Breaking News

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၈)

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၈)

(မိုးမခ) ဒီဇင်ဘာ ၆ ၊ ၂၀၂၄


"The truth is never what it seems."

(အမှန်တရားဟာ ဘယ်တော့မှ ထင်မြင်ထားသလို မဟုတ်ဘူး။)

Richard Sorge (Soviet Spy)


Sun Tzu ရဲ့ The Art of War စစ်ရေးအနုပညာကျမ်းမှာ "The Use of Spies" ကို အခန်း ၁၃ အဖြစ် သီးသန့်ဖော်ပြထားပြီး၊ စစ်ပွဲအောင်မြင်ရေးအတွက် စပိုင်များ (spies) ကို အသုံးပြုရမယ်လို့ အတိ အလင်း ရှင်းလင်းထားတာ တွေ့ရပါတယ်။ 

Sun Tzu အဆိုအရ၊ စပိုင်အသုံးပြုခြင်းဟာ စစ်ပွဲအတွက် အကျိုးပြုတဲ့ သတင်းအချက်အလက်တွေကို ရယူရန် အဓိကဖြစ်ပြီး၊ အနည်းဆုံးစရိတ်နဲ့ အများဆုံး ရလဒ်ကို ရရှိစေတာ ဖြစ်ပါတယ်။ Sun Tzu ရဲ့ စပိုင်လုပ်ငန်းနဲ့ပတ်သက်တဲ့ အယူအဆတွေကို လေ့လာကြည့်ကြရအောင်ဗျာ။

စပိုင် ဆိုတာ ဘာလဲ အဘိဓာန်အမျိုးမျိုးမှာ အနက်ဖွင့်ကြတာ အမျိုးမျိုး တွေ့ရပါတယ်။ ယေဘုယျ တူညီတာကတော့ အခြားနိုင်ငံ အခြားအဖွဲ့အစည်း အခြားစစ်တပ်တခုခုက အချက်အလက်တွေကို လျှို့ဝှက်ထောက်လှမ်းရယူခြင်းလို့ ပြောရမယ် ထင်ပါတယ်။

ဗမာလို ပြောရရင် သူလျှိုလုပ်ခြင်းလို့ ဆိုရင် ရှင်းပါတယ်။

သတင်းပေး Informer စိတ်ဝင်စားသောအဖွဲ့အစည်း (သို့မဟုတ်) တိုင်းပြည်အတွက် ရန်သူ၏ သတင်းအချက်အလက်များကို စုဆောင်းလုပ်ကိုင်သူ လှည့်ဖြားသူ (Deceiver) တိုက်ရိုက်တိုက်ခိုက်ခြင်း မရှိဘဲ သွေးထိုးမှု၊ လှည့်စားမှုများ အသုံးပြုကာ ရန်သူအတွင်း ဝင်ရောက် ဖြိုခွဲ၍ အားနည်းအောင် လုပ်ကိုင်သူ သူလျှို (Secret Agent) စပိုင်တဦးဟာ မည်သူအတွက် အလုပ်လုပ်နေသည်ကို မဖော်ပြဘဲ အမြဲတစေ လျှို့ဝှက်စွာ ဆောင်ရွက်သည့် သူလျှိုစပိုင်၏ အဓိက အရည်အချင်းများ Key Skills of a Spy၊ လျှို့ဝှက်မှုကို ထိန်းသိမ်းနိုင်ခြင်း Confidentiality ကိုယ်ပိုင် ပုဂ္ဂိုလ်ရေးကိစ္စများကို ဖော်ပြခြင်းမပြုဘဲ လျှို့ဝှက်စွာ ဆောင်ရွက်နိုင်ခြင်း၊ တိကျစွာ စွမ်းဆောင်နိုင်ခြင်း Precision မိမိရယူလိုသည့် သတင်းများကို ရှင်းလင်းစွာ နားလည်ပြီး ရန်သူကို မသိသာအောင် ဆောင်ရွက်နိုင်ခြင်း၊ လှည့်စားမှု ကျွမ်းကျင်ခြင်း Deception Skills၊ သတင်းမှားများ၊ လှည့်စားမှုများ၊ ထောင်ချောက်ဆင်ခြင်းများ၊ ကျုံးသွင်းခြင်းများ စတာတွေကို အသုံးပြုပြီး ရန်သူရဲ့ စိတ်ဓာတ်ကို တိုက်ခိုက်နိုင်ခြင်း စပိုင်ရဲ့ သော့ချက်ကျသော တာဝန်များ Key Duties of a Spy ရန်သူတဲ့ အင်အားအခြေအနေ ရုပ်ဝတ္ထုပစ္စည်းများကို သိရှိရန် To be aware of the enemy' strength ရန်သူ၏ စစ်အင်အား၊ စစ်ပစ္စည်း၊ ဌာနချုပ်တည်နေရာ စသည့် စစ်ပွဲဆိုင်ရာလျှို့ဝှက်ချက်တို့ကို သိရှိရန်။

ရန်သူရဲ့ မဟာဗျူဟာကို သိရန် To know the enemy' strategy၊ ရန်သူ၏ လှုပ်ရှားမှုများနှင့် ရည်ရွယ်ချက်များကို ပေါင်းစည်းသုံးသပ်နိုင်ရန်၊ လှည့်စားမှုလုပ်ဆောင်ရန် To deceive ၊ ရန်သူကိုသတင်းမှားပေး၍ မဟာဗျူဟာမြောက် အကျိုးရရှိစေသော နည်းလမ်းအဖြစ် ဆောင်ရွက်ရန်။

စပိုင်အမျိုးအစား ၅ မျိုး

Sun Tzu က သူ့ရဲ့ အနုပညာကျမ်းမှာ စပိုင်တွေကို အမျိုးအစား ၅ မျိုး ခွဲခြားဖော်ပြထားပါတယ်။

၁။ Local Spies (ဒေသခံသူလျှိုများ)

ရန်သူ ဒေသခံများကို စပိုင်အဖြစ် အသုံးချခြင်းဖြင့် ဒေသဆိုင်ရာ သတင်းရရှိနိုင်ပါတယ်။

၂။ Inside Spies (အတွင်းလူ သူလျှိုများ)

ရန်သူစစ်ဌာနများတွင် အလုပ်လုပ်နေသူများကို စပိုင်အဖြစ် အသုံးချခြင်းဖြင့် ရန်သူရဲ့ ရည်မှန်းချက်များကို သိရှိနိုင်ပါတယ်။

၃။ Double Agents (နှစ်ဖက်ချွန် သူလျှိုများ)

ရန်သူ၏ စပိုင်ကို ဖမ်းပြီး မိမိဘက်သို့ ပြောင်းလဲအသုံးချခြင်းဖြင့် ထိရောက်မှုရှိစေနိုင်ပါတယ်။

၄။ Doomed Spies (ဖျက်ဆီးရေး သူလျှိုများ)

ရန်သူကို လှည့်စား၍ ဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်စေနိုင်ပါတယ်။

၅။ Surviving Spies (တာဝန်အောင်မြင်ပြီး ပြန်လည်ရောက်ရှိလာသော သူလျှိုများ)

သတ်မှတ်သည့် သတင်းအချက်အလက်ကို စုဆောင်းပြီး ပြန်လည်ရောက်ရှိသော စပိုင်များ။

စပိုင်အသုံးချမှုနည်းဗျူဟာများ Spying Strategies

 ရန်သူအခြေအနေကို ထိရောက်စွာသိရှိခြင်း

ရန်သူ၏ အင်အားနှင့်အားနည်းချက်များကို စပိုင်များကတစ်ဆင့် သိရှိနိုင်ပါတယ်။

 သတင်းမှားပျံ့နှံ့စေခြင်း

ရန်သူကို အထင်မှားမှုများ ဖန်တီးပြီး ရန်သူ့မဟာဗျူဟာကို အားနည်းစေနိုင်ပါတယ်။

 စစ်ရေးအောင်မြင်မှုကို ပိုမိုမြှင့်တင်ခြင်း

သတင်းမှားကို ရန်သူထဲ ပျံ့နှံ့စေပြီး မိမိအဖွဲ့ အားသာချက်များကို အသုံးချနိုင်ပါတယ်။

စပိုင်အသုံးချခြင်း၏ အကျိုးကျေးဇူး Advantages of using spying

ကုန်ကျစရိတ်နည်းခြင်း

တိုက်ခိုက်မှုမလိုအပ်ဘဲ ရန်သူအကြောင်း သိရှိစေနိုင်ပါတယ်။

စစ်ရေးအနိုင်ရခြင်းကို မြှင့်တင်ခြင်း

သတင်းအချက်အလက် မှန်ကန်မှုသည် မဟာဗျူဟာမှန်ကန်မှုကို အထောက်အကူပြုရန် အရေးပါတယ်။

စစ်ရေးအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ခြင်း

ရန်သူ၏ လှုပ်ရှားမှုများကို ကြိုတင်သိရှိပြီး မိမိသို့ အကျိုးအမြတ်ရစေသော နည်းလမ်းများကို တီထွင်နိုင်ပါတယ်။

စပိုင်အသုံးချမှု၏ ကန့်သတ်ချက်များ Limitations of Spy Use

 စပိုင်များကို အကျိုးရှိစွာ အသုံးပြုရန် သေချာစီစဉ်ရပါမယ်။

 သတင်းမှား၊ သတင်းမှန်ကို ခွဲခြားနိုင်မှုရှိရပါမယ်။

 စပိုင်များ၏ လှုပ်ရှားမှုကို လျှို့ဝှက်စွာ ထိန်းသိမ်းရပါမယ်။

ကမ္ဘာ့သမိုင်းမှာ နာမည်ကြီးသော စပိုင်များ Famous Spies in World Histor

၁။ မာတာဟာရီ Mata Hari ဒတ်ချ် နယ်သာလန် ပထမကမ္ဘာစစ် (WWI)

၂။ အလန် ကျူးရင်း Alan Turing အင်္ဂလိပ် ဒုတိယကမ္ဘာစစ် (WWII)

၃။ နီကိုလိုင် ကုဇနက်ဆိုဖ် (Nikolai Kuznetsov) ရုရှား ဒုတိယကမ္ဘာစစ် (WWII )

၄။ နန်စီဝိတ် (Nancy Wake) ပြင်သစ် ဒုတိယကမ္ဘာစစ် (WWII)

၅။ ဖရန်စစ်စ် ဝို့ဆင်ဟန် (Francis Walsingham) အင်္ဂလန် Queen Elizabeth I ကာလ စပိုင်အဖွဲ့ တည်ထောင်သူ

၆။ ဟိုင်ကွေ့ရှင်း ( Cai Guo-Qiang ) တရုတ် ချင်မင်းဆက်

၇။ ဟာရိရက် တူမန်း ( Harriet Tubman ) အမေရိကန် အမေရိကန်ပြည်တွင်းစစ်

၈။ ဗာဂျီးနီးယား ဟော ( Virginia Hall ) အမေရိကန် ဒုတိယကမ္ဘာစစ် ( WWII )

၉။ ရစ်ချပ် ဆို့ ( Richard Sorge ) ရုရှား ဒုတိယကမ္ဘာစစ် (WWII )

၁၀။ အန်နာ ချပ်မန်း ( Anna Chapman 1982 ) ရုရှား ခေတ်သစ်ထောက်လှမ်းရေး ( Modern Espionage )

ဒီပုဂ္ဂိုလ်တွေဟာ နာမည်ကြီးစပိုင်တွေ စပိုင်ကျောင်း တည်ထောင်သူတွေ စပိုင်လုပ်ပြီး စစ်ရေးတိုက်ခိုက်သူတွေအဖြစ် ကမ္ဘာမှာ ထင်ရှားကြပါတယ်။

ဒီအပိုင်းက ဆွန်ဆုရဲ့ စစ်ရေးအနုပညာကျမ်း နောက်ဆုံးအခန်း ဖြစ်ပါတယ်။ The Art of War စစ် အနုပညာကျမ်းဟာ စာလုံးပေါင်း ၅၆၀၀ သာရှိပြီး အခန်းပေါင်း ၁၃ ခန်းသာ ပါဝင်တဲ့ စာအုပ်ပါးပါး လေးတအုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီစာအုပ်ပါးပါးလေးထဲမှာ ကမ္ဘာတခုလုံးကို လွှမ်းခြုံထားတဲ့ အတွေးအခေါ် အယူအဆတွေကတော့ ပြည့်နှက်နေတယ်လို့ ကျနော် တင်ပြခဲ့ဖူးပါတယ်။ ဒီကျမ်းကို စစ်ရေးသာမက စီးပွားရေး၊ နိုင်ငံရေး စတဲ့ မတူတဲ့ နယ်ပယ်အသီးသီးမှာ ကနေ့ ကိုးကားထုတ်နုတ်သုံးစွဲနေကြတာကတော့ အခိုင်အမာဖြစ်ပါတယ်။ 

နိုင်ငံတိုင်းလိုလိုမှာ တိုက်ရိုက် ဘာသာပြန်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ချစ်နိုင်(စိတ်ပညာ) က ၂၀၀၃ ခုနှစ်မှာ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာကို တိုက်ရိုက်ဘာသာပြန်ခဲ့သလို ၂၀၀၆ ခုနှစ်မှာ ဆရာစံလှိုင်က တရုတ်ဘာသာမှ မြန်မာဘာသာကို တိုက်ရိုက်ဘာသာ ပြန်ဆိုခဲ့ကြတာ တွေ့ရပါတယ်။ နောက်ဆုံး နိုင်ငံတကာမှာ ဘာသာပြန်မှုကတော့ ၂၀၁၂ ခုနှစ်မှာ James Trap ဂျိမ်းထရပ် ဘာသာပြန်ဖြစ်ပါတယ်။ 

နောက်ပိုင်းဘာသာပြန်မှုတွေကတော့ တိုက်ရိုက်ဘာသာပြန်မှုတွေထက် သုတေသနလုပ်မှုတွေ တရုတ်ယဥ်ကျေးမှုလက်ရာတွေကို ဖော်ထုတ်မှုတွေ ဘာသာရပ်ဆိုင်ရာလေ့လာ အသုံးပြုမှုစာတမ်းတွေအဖြစ် သုံးသပ်ချက်တွေ၊ ခွဲခြမ်းစိတ်ဖြာမှုတွေ အကြံပေးမှုတွေနဲ့ ချဥ်းကပ်ကြတာ ဝမ်းမြောက်ဖွယ်တွေ့ရှိရပါတယ်။

၂၀၂၀ ပြည့်နှစ်တွင် Michael Nylan The Art of War ကို ပထမဆုံး အမျိုးသမီးဘာသာပြန်သူတဦး ဖြစ်လာပါတယ်။ သူမရဲ့ ပညာရှင်ဆန်တဲ့ ဘာသာပြန်ချက်တွေဟာ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ များနဲ့ ကဗျာဆရာများ အပါအဝင် နယ်ပယ်အသီးသီးမှ သိမြင်မှုများနဲ့ မူရင်းစာသားများအတွက် ရှင်းလင်းပြတ်သားမှု စတဲ့ အဓိပ္ပာယ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခံခဲ့ရပါတယ်။

Thomas Cleary ရဲ့ ဘာသာပြန်ကတော့ ဆယ်စုနှစ်များစွာ စံထားခံခဲ့ရတဲ့ အလွန်လေးစားဖွယ်ကောင်းတဲ့ ဘာသာပြန်မှု ဖြစ်ခဲ့ပါတယ်။ ဒီဘာသာပြန်မှာ ရှေးဟောင်းတရုတ်ဋီကာ ဆရာတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ပါဝင်ပါတယ်။ သမိုင်းကြောင်းနဲ့ အတွေးအခေါ်ဆိုင်ရာကိစ္စများကို လေးနက်စေပါတယ်။ Cleary ရဲ့ ဘာသာပြန်ဟာ ခေတ်မီစီးပွားရေးလုပ်ငန်းနဲ့ ပုဂ္ဂိုလ်ရေး ပဋိပက္ခဖြေရှင်းရေးအတွက်တွေမှာပါ အသုံးချနိုင်ဖို့ ဗျူဟာတွေအဖြစ် ရေးသားခဲ့ပါတယ်။

The Denma Translation Group ဘာသာပြန်အဖွဲ့ရဲ့ ဘာသာပြန်ကတော့ အတွေးအခေါ်နဲ့ တာအိုအမြင်ကို ချဥ်းကပ်ထားတာကြောင့် Sun Tzu ရဲ့ သွန်သင်ချက်တွေကို နေ့စဉ်ဘဝနှင့် စစ်ဘက်မဟုတ်တဲ့ အကြောင်းအရာများမှာ အသုံးပြုလိုတဲ့ စာဖတ်သူများအတွက် သင့်လျော်စေပါတယ်။

ကျနော့်အနေနဲ့ စစ်အနိုင်တိုက်ရေးအတွက် သဘောတရားရေးအရ ချဥ်ကပ်နိုင်ဖို့ အခန်း ( ၁ ) ကို အပိုင်းပေါင်း ( ၁၈ ) ပိုင်းနဲ့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ အချိန်မအားလပ်တဲ့ကြားက ဆောင်ရွက်ရတာ ဖြစ်လို့ အားနည်းချက်တစုံတရာ ရှိမယ်ဆိုရင် တောင်းပန်လိုပါတယ်။ ကျနော့်အားနည်းချက်သာ ဖြစ်ကြောင်း ဝန်ခံလိုပါတယ်။ အချိန်ရရင် အခန်း ( ၂ ) ကို ဆက်လက်ရေးသားမှာ ဖြစ်ပါတယ်။

တော်လှန်သူအပေါင်း စစ်အနိုင်တိုက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်သစ်ကို တည်ထောင်နိုင်ကြပါ စေလို့ အလေးအနက် ဆန္ဒပြုလိုက်ပါတယ်။

👉 ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar