုအောင်မှိုင်း - ရိုးမ

ကိုအောင်မှိုင်း - ရိုးမ

(မိုမခ) နိုဝင်ဘာ ၂၄ ၊ ၂၀၂၄


တချို့က

အသက်ရှင်လျက်

သေနေကြတယ်။

တချို့က

အသက်သေလျက်

ရှင်နေကြတယ်။

ရိုးမမှာ

အသက်သေလျက်

ရှင်နေသူတွေ

တေးဆိုနေကြဆဲ။

ပန်းတပွင့်ရဲ့

ဒဏ္ဍာရီဟာ

မြစ်တစင်းလို

မကွေ့ကောက်ဘူး။

ရိုးမက

ခြေရာတွေဟာ

တိုးတိုးသက်သာ

စကားနာ ထိုးနေကြလေရဲ့

လွမ်းလိုက်တာကွာ တဲ့။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar