ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ညိုမြလေး မုဒိမ်းကျင့်ခံရခြင်း
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ညိုမြလေး မုဒိမ်းကျင့်ခံရခြင်း
(မိုးမခ) ဇန်နဝါရီ ၂၆ ၊ ၂၀၂၅
ဒီရက်ပိုင်း တော်တော်အဆီအငေါ်မတည့်တဲ့ဟာ တခုကတော့ မင်းအောင်လှိုင်က ပွဲတွေ ဇွတ်ဖန်တီးပြီးတော့ ပေါက်ကရမိန့်ခွန်းတွေ ပြောနေတာရယ်၊ နိုင်ငံရေးပါတီ ထောင်တဲ့သူက စစ်မှုထမ်းတိုးခေါ်ဖို့ တောင်းဆိုတာရယ် ဒီနှစ်ခုကတော့ တော်တော့်ကို မထော်မနန်း ခွေးသေးပန်းကိစ္စပဲ။
ဒေါက်တာအေးမောင်ရုပ်နဲ့ မင်းအောင်လှိုင်ရုပ်ကလည်း ပြောင်တောင်ကြက်တက်၊ ဟိုနိုင်ငံရေးပါတီတွေကိုယ်စားပြုပြီးတော့ ပွဲတက်နေတဲ့ ကိုကိုကြီးဆိုတဲ့ကောင်ကလည်း ကြက်တက်ကြောင်တောင်။ ဒီရက်ပိုင်းတော့ အဲဒီထိုးထိုးထောင်ထောင်တွေနဲ့ကို အာရုံနောက်နေရတာပဲ။
အမယ်၊ မအလကလည်း တွေ့သမျှနေရာမှာသာပေါက်ကရ လျှောက်ပြောနေတာ။ ဟိုး တရုတ် အဖေခေါ်ပြီးတော့ MNDAA နဲ့ လုပ်ထားတဲ့ ဆွေးနွေးချက်ကျတော့ ထုတ်ပြန်မပြောရဲဘူး။ သူလိုချင်တာလည်း ဘာမှမရ ၊ ရှိတဲ့တံခါးတွေပါ ဖွင့်ပေးလိုက်ရတော့ သူ့ကောင်တွေလည်း ကိုင်းဖြဲ ဝိုင်းဆဲနေတယ်ဆိုတော့ ဘာမှ ထုတ်မပြောရဲဘူး။ ဘာမှထုတ်မပြောရဲပုံထောက်တော့ အခြေအနေကတော့ မကောင်းဘူးပေါ့လေ။
တရုတ်လုပ် ငြိမ်းချမ်းရေးစကာ ပွဲပြီးတဲ့နောက် လားရှိုးက တရုတ်မြို့လိုဖြစ်သွားတော့ အသံမထွက်ရဲတော့ဘူး။ လားရှိုးမှာ တရုတ်နှစ်သစ်ကူးကို တလကြာအောင်လုပ်မတဲ့။ အဲလိုဆိုတော့ သူ ဘာမှ သတင်းမထုတ်ပြန်ရဲဘူးပေါ့လေ၊ သူ့ဘက်က ခွက်ခွက်လန်အရှုံးကိုး။ တရုတ်က သူ့ဘက်ကို မပါသလိုဖြစ်လာလို့လား မသိဘူး။ တရုတ်လုပ်ပေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ သတင်းမထုတ်ပြန်ဘဲနဲ့ ထရမ့် ယိုထားတဲ့ ချေးပုံကို လှမ်းဟပ်တယ်။ ထရမ့်လက်ထက်မှာ အမေရိကန်နဲ့ ဆက်ဆံရေး ပြေလည်ချင်တယ်တွေ ဘာတွေပေါ့လေ သူက လှမ်းပြီးတော့ လုပ်တာ။ သူက တရုတ်ကြီးရဲ့ ဖနောင့်ကို သေးနဲ့သွားပန်းဖို့ ကြံတာပေါ့လေ။
ဒီရက်ပိုင်းမှာ ထပ်ပြီးတော့ မျက်စိနောက်၊ နားကလော်ဖြစ်တဲ့ အကြောင်းတခုကတော့ ကျားဖြန့်နှိမ်နင်းရေးကိစ္စပဲ။
ကျားဖြန့်ကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းကြမယ်၊ ထိုင်းကလည်း နှိမ်နင်းမယ်၊ ဟိုး..တရုတ်ကလည်း နှိမ်နင်းမယ်၊ အာဆီယံနိုင်ငံတွေကလည်း နှိမ်နင်းအုံးမယ်၊ နောက် BGF ကလည်း နှိမ်နင်းမယ်၊ KNU ကလည်း နှိမ်နင်းမယ်၊ အမယ် NUG တောင် နှိမ်နင်းမယ့်ထဲ ပါလာတယ်။ နှိမ်နင်းမယ်လို့ ပြောတဲ့သူတွေ ကြည့်ပြီးတော့ ဘာနားကလော်တာလဲဆိုရင် တရုတ်တွေကကျားဖြန့်လုပ်၊ စကစနဲ့ BGF က ပူးတွဲစောင့်ရှောက်လက်ခံ၊ ထိုင်းက အင်တာနက်ရော၊ ရေရော၊ မီးရော၊ စားစရာရော အစုံပို့ပြီး ကျားချင်တိုင် းကျား ဖြန့်ချင်တိုင်း ဖြန့်ကြ။ KNU အကြီးအပိုင်းတချို့လည်း ငြိသလိုလို၊ ရှုပ်ထားသလိုလို ဆိုတဲ့ဟာတွေကလည်း ပြောနေ ဆိုနေကြ ပါသလောက် ပါနေကြ၊ လက်ခံဆောက်လုပ်ထားကြတဲ့ ကျားဖြန့်ကြီးကို အခု နှိမ်နင်းမယ်လို့ ပြောတဲ့သူတွေအားလုံးက လုပ်တဲ့သူတွေ ဖြစ်နေတာလေ။ အဲဒီတခုကလည်း တော်တော်နားကလော်စရာ ဖြစ်နေတယ်။ လုပ်တဲ့သူနဲ့ နှိမ်နင်းတဲ့သူက တူနေတော့ ဘာကြီးလဲပေါ့။ နောက်ဆုံး အလုပ်မရှိလို့ လာလုပ်ကြတဲ့ သာမန်သူတွေဘဲ ထိုးကြွေးခံရမယ့်သဘော ဖြစ်နေတယ်။ တရားခံတွေကပဲ။ ရဲရော တရားလိုရော၊ တရားသူကြီးကော လုပ်တော့မှာမဟုတ်လား။
ဟို တိုတိုဂျီး အဲလေ ကိုကိုကြီးကတော့ သူ့ကို စစ်အုပ်စုက ဖျင်ချလိုက်တယ်ပေါ့လေ၊ ဒင်ကလည်း အကြီးကြီးပေါ့။ ဒီကောင်တွေက ဆေးယဉ်ပိုးတန်းလန်းနဲ့ကို ကွန်ဒုံးလဲမပါဘူးပေါ့။ မနည်းကို ကော့နေအောင် ခံခဲ့ရတယ်ပေါ့လေ။ သူ အဲဒါကို အခု ထွက်ပြောပြနေတယ်။
စစ်သား စုဆောင်းတာတိုးချဲ့ဖို့ကို နိုင်ငံရေးအစုအဖွဲ့တွေက ပြောတယ်ဆိုတာ မဟုတ်ဘဲနဲ့ ဟိုကောင်တွေက သတင်းလုပ်ကြံတယ်ပေါ့လေ။ ဒါပေမဲ့ အဲဒါကိုလည်း တိတိလင်းလင်းနဲ့ သူ့ခမျာ မငြင်းရဲသလို တော်ပြီ၊ နောက်တခါ မတွေ့တော့ဘူးလို့လဲ မပြောဘူးပေါ့နော်။ အဲဒီလို သဘောထားကို မထောက်ခံဘူးလို့လည်း ရှင်းရှင်းမပြောရဲရှာဘူး။ ပြန်လဲ တွေ့ချင်သေးတယ်ဆိုတော့ သူ မမြင်ဝင်းဆင်ဒရုမ်း ဖြစ်နေတာပေါ့လေ။ မမြဝင်းဆင်ဒရုမ်း ဆိုတာ ကိုယ့်ကို မုဒိမ်းကျင့်သွားတဲ့ကောင်ကို ပြန်သတိရ တမ်းတနေတဲ့ရောဂါပေါ့။
ဒီစစ်အုပ်စု ဘယ်လောက် ယုတ်ကန်းတယ် ဆိုတာ သူ အသိဆုံး။ အဲဒီလို ယုတ်ကန်းတဲ့ ကောင်တွေဆီကနေ အမှန်တရားတို့၊ တရားမျှတမှုတို့၊ ကောင်းမွန်တဲ့ စိတ်သဘောထားတို့ ထွက်လာမယ့် ပုံသဏ္ဌာန်မျိုးနဲ့ သူတို့က သွားဆက်ဆံတယ်။ အခု ဟိုက အစိမ်းလိုက် ချထည့်လိုက်တော့ အားပါးပါးပေါ့၊ အားလားလား သူ လုပ်နေတယ်။ အမှန်က သူက ညိုမြသွားလုပ်တာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar