Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငလှိုင် ငလှိုင် တအိုင်အိုင်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငလှိုင် ငလှိုင် တအိုင်အိုင်

(မိုးမခ) နိုဝင်ဘာ ၁၁ ၊ ၂၀၂၄


ငလှိုင်အဖို့ရာမတော့ မဲခေါင်စည်းဝေးမှာ တိုင်းပြည်ကို ဖဲပေါင်ရိုက်ရင်း အရပ်နဲ့မမီတာတွေ လှမ်းလိုက်၊ ပါးစပ်နဲ့ မမီတာတွေ ပွားလိုက်နဲ့ မွှားကိုက်တဲ့ခွေးနာလို ပြေးခါဖို့ကလည်း မဖြစ်၊ ကုတ်ခြစ်ဖို့ကလည်း မမီ တအီအီနဲ့ ဖင်သီနေရတဲ့ဘွ။

မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်မှာ ငလှိုင်က

 “တချိန်တည်းမှာပဲ တီထွင်ဆန်းသစ်မှုများဟာ မိမိနိုင်ငံရဲ့ ရေမြေသဘာဝ၊ ပထဝီအနေအထားတွေနဲ့ ကိုက်ညီဖို့လိုတဲ့အပြင် အစိုးရ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကနဲ့ ဒေသန္တရအစိုးရများ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” လို့ ပါးစပ်ရော အရပ်ရောမမီတာတွေကို တကယ့်ထိပ်တန်းနိုင်ငံကြီးမှာ အမြန်နှုန်းနဲ့ တိုးတက်နေသူတွေရှေ့ ကိုယ်တိုင်မီးတိုက်ထားလို့ ပြာပုံထဲမှာနေတဲ့ကောင်က အူတဲ့အူတဲ့ ဟောင်ပြတော့ ပြုံးကြတာပေါ့။ အဲဒါကို ပေမမီ ဉာဏ်မမီကောင်က သူ့ကို ထောက်ခံတယ်မှတ် လာသမျှ ဝန်ကြီးချုပ်နဲ့ ဇွတ်လက်ဆွဲတွေ့ အမြီးကို မော်တာပတ်ပြီး တရစပ် နှန့်နေတုန်း-

 “အစ်ကိုလှိုင်က နိုင်ငံအတွက် ဝင်ငွေ ဘက်ဂျက်တိုးအောင် စီးပွားရေးတော့ လုပ်တတ်ပါတယ် တစ်သောင်းတန်တွေ ရိုက်ထုတ်ပြီးတော့” ဆိုပြီး ငါးမင်းဆွေက တမျိုးပြီးတမျိုး မရိုးရအောင် ကကဟားရင်း သနားသနားပြတဲ့ အကွက်ကြီး ထဖော်ပါရော။ အဲသမှာ ငါးမင်းဆွေကို အူပွထိပ်သီးငလှိုင့်ထက် အဆငါးရာ စောက်ခွက်ပြောင်ရကောင်းလားဆိုပြီး ငါးမင်းဆွေကနေ ငါးရာ့ငါးမင်းဆွေ ဘွဲ့ပေးလိုက်သတဲ့။

တရုတ်နိုင်ငံရဲ့ ခါးပတ်လမ်းစီမံကိန်း တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံနဲ့ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးလုပ်ငန်းတွေကို တိုးမြှင့်သွားဖို့ အဆင့်သင့်ဖြစ်နေတယ်လို့ တရုတ်ဝန်ကြီးချုပ် မစ္စတာလီချောင်န်က အပင်းနဲ့ ဂျင်း အပြိုင်သွင်းလိုက်လို့ ဖနောင့်သံစူးသလို မြောက်ကြွမြောက်ကြွနဲ့ ထောက်ခွထောက်ခွ ဖြစ်နေတုန်း ခွီတာဆိုတော့ တင်းတာပေါ့။ အစ်ကိုလှိုင်တွေ၊ ညီလေးဆွေတွေ မရတော့ဘူး၊ ဖမ်းပဲ။

တကယ်တော့ တရုတ်က မမဆောင်း။ သူလိုလို ကိုယ်လိုလို နှစ်ခွ ပြောတာရယ်။ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း သံတမန်ရေးရာ မူဝါဒထဲမှာ မြန်မာနဲ့ ဆက်ဆံရေးကို အမြဲတမ်း အရေးပါတဲ့ နေရာမှာ ထားပါတယ်ပေါ့။ ငြိမ်းချမ်းရေးအတွက် သင့်လျော်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကိုသာ ရွေးချယ်မယ်ဆိုရင် မြန်မာနိုင်ငံကို အမြဲတမ်း ပံ့ပိုးကူညီသွားမှာပါလို့ လီချောင်န်က ပြောတာပါ။ သင့်လျော်တဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းဆိုတာ ပေမမီဉာဏ်မမီ တိုင်းပြည်ဖျက်သတ္တဝါအတွက်မဟုတ်ဖူးလေ။ တရုတ်အကျိုးစီးပွားလုံခြုံရေးဟာ ငလှိုင့်အုပ်စုမလုပ်နိုင်မှန်းသိပေမယ့် တရုတ်နိုင်ငံသားတွေ၊ တရုတ်အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ပေးဖို့ တမင်ချည်လွှတ်လိုက်တယ်။ တကယ်က အဲဒါတွေ ဘယ်သူ့လက်ထဲမှာဆိုတာရယ်၊ ဘယ်သူက ဖျက်တတ်တယ်ဆိုတာရယ်ပါ သိပါတယ်။ အဲဒါကြောင့်လဲ လူရှေ့လူ့ရှေ့မှာ ဖျက်တတ်တဲ့ကောင်ကို ကြိုးချည်လိုက်တာပါ။

ဟိုက အဲလို ခွပြီး မမဆောင်းပြော ပြောထားသလို ရွဲ့ထားတာတွေလဲ ရွဲ့မှန်းမသိဘဲ တရုတ်ဝန်ကြီးချုပ်က တရုတ်အစိုးရဘက်က မြန်မာ့ပြည်တွင်းရေး တည်ငြိမ် အေးချမ်းအောင် အိမ်နီးချင်းကောင်းနိုင်ငံတခုအနေနဲ့ ကူညီပေးနေပြီး လက်နက်ကိုင်ပဋိပက္ခတွေကို အကြမ်းဖက်နည်းလမ်းနဲ့ ပြန်မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်အစိုးရဘက်က ဆောင်ရွက်နေတာတွေကို ချီးကျူးခဲ့ပါတယ်ဆိုပြီး အူပွအုပ်စုက ထုတ်ပြန်ထားလိုက်သေးတယ်။ သွေးတစက်စက် ကျနေတဲ့လက်ကို လက်နက်ကိုင်ပဋိပက္ခတွေကို အကြမ်းဖက်နည်းလမ်းနဲ့ ပြန်မဖြေရှင်းဘဲတဲ့၊ ငါးမင်းဆွေ ခွီတာ နည်းတောင်နည်းသေးတယ်။

ဆန်းသစ်တီထွင်မှုဖော်ဆောင်ခြင်းဖြင့် ဖွံဖြိုးတိုးတက်ရေးအတွက် ဘာတွေ ဘယ်လို လုပ်ဆောင်နေပါတယ်ဆိုပြီး မဲခေါင်မှာ ဖြဲဟောင်နေလို့ အဟုတ်မှတ်မနေနဲ့အုံး၊ မဟာသူခိုးကြီးအဖွဲ့ဝင် ၁၃ ဦးပါတဲ့ ကြီးကြပ်ရေးကော်မတီ ဖွဲ့တယ်။ စစ်ဘက်ရေးရာ လုံခြုံရေးရုံးလို့ ခေါ်တဲ့ စစ်ထောက်လှမ်းရေး ခွေးအိုကြီးတွေနဲ့ ဖွဲ့တာပေါ့။ အဲဒါတွေနဲ့ သူခိုးကြီးည အမီဖွဲ့မှတော့ ဘယ်လိုခိုး၊ဘယ်လိုဝှက်၊ ဘယ်လိုထု ဘယ်လိုနှက်မလဲဆိုတာ သိကြရောပေါ့။ ပြည်ပလုပ်သား ပို့ငွေလွှဲရေး စည်းမျဉ်းများ အကောင်အထည်ဖော်ရန်တဲ့။ အဲဒါပဲ အူပွတို့ ငနဲတသိုက်ရဲ့ ဆန်းသစ်တီထွင်မှုဆိုတာ။ အဲလို ပြည်ပထွက် အသက်စွန့် လုပ်ကိုင်သူတွေဆီက ငွေနှိုက်ဖို့ကြံနေတုန်း ဗြုန်းဆို တောင်ကိုရီးယားက NUG တံဆိပ်နဲ့ အခမဲ့သက်တမ်း နှစ်နှစ်တိုးပေးတယ်ဆိုတော့ ငလှိုင့်တို့ တဖွဲ့လုံး ကြောင်ပျောက်။

ခု အိန္ဒိယကလည်း ICWA ကနေ NUGရယ်၊ AAရယ်၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ KIA ရယ်ကိုလည်း ဖိတ်ကြားထားတယ်ဆိုတော့ ဆက်တိုက်လှအုံးမယ်။

အင်း ပုကွဂွတိုငလှိုင်ကတော့ ငါးရာ့ငါးမင်းဆွေ ပြောသလို တသောင်းတန်တွေ ဆက်ရိုက်ထုတ်ဖို့ပဲ ရှိတော့တာပေါ့။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar