Breaking News

ခိုင်မျိုး - ရွာထဲမှာ

Art - Aung Htet 
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၅


လုံခြုံနွေးထွေးသောနေ့ထဲမှာ
လူဘယ်မျှပျော်ရွှင်ခွင့်ရနေကြပြီလဲ
မေခွန်းဟာနေ့တိုင်းအိပ်မပျော်တဲ့
လူမမာလိုကျုံလှီဖျော့တော့လွန်းတယ်
ကျုးကျော်တဲများထဲမှာ
မြို့တော်လမ်းမကြီးပေါ်မှာ
ပွင့်နေတဲ့တီဗီပေါ်မှာ
စစ်ကျမ်းကျေတဲ့မြေခွေးတွေ
အသားတုံးကိုစားနေကြတယ်
အိပ်မက်ကိုမုဒိမ်းကျင့်ခံရပြီး
အနာဂတ်ကိုလုယက်ခံလိုက်ရမှုတွေ
နေရာအနှံဖြစ်ပွားနေပြီး
မကျေနပ်စိတ်နဲ့ငါဟာ
နာရီဝက် တစ်နာရီကြာအောင်စောင့်ရတဲ့
လိုင်းကားတစီးပေါ်
ခုန်တက်လိုက်တယ်
ကားပေါ်မှာ သူကငါ့ကို မသင်္ကာ
ငါက သူ့ကိုမယုံကြည်တဲ့ မျက်လုံးတွေအပြည့် 
 -
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar